သူ့ကို Blockထားတဲ့ ခင်လှိုင်ကို Public မှာဒဲ့ပြောလိုက်တဲ့ မင်းမော်ကွန်း

“ဒီပွဲကဆရာတပည့် မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းမရှိဘူးဗျ အမှန်တရားနဲ့ ရန်သူပဲရှိတယ်” ဆိုပြီး သူ့ကို Block ထားတဲ့ ခင်လှိုင်ကို စာရေးပြီးပြောပြလာတဲ့ ပြည်သူ့အချစ်တော် မင်းမော်ကွန်း…


ပရိတ်သတ်ကြီးရေသရုပ်ဆောင်မင်းမော်ကွန်းကတော့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။


သူကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်နော်။

ယနေ့မှာတော့မင်းသားကြီးမင်းမော်ကွန်းကသရုပ်ဆောင်ခင်လှိုင်ကိုဒဲ့ဆူလာပါတယ်၊အကို ခင်လှိုင်ရေကျွန်တော်တို့တွေသည်အရင်းနှီးဆုံးမိတ်ဆွေတွေပါခင်မျာကျွန်တော်မင်းသားစဖြစ်ထဲကအကိုတို့အားကိုယူပြီးကျွန်တော်ဖြစ်တည်ပါတယ်ဒီထက်ပိုရင်အငြိမ့်တွေမှာအကို့သင်ကြားမှုတွေသိပ်ကောင်းသိပ်စေတနာပါလို့ကျွန်တော့်ဆရာတစ်ယောက်အဖြစ်အမြဲတန်းအလေးထားတာပါဒီထက်ပိုပိုလေးစားရတဲ့ကျေးဇူးတင်တန်ဖိုးထားရတဲ့အချက်က၂၀၂၁ အရေးတော်ပုံမှာအကိုတို့မိသားစုလိုက်ပါဝင်ခဲ့တာကိုပါကျွန်တော်မှတ်မိနေဆဲအိမ်မက်တွေတိုင်းမှာပြန်တွေ့နေဆဲပါခင်မျာ အကိုတို့တိမ်းရှောင်နေရတဲ့အချိန်အကို့သမီးလေးနဲ့ရောအကိုနဲ့ရောခဏအဆက်အသွယ်ရတယ် ခံဝန်ထိုးတာဖြစ်သင့်ပါတယ်လို့

ကျွန်တော်ပါးစပ်ကပြောပါတယ်အကိုတို့အကျပ်အတည်းတွေဖြစ်မှာစိုးရိမ်မိလို့ပါဒါပေမယ့်ကိုခင်လှိုင်ရေခင်များမှာစီးပွားရေးတွေအများကြီးရှိနေသားနဲ့ခုလို online live တွေလုပ်ဈေးရောင်းနေတာဘာလို့ပါလဲ တကယ်ငါတ်နေတဲ့သက်ကြီးလူရွှင်တော်ကြီးများကိုလူချောများခေါ် လူကြမ်းသရုပ်ဆောင်များ ဇတ်ပို့ဇတ်ရန်များ လုပ်ရင်ကျွန်တော်အပြစ်မပြောပါဒီစကားတွေက private ပြောရမှာပါ ကျွန်တော့်ကို block ထားတဲ့အတွက်Public ကနေပဲပြောပါတယ်ဒီပွဲကဆရာတပည့် မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းမရှိဘူးဗျ အမှန်တရားနဲ့ ရန်သူပဲရှိတယ်ဆိုပြရေးသားလာပါတယ်။

crd

Zawgyi(version)





crd