တရုတ်ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီသယ်ကားတွေကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်ရဲ ရှစ်ယောက်ကို မိုင်းဆွဲခံရပြီး…see more

ကြေးနီသယ်ကားတွေကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်ရဲ ရှစ်ယောက်ကို မိုင်းဆွဲ၊ သုံးယောက် သေဟုဆို၊

MFP၊ သြဂုတ် – ၂၅

တရုတ်ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီသယ်ထုတ်မယ့် ကားတန်းကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်တပ် လက်အောက်ခံ ရဲရှစ်ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးယောက် သေတယ်လို ယင်းမာပင်အခြေစိုက် Regional Friend Fighters (RFF)က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၂၅)ရက် မနက်(၉)နာရီက ယင်းမာပင် ရွှေတောင်ဦး တပ်ကျိုးကုန်းနှင့် ရဲတပ်ရင်း(၂၈)က ထွက်လာတဲ့ ဖက်ဆစ်တပ်ရဲ့ ရဲရှစ်ယောက်က ပုသိမ်-မုံရွာလမ်း၊ မြောက်ယမားတံတားနှင့် ရဲတပ်ရင်း(၂၈) ကြားက မိုင်းကွင်းထဲဝင်လာပြီး မိုင်းရှင်းဖို့ ကြိုးစားနေချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်တပ်ရဲ့ ရဲရှစ်ယောက် မိုင်းထိပြီး သုံးယောက်သေကာ ကျန်ရဲတွေလည်း ဒဏ်ရာရ သွားတယ်လို RFF က ထုတ်ပြန်ပါတယ်။

“ရခ သုံးကောင် နေရာမှာပဲ သေတယ်ဗျ။ တပ်ရင်း (၂၈) နဲ့ မြောက်ယမား တံတားကြားမှာ တိုက်ခိုက်လိုက်တာပါဗျ” လို့ RFF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို RFF နှင့် Yinmarbin Fighter Brotherhood Guerrilla Army တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် ဖက်ဆစ်တပ်က အနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကား ပစ်ခတ် နေတယ်လို့ အထက်ပါ ရဲဘော်က ရှင်းပြပါတယ်။

ဆားလင်းကြီးနယ် ပုသိမ်-မုံရွာ လမ်းတလျှောက်နှင့် တရုတ်ဝမ်ပေါင် စက်ရုံဘက် သွားမယ့် လမ်းပိုင်းတွေမှာ ဖက်ဆစ်တပ်က ကားကြီးနှစ်စီးနဲ့ ကင်းပုန်းချကာ လုံခြုံရေးယူထားပြီး ဒီကနေ့ နေ့လည် (၁၂)နာရီကျော်က စတင်ကာ ကြေးနီတွေ သယ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီသယ် ကားတစ်စီး/Photo – CJ

Zawgyi(version)

ေၾကးနီသယ္ကားေတြကို ကင္းေစာင့္ေပးေနတဲ့ ဖက္ဆစ္ရဲ ရွစ္ေယာက္ကို မိုင္းဆြဲ၊ သုံးေယာက္ ေသဟုဆို၊

MFP၊ ၾသဂုတ္ – ၂၅

တ႐ုတ္ဝမ္ေပါင္ကုမၸဏီကေန ေၾကးနီသယ္ထုတ္မယ့္ ကားတန္းကို ကင္းေစာင့္ေပးေနတဲ့ ဖက္ဆစ္တပ္ လက္ေအာက္ခံ ရဲရွစ္ေယာက္ကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ သုံးေယာက္ ေသတယ္လို ယင္းမာပင္အေျခစိုက္ Regional Friend Fighters (RFF)က သတင္း ထုတ္ျပန္ပါတယ္။

ဒီကေန႕ ၾသဂုတ္(၂၅)ရက္ မနက္(၉)နာရီက ယင္းမာပင္ ေ႐ႊေတာင္ဦး တပ္က်ိဳးကုန္းႏွင့္ ရဲတပ္ရင္း(၂၈)က ထြက္လာတဲ့ ဖက္ဆစ္တပ္ရဲ႕ ရဲရွစ္ေယာက္က ပုသိမ္-မုံ႐ြာလမ္း၊ ေျမာက္ယမားတံတားႏွင့္ ရဲတပ္ရင္း(၂၈) ၾကားက မိုင္းကြင္းထဲဝင္လာၿပီး မိုင္းရွင္းဖို႔ ႀကိဳးစားေနခ်ိန္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

ဖက္ဆစ္တပ္ရဲ႕ ရဲရွစ္ေယာက္ မိုင္းထိၿပီး သုံးေယာက္ေသကာ က်န္ရဲေတြလည္း ဒဏ္ရာရ သြားတယ္လို RFF က ထုတ္ျပန္ပါတယ္။

“ရခ သုံးေကာင္ ေနရာမွာပဲ ေသတယ္ဗ်။ တပ္ရင္း (၂၈) နဲ႕ ေျမာက္ယမား တံတားၾကားမွာ တိုက္ခိုက္လိုက္တာပါဗ်” လို႔ RFF တပ္ဖြဲ႕ဝင္ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးက MFP ကို ေျပာပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို RFF ႏွင့္ Yinmarbin Fighter Brotherhood Guerrilla Army တို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး ေတာ္လွန္ေရး ရဲေဘာ္ေတြ အထိအခိုက္မရွိ ဆုတ္ခြာနိုင္ခဲ့တယ္လို ဆိုပါတယ္။

မိုင္းဆြဲခံရၿပီးေနာက္ ဖက္ဆစ္တပ္က အနီးဝန္းက်င္ကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႕ ရမ္းကား ပစ္ခတ္ ေနတယ္လို႔ အထက္ပါ ရဲေဘာ္က ရွင္းျပပါတယ္။

ဆားလင္းႀကီးနယ္ ပုသိမ္-မုံ႐ြာ လမ္းတေလွ်ာက္ႏွင့္ တ႐ုတ္ဝမ္ေပါင္ စက္႐ုံဘက္ သြားမယ့္ လမ္းပိုင္းေတြမွာ ဖက္ဆစ္တပ္က ကားႀကီးႏွစ္စီးနဲ႕ ကင္းပုန္းခ်ကာ လုံၿခဳံေရးယူထားၿပီး ဒီကေန႕ ေန႕လည္ (၁၂)နာရီေက်ာ္က စတင္ကာ ေၾကးနီေတြ သယ္ထုတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တ႐ုတ္ဝမ္ေပါင္ ကုမၸဏီရဲ႕ ေၾကးနီသယ္ ကားတစ္စီး/Photo CJ