ကိုယ့်စရိတ်နဲ့ကို သွားတော့လည်း တစ်မျိုးကောင်းပါတယ် ပြည်သူတွေစိတ်ချမ်းသာတာပေါ့…see more

ကျိုင်းတုံတွင် ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး အမြှောက်တပ် ၃၉၀ မှ ဗိုလ်မှူး ဝေယံစိုးမိုး သေဆုံး

ရန်ကုန်၊
ဩဂုတ် ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် အမြှောက်တပ် အမှတ် ၃၉၀ မှ ဗိုလ်မှူးဝေယံစိုးမိုး ဆိုင်ကယ် မတော်တဆမှုဖြင့် သေဆုံးသွားကြောင်း ကျိုင်းတုံမြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးဝေယံစိုးမိုးသည် ဆိုင်ကယ် မတော်တဆမှုဖြင့် သေဆုံးခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း၊ ကျိုင်းတုံမြို့ခံ ပရဟိတအဖွဲ့ဖြစ်သည့် နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်း နာရေးကူညီ ချပေးခဲ့ကြောင်း သိရှိရသည်။

ကျိုင်းတုံဒေသခံ ပရဟိတအသင်း၏ နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းက ကျန်ရစ်သူမိ သားစု၏ အကူအညီတောင်းခံမှုအရ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဗိုလ်မှူးဝေယံစိုးမိုး၏ နာရေးကို ကူညီချထားပေးခဲ့ကြောင်း၊ ဗိုလ်မှူးဝေယံစိုးမိုး၏ ရုပ်အလောင်းကို ၃/၃၀၀ရင်ခွဲရုံမှ ဟွေဖြန်းသုဿန်သို့ကောင်းမွန်စွာ‌မီးသဂြိုလ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဩဂုတ်လ ၂၄ ရက်နေ့ ဗိုလ်မှူးဝေယံစိုးမိုး၏ နာရေးမြင်ကွင်းများ။

Zawgyi(version)

က်ိဳင္းတုံတြင္ ဆိုင္ကယ္ မေတာ္တဆမႈျဖစ္ၿပီး အျမႇောက္တပ္ ၃၉၀ မွ ဗိုလ္မႉး ေဝယံစိုးမိုး ေသဆုံး

ရန္ကုန္၊
ဩဂုတ္ ၂၆

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္တြင္ အျမႇောက္တပ္ အမွတ္ ၃၉၀ မွ ဗိုလ္မႉးေဝယံစိုးမိုး ဆိုင္ကယ္ မေတာ္တဆမႈျဖင့္ ေသဆုံးသြားေၾကာင္း က်ိဳင္းတုံၿမိဳ႕ခံတခ်ိဳ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ဗိုလ္မႉးေဝယံစိုးမိုးသည္ ဆိုင္ကယ္ မေတာ္တဆမႈျဖင့္ ေသဆုံးခဲ့ၿပီး ဩဂုတ္လ ၂၄ ရက္ေန႕တြင္ သၿဂိဳလ္ခဲ့ေၾကာင္း၊ က်ိဳင္းတုံၿမိဳ႕ခံ ပရဟိတအဖြဲ႕ျဖစ္သည့္ ႏွလုံးလွပိုင္ရွင္မ်ားလူမႈကူညီေရးအသင္း နာေရးကူညီ ခ်ေပးခဲ့ေၾကာင္း သိရွိရသည္။

က်ိဳင္းတုံေဒသခံ ပရဟိတအသင္း၏ ႏွလုံးလွပိုင္ရွင္မ်ားလူမႈကူညီေရးအသင္းက က်န္ရစ္သူမိ သားစု၏ အကူအညီေတာင္းခံမႈအရ ဩဂုတ္လ ၂၄ ရက္ေန႕ မြန္းလြဲ ၁ နာရီတြင္ ဗိုလ္မႉးေဝယံစိုးမိုး၏ နာေရးကို ကူညီခ်ထားေပးခဲ့ေၾကာင္း၊ ဗိုလ္မႉးေဝယံစိုးမိုး၏ ႐ုပ္အေလာင္းကို ၃/၃၀၀ရင္ခြဲ႐ုံမွ ေဟြျဖန္းသုႆန္သို႔ေကာင္းမြန္စြာမီးသၿဂိဳလ္ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ဓာတ္ပုံ- ဩဂုတ္လ ၂၄ ရက္ေန႕ ဗိုလ္မႉးေဝယံစိုးမိုး၏ နာေရးျမင္ကြင္းမ်ား။