ရေစကြိုရေလယ်ကျွန်းတွင် စစ်အုပ်စုအထိုင်စခန်းအား မဟာမိတ်တပ်များဝင်တိုက်ရာ စစ်ကြောင်းမှူး အပါအဝင် ၂၀ခန့်သေဟုဆို
ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းကို မဟာမိတ်အဖွဲ့ (၂၇)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကြောင်းမှူး အရာရှိတစ်ဦးအပါအဝင် ၂၀ခန့် သေဆုံးနိုင်ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များက သတင်းထုတ်ပြန် သည်။
သြဂုတ် ၂၄ ရက် နံနက် ၅နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတွင် တစ်လကြာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျုများ၏ အထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၂၀အတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မဟာမိတ်ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအုပ်စုဘက်က စစ်ကြောင်းမှူးအရာရှိတစ်ဦးအပါအဝင် ၂၁ ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးခန့်ရှိကြောင်း Shwe Lal Kyun LPDFက အသိပေးသည်။
မဟာမိတ်တပ်ဖွဲ့များဘက်က ပြည်သူ့ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့များက အသိပေးသည်။
ယနေ့စစ်ဆင်ရေးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force)၊ မြင်းခြံခရိုင်တပ်ရင်း – ၂ (PDF-Taloke၊ MGN Tiger၊ MGN Ranger၊
Myingyan Twenty One Guerilla Force)၊မြင်းခြံခရိုင် တပ်ရင်း – ၃ (မြေလတ် PDFT ၊TTAပြောက်ကျားတပ်၊ 7 People’s Defense Force၊)၊ မြင်းခြံခရိုင်တပ်ရင်း – ၅ (MGN 35၊ MG 6 ပြောက်ကျားတပ်)၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၄ (MSPDF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF၊ ဒေါင်းညီနောင် PDF၊ YLK ပြောက်ကျားတပ်၊ ဗိုလ် ၆၀ ပြောက်ကျားတပ်၊ Farmer Defense Force၊ Young Fighters PDF၊ ရဲဘော်ညီနောင် PDF၊ ကျေးရွာတပ်ပေါင်းစု – မြောင်၊ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊
People’s Defense Force Mandalay -MDY PDF၊ YSO. ISA၊ Wolf Brothers၊ Myaung Fighters၊ Justice Revolution Force၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ Yesagyo PDF၊ Thwaythauk Revolution Force ၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့
စသည့် မဟာမိတ်တပ်ဖွဲ့ (၂၇) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မင်းရွာရှိ အကြမ်းဖက်စစ်အုပ်စုသည် သြဂုတ်အတွင်းတွင် ရေလယ်ကျွန်းရှိ ကျေးရွာနှစ်ရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သြဂုတ် ၂၃ရက်ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများက ပြောသည်။
(စစ်ဆင်ရေးသွားရောက်နေသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ – Shwe Lal Kyun PDF)
Zawgyi(version)
ေရစႀကိဳေရလယ္ကြၽန္းတြင္ စစ္အုပ္စုအထိုင္စခန္းအား မဟာမိတ္တပ္မ်ားဝင္တိုက္ရာ စစ္ေၾကာင္းမႉး အပါအဝင္ ၂၀ခန႔္ေသဟုဆို
ဟာနာဆန္/People’s Spring
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းေဒသ၊ မင္း႐ြာရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ပ်ဴေစာထီးစခန္းကို မဟာမိတ္အဖြဲ႕ (၂၇)ဖြဲ႕ ပူးေပါင္းတိုက္ခိုက္ရာ စစ္ေၾကာင္းမႉး အရာရွိတစ္ဦးအပါအဝင္ ၂၀ခန႔္ ေသဆုံးနိုင္ေၾကာင္း ေဒသတြင္းမဟာမိတ္တပ္ဖြဲ႕မ်ားက သတင္းထုတ္ျပန္ သည္။
ၾသဂုတ္ ၂၄ ရက္ နံနက္ ၅နာရီခြဲခန့္က ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းေဒသရွိ မင္း႐ြာေက်း႐ြာတြင္ တစ္လၾကာ တပ္စြဲထားေသာ အၾကမ္းဖက္စစ္တပ္ႏွင့္ ပ်ဳမ်ား၏ အထိုင္စခန္းကို မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕က အနီးကပ္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခ်ိန္ မိနစ္ ၂၀အတြင္း မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕မ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္ကလည္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း သိန္းငွက္ေျပာက္က်ားတပ္ဖြဲ႕(ေရစႀကိဳ)၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
မဟာမိတ္ရဲေဘာ္မ်ား၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီအုပ္စုဘက္က စစ္ေၾကာင္းမႉးအရာရွိတစ္ဦးအပါအဝင္ ၂၁ ဦးခန့္ ေသဆုံးနိုင္ၿပီး ဒဏ္ရာရရွိသူ ၁၂ ဦးခန့္ရွိေၾကာင္း Shwe Lal Kyun LPDFက အသိေပးသည္။
မဟာမိတ္တပ္ဖြဲ႕မ်ားဘက္က ျပည္သူ႕ရဲေဘာ္ ၆ဦး ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိခဲ့ၿပီး ေအာင္ျမင္စြာ ျပန္လည္ဆုတ္ခြာနိုင္ခဲ့သည္ဟု ၎အဖြဲ႕မ်ားက အသိေပးသည္။
ယေန႕စစ္ဆင္ေရးကို သိန္းငွက္ေျပာက္က်ားတပ္ဖြဲ႕(ေရစႀကိဳ)၊ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ – ေရစႀကိဳၿမိဳ႕နယ္(ပကဖ)၊ ျမင္းၿခံခရိုင္တပ္ရင္း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force)၊ ျမင္းၿခံခရိုင္တပ္ရင္း – ၂ (PDF-Taloke၊ MGN Tiger၊ MGN Ranger၊
Myingyan Twenty One Guerilla Force)၊ျမင္းၿခံခရိုင္ တပ္ရင္း – ၃ (ေျမလတ္ PDFT ၊TTAေျပာက္က်ားတပ္၊ 7 People’s Defense Force၊)၊ ျမင္းၿခံခရိုင္တပ္ရင္း – ၅ (MGN 35၊ MG 6 ေျပာက္က်ားတပ္)၊ စစ္ကိုင္းခရိုင္တပ္ရင္း – ၄ (MSPDF)၊ Phoenix အထူးေျပာက္က်ားတပ္ဖြဲ႕၊ Shwe Lal Kyun LPDF၊ ေဒါင္းညီေနာင္ PDF၊ YLK ေျပာက္က်ားတပ္၊ ဗိုလ္ ၆၀ ေျပာက္က်ားတပ္၊ Farmer Defense Force၊ Young Fighters PDF၊ ရဲေဘာ္ညီေနာင္ PDF၊ ေက်း႐ြာတပ္ေပါင္းစု – ေျမာင္၊ေရလယ္ကြၽန္းေဒသျပည္သူ႕ကာကြယ္ေရးတပ္ေပါင္းစုတပ္ရင္း၊
People’s Defense Force Mandalay -MDY PDF၊ YSO. ISA၊ Wolf Brothers၊ Myaung Fighters၊ Justice Revolution Force၊ Myingyan MGK ေျပာက္က်ားတပ္ဖြဲ႕၊ Yesagyo PDF၊ Thwaythauk Revolution Force ၊ K.N.T ေျပာက္က်ားတပ္ဖြဲ႕၊ နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕
စသည့္ မဟာမိတ္တပ္ဖြဲ႕ (၂၇) ဖြဲ႕က ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း ၎အဖြဲ႕မ်ားက အသိေပးသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေဒသတြင္းမဟာမိတ္အဖြဲ႕မ်ားထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။ ထိခိုက္ေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ People’s Springက ထပ္မံအတည္ျပဳနိုင္ျခင္းမရွိေသးေပ။
မင္း႐ြာရွိ အၾကမ္းဖက္စစ္အုပ္စုသည္ ၾသဂုတ္အတြင္းတြင္ ေရလယ္ကြၽန္းရွိ ေက်း႐ြာႏွစ္႐ြာအား ႐ြာလုံးကြၽတ္မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း၊ ၾသဂုတ္ ၂၃ရက္ကလည္း ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခံခဲ့ရေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
(စစ္ဆင္ေရးသြားေရာက္ေနသည့္ ေဒသတြင္း ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ဝင္မ်ားအား ေတြ႕ရစဥ္။ဓာတ္ပုံ – Shwe Lal Kyun PDF)