စစ်ကိုင်းနဲ့ မကွေးမှာ နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် ၈၀ ကျော် ‌အသတ်ခံရ…see more

စစ်ကိုင်းနဲ့ မကွေးမှာ နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် ၈၀ ကျော် ‌အသတ်ခံရ
~~~~~
■ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်၊ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၁၅ ရက်နေ့အထိ နှစ်လအတွင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင် ၈၁ ဦး ပစ်သတ်ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ၁၃ ဦး၊ ရွှေဘိုမြို့နယ်မှာ ၁၁ ဦး၊ ပုလဲမြို့နယ်မှာ ရှစ်ဦး၊ ယင်းမာပင်မြို့နယ်မှာ ငါးဦး၊ ကလေးမြို့နယ်မှာ ခြောက်ဦး၊ ကောလင်းမြို့နယ်မှာ သုံးဦး၊ ခင်ဦးမြို့နယ်မှာ နှစ်ဦး၊ ချောင်းဦး၊ ဘုတလင်၊ ကသာ၊ ကနီ၊ မုံရွာနဲ့ မင်းကင်းမြို့နယ်တို့မှာ တစ်ဦးစီနဲ့ စုစုပေါင်း ၅၄ ဦး ဖြစ်ပါတယ်။

မကွေးတိုင်းမှာတော့ ပွင့်ဖြူမြို့နယ်မှာ ၁၂ ဦး၊ မြိုင်မြို့နယ်မှာ ခုနစ်ဦး၊ မြို့သစ်မှာ ခြောက်ဦးနဲ့ ရေစကြိုမြို့နယ်မှာ နှစ်ဦး စုစုပေါင်း ၂၇ ဦး ပစ်သတ်ခံခဲ့ရပါတယ်။ ဒါကြောင့် မကွေးနဲ့ စစ်ကိုင်းတိုင်းနှစ်ခုမှာ နှစ်လအတွင်း သေဆုံးသူ PDF တပ်ဖွဲ့ဝင် ၈၁ ဦး ရှိပါတယ်။

PDF တွေကို နေရာမှာတင် အသေပစ်သတ်ရုံမက အရှင်ဖမ်းမိရင်တောင် စစ်ကြောရေးမှာ သေဆုံးတဲ့အထိ နှိပ်စက်ညှဉ်းပန်းတာဟာ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ထောက်ပြဝေဖန်ပါတယ်။

“PDF တွေ အဖမ်းခံလိုက်ရရင် စကစ အကြမ်းဖက် အုပ်စုတွေအနေနဲ့က အသေပစ်သတ် တာပဲ။ အသေသတ်တယ်။ အရှင်ဖမ်းလို့ရတဲ့လူကိုလည်း အရှင်ဖမ်းလို့ရရင် နှိပ်စက်ပြီး တော့ အသေသတ်တယ်။

ဒါက စစ်တပ်က အကြမ်းဖက် စစ်တပ်၊ သူတို့အနေနဲ့ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်တုန်းကလည်း တိုင်းရင်းသားဒေသတွေမှာ ဖမ်းမိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို အဲလိုပဲ သတ်ဖြတ်တာတွေ ရှိခဲ့တယ်။ စစ်တပ်ဟာ အကြမ်းဖက် အုပ်စုပီပီ သူတို့အနေနဲ့ နိုင်ငံတကာကျင့်ဝတ်တွေကို လုံးဝ လိုက်နာခြင်း မရှိဘူး။ နိုင်ငံတကာဥပဒေလည်း မလိုက်နာ၊ ပြည်တွင်း ဥပဒေလည်း မလိုက်နာဘဲနဲ့ လူသတ်ဖို့ သက်သက်ပေါ့နော်။ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတဲ့ အကြမ်းဖက် အုပ်စုဆိုတော့ ဖမ်းမိတာနဲ့ သတ်တာလုပ်တယ်။ ရာဇဝတ်မှု ကျူးလွန်တာပေါ့”

NUG အနေနဲ့ PDF တွေ ထိခိုက်ကျဆုံးမှု နည်းအောင် လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံရှိတဲ့ အဖွဲ့တွေနဲ့ အတူ လှုပ်ရှားနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကဲမှု စနစ် Chain of Command အောက်ကို ရောက်ရှိလာအောင် ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေမှာ လူအင်အား၊ လက်နက်အင်အား မပြည့်စုံတာကြောင့် သေဆုံးထိခိုက်မှုတွေ ပိုဖြစ်ရပြီး စစ်တပ်ဘက်ကလည်း PDF ဆိုတဲ့ အမည်ကြားရုံနဲ့ တွေ့တဲ့နေရာမှာ အသေပစ်သတ်တာမျိုးပဲ လုပ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က မကွေးတိုင်း မြို့သစ်မြို့နယ်၊ ကနီရွာက နေအိမ်တစ်လုံးကို ရောက်ရှိနေတဲ့ ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကို စစ်တပ်က ဝိုင်းပြီး အသေပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အတွက် အဲဒီ နေရာမှာပဲ အိမ်ရှင်အရပ်သားတစ်ဦးနဲ့ အတူ သေဆုံးသွားခဲ့တယ်လို့ ဗိဿနိုး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ထန်ထွဋ် က RFA ကို ပြောပါတယ်။

“ကျနော်တို့မှာ မောင်းပြန်လေးတစ်လက်ပဲ ရှိတယ်။ မောင်းပြန်လေးတစ်လက်နဲ့ Defense လုပ်ဖို့ ဘယ်လိုမှ မလွယ်နိုင်ဘူးပေါ့။ လက်နက်ခဲယမ်းကလည်း ပြည့်စုံမှု မရှိတဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်တွေ ပေးဆပ်လိုက်ရတယ်ပေါ့။ ဒါဟာ အမှန်တကယ်ဆိုရင် ဒါက လူမဆန်စွာ လုပ်ရပ်တစ်ခုပဲလေ။ ဒီလိုမျိုး လာဝိုင်းပြီးတော့ တန်းပစ်လိုက်တယ်ဆိုတဲ့ ကိစ္စကြီးက ဒါက သူတို့ အကြမ်းဖက်စွပ်စွဲရုံပဲ ရှိသေးတယ်။ ဒါက ဘယ်သူ ဘယ်သူဆိုတာ တိတိကျကျ မသိသလို အထဲထဲမှာ ဘာရှိတယ်ဆိုတာ လည်း သိချင်မှ သိမှာပေါ့နော်”

PDF တွေကို လက်နက်ချဖို့၊ အဖမ်းခံဖို့ အော်ဟစ်သတိပေးတာမျိုး လုံးဝမရှိဘဲ သတင်း ကြားရုံနဲ့ အိမ်ကိုဝိုင်းဝန်းပိတ်ဆို့ပြီး စက်သေနတ်တွေနဲ့ မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ ဗိုလ်ထန်ထွဋ် က ပြောပါတယ်။

အိမ်ထဲမှာ အရပ်သားတွေ ရှိ မရှိ၊ PDF တွေ ဟုတ် မဟုတ် သေချာစုံစမ်းစစ်ဆေးခြင်း မရှိဘဲ ပစ်သတ်တာ၊ စစ်မြေပြင်မှာ အရှင်ဖမ်းမိတဲ့ သုံ့ပန်းတွေကို နေရာတင် ချက်ချင်းပစ်သတ် တာ၊ PDF သံသယနဲ့ ဖမ်းမိတဲ့ အရပ်သားတွေကို ပစ်သတ်တာတွေဟာ နိုင်ငံတကာ စစ်မြေပြင်စည်းကမ်းတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦး က ထောက်ပြဝေဖန်ပါတယ်။

“သေသေချာချာလည်း တိတိကျကျလည်း သိတာမဟုတ်ဘဲနဲ့ သံသယနဲ့ အထင်နဲ့ ဒီလိုတွေ လုပ်လိုက်တာသည် တကယ်ပြောရင်တော့ ဒါ ခုနက ကျနော်တို့ စစ်ရာဇဝတ်မှု ပေါ့။ စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်တယ်လို့ ဒီလို ပြောလို့ရပါတယ်။ ဒါ နိုင်ငံတကာ လက်ခံထားတဲ့ Code of Conduct ပေါ့၊ ဂျနီဗာကွန်ဗန်းရှင်းနဲ့ Code of Conduct အရ စစ်မြေပြင်မှာလိုက်နာရမယ့် စည်ကမ်းတွေထဲမှာ ဒါဥပဒေနော်၊ စစ်မြေပြင် စည်းကမ်းတွေဆိုတာ ဂျနီဗာကွန်ဗန်းရှင်းက ဥပဒေပဲ။ ဥပဒေကဲ့သို့ လိုက်နာရတဲ့ စည်းကမ်းချက် ဖြစ်တယ်”

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာ ရွာတစ်ရွာကို PDF ထောက်ခံတယ်ဆိုတဲ့ သတင်းကြားရုံနဲ့ ရွာထဲမှာ PDF တွေ ရှိ မရှိ မစုံစမ်းတော့ဘဲ တစ်ရွာလုံးကို မီးရှို့နေတာ ကလည်း ပြည်တွင်း၊ ပြည်ပ ဥပဒေတွေအရ လုံးဝ လက်ခံနိုင်တဲ့ အခြေအနေ မရှိဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ကတော့ ကျေးရွာတွေကို မီးရှို့တာဟာ စစ်ကောင်စီတပ် မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ စစ်တပ်ဘက်က PDF တွေကို ရှင်းလင်းတာဟာ လုံခြုံရေးဆောင်ရွက်တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရင်က RFA ကို ဖြေဆိုခဲ့ဖူးပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အကြမ်းဖက်တိုက်ခိုက်တဲ့ PDF တွေကို အကြမ်းဖက်နည်းနဲ့သာ တိုက်ခိုက်နှိမ်နင်းရလိမ့်မယ်လို့ သူ့ရဲ့ ဩဂုတ် ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က ဘယ်လောက်ပဲ သာလွန်အင်အားနဲ့ ချေမှုန်းနေပါစေ PDF တစ်ယောက်အတွက်ကတော့ ဒီနေ့ အသက်ရှင်ခြင်းဟာ မနက်ဖြန် ခုခံတိုက်ခိုက်ဖို့ ဖြစ်တာကြောင့် အသက်ရှင်အောင် ကြိုးစားနေထိုင်ဖို့ လိုတယ်လို့ စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် PDF တပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ရင်းမှူး ကိုညာကြီး က ပြောပါတယ်။

“PDF တစ်ယောက် အနေနဲ့ကတော့ ကျနော်တို့ တော်လှန်ရေး စလုပ်ပါပြီ ဆိုကတည်း က ဒီနေ့ အသက်ရှင်ခြင်းဟာ မနက်ဖြန်အတွက် တိုက်ခိုက်ခြင်းပဲ။ အဲဒီအတွက် PDF လုပ်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲဖြစ်ဖြစ်၊ ထောက်ပို့သမားတစ်ယောက်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အသက်ရှင်အောင်တော့ အတတ်နိုင်ဆုံး နေထိုင်ပါ။ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိအောင်နေပါ။ ကိုယ်က သူတို့လက်ထဲကို မရောက် မချင်း ကိုယ့်အတွက် လုံခြုံမှုရှိသလို ကိုယ့်တပ်စိတ်၊ တပ်ဖွဲ့အတွက် အားလုံးအတွက် လုံခြုံမှု ရှိတယ်”

စစ်ကောင်စီဟာ တစ်ဖက်မှာ ကာကွယ်ရေးတပ်တွေကို အင်အားသုံးချေမှုန်းနေသလို အခြားတစ်ဖက်မှာတော့ လက်နက်ချအလင်းဝင်ဖို့ သတင်းစာတွေကရော လူနေရပ်ကွက် အတွင်းမှာပါ လော်စပီကာနဲ့ ကြေညာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးနေပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နှစ်လနီးပါးအတွင်း ဥပဒေဘောင် ထဲ ပြန်ဝင်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၀၅ ဦး ရှိတယ်လို့ မကြာသေးခင်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရ လက်နက်ချလာတယ်ဆိုတဲ့ PDF စာရင်းဟာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်က အနည်းဆုံး ဖြစ်ပါတယ်။

Zawgyi(version)

စစ္ကိုင္းနဲ႕ မေကြးမွာ ႏွစ္လအတြင္း PDF တပ္ဖြဲ႕ဝင္ ၈၀ ေက်ာ္ အသတ္ခံရ
~~~~~
ေဒသခံေတြနဲ႕ ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ ေျပာဆိုခ်က္၊ ျပည္တြင္းသတင္းမီဒီယာေတြရဲ႕ ေရးသားခ်က္ေတြေပၚ အေျခခံၿပီး RFA က ျပဳစုထားတဲ့ စာရင္းဇယားေတြအရ ၂၀၂၂ ခုႏွစ္ ဇူလိုင္ ၁၅ ရက္ကေန ၾသဂုတ္လ ၁၅ ရက္ေန႕အထိ ႏွစ္လအတြင္း မေကြးတိုင္းနဲ႕ စစ္ကိုင္းတိုင္းက PDF တပ္ဖြဲ႕ဝင္ ၈၁ ဦး ပစ္သတ္ခံခဲ့ရပါတယ္။

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္မွာ ၁၃ ဦး၊ ေ႐ႊဘိုၿမိဳ႕နယ္မွာ ၁၁ ဦး၊ ပုလဲၿမိဳ႕နယ္မွာ ရွစ္ဦး၊ ယင္းမာပင္ၿမိဳ႕နယ္မွာ ငါးဦး၊ ကေလးၿမိဳ႕နယ္မွာ ေျခာက္ဦး၊ ေကာလင္းၿမိဳ႕နယ္မွာ သုံးဦး၊ ခင္ဦးၿမိဳ႕နယ္မွာ ႏွစ္ဦး၊ ေခ်ာင္းဦး၊ ဘုတလင္၊ ကသာ၊ ကနီ၊ မုံ႐ြာနဲ႕ မင္းကင္းၿမိဳ႕နယ္တို႔မွာ တစ္ဦးစီနဲ႕ စုစုေပါင္း ၅၄ ဦး ျဖစ္ပါတယ္။

မေကြးတိုင္းမွာေတာ့ ပြင့္ျဖဴၿမိဳ႕နယ္မွာ ၁၂ ဦး၊ ၿမိဳင္ၿမိဳ႕နယ္မွာ ခုနစ္ဦး၊ ၿမိဳ႕သစ္မွာ ေျခာက္ဦးနဲ႕ ေရစႀကိဳၿမိဳ႕နယ္မွာ ႏွစ္ဦး စုစုေပါင္း ၂၇ ဦး ပစ္သတ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ မေကြးနဲ႕ စစ္ကိုင္းတိုင္းႏွစ္ခုမွာ ႏွစ္လအတြင္း ေသဆုံးသူ PDF တပ္ဖြဲ႕ဝင္ ၈၁ ဦး ရွိပါတယ္။

PDF ေတြကို ေနရာမွာတင္ အေသပစ္သတ္႐ုံမက အရွင္ဖမ္းမိရင္ေတာင္ စစ္ေၾကာေရးမွာ ေသဆုံးတဲ့အထိ ႏွိပ္စက္ညွဥ္းပန္းတာဟာ လူထုကို အေၾကာက္တရားနဲ႕ အုပ္ခ်ဳပ္ဖို႔ ႀကိဳးစားတဲ့လုပ္ရပ္လို႔ NUG သမၼတ႐ုံး ေျပာခြင့္ရ ဦးေက်ာ္ေဇာ္ က ေထာက္ျပေဝဖန္ပါတယ္။

“PDF ေတြ အဖမ္းခံလိုက္ရရင္ စကစ အၾကမ္းဖက္ အုပ္စုေတြအေနနဲ႕က အေသပစ္သတ္ တာပဲ။ အေသသတ္တယ္။ အရွင္ဖမ္းလို႔ရတဲ့လူကိုလည္း အရွင္ဖမ္းလို႔ရရင္ ႏွိပ္စက္ၿပီး ေတာ့ အေသသတ္တယ္။

ဒါက စစ္တပ္က အၾကမ္းဖက္ စစ္တပ္၊ သူတို႔အေနနဲ႕ အခုမွလုပ္တာ မဟုတ္ဘူး။ အရင္တုန္းကလည္း တိုင္းရင္းသားေဒသေတြမွာ ဖမ္းမိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ဝင္ေတြကို အဲလိုပဲ သတ္ျဖတ္တာေတြ ရွိခဲ့တယ္။ စစ္တပ္ဟာ အၾကမ္းဖက္ အုပ္စုပီပီ သူတို႔အေနနဲ႕ နိုင္ငံတကာက်င့္ဝတ္ေတြကို လုံးဝ လိုက္နာျခင္း မရွိဘူး။ နိုင္ငံတကာဥပေဒလည္း မလိုက္နာ၊ ျပည္တြင္း ဥပေဒလည္း မလိုက္နာဘဲနဲ႕ လူသတ္ဖို႔ သက္သက္ေပါ့ေနာ္။ အေၾကာက္တရားနဲ႕ အုပ္ခ်ဳပ္ဖို႔ ႀကိဳးစားတဲ့ အၾကမ္းဖက္ အုပ္စုဆိုေတာ့ ဖမ္းမိတာနဲ႕ သတ္တာလုပ္တယ္။ ရာဇဝတ္မႈ က်ဴးလြန္တာေပါ့”

NUG အေနနဲ႕ PDF ေတြ ထိခိုက္က်ဆဳံးမႈ နည္းေအာင္ လက္နက္ကိုင္ေတာ္လွန္ေရး အေတြ႕အႀကဳံရွိတဲ့ အဖြဲ႕ေတြနဲ႕ အတူ လႈပ္ရွားနိုင္ဖို႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးေနၿပီး NUG ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ အမိန႔္ေပးကြပ္ကဲမႈ စနစ္ Chain of Command ေအာက္ကို ေရာက္ရွိလာေအာင္ ႀကိဳးစားေနတယ္လို႔လည္း သူက ဆိုပါတယ္။

မေကြးတိုင္းနဲ႕ စစ္ကိုင္းတိုင္းထဲက ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြကေတာ့ စစ္တပ္နဲ႕ ထိပ္တိုက္ရင္ဆိုင္ေနရတဲ့ သူတို႔ တပ္ဖြဲ႕ဝင္ေတြမွာ လူအင္အား၊ လက္နက္အင္အား မျပည့္စုံတာေၾကာင့္ ေသဆုံးထိခိုက္မႈေတြ ပိုျဖစ္ရၿပီး စစ္တပ္ဘက္ကလည္း PDF ဆိုတဲ့ အမည္ၾကား႐ုံနဲ႕ ေတြ႕တဲ့ေနရာမွာ အေသပစ္သတ္တာမ်ိဳးပဲ လုပ္ေနတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၉ ရက္ေန႕က မေကြးတိုင္း ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ကနီ႐ြာက ေနအိမ္တစ္လုံးကို ေရာက္ရွိေနတဲ့ ဗိႆနိုး နယ္ေျမ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ေျခာက္ဦးကို စစ္တပ္က ဝိုင္းၿပီး အေသပစ္ခတ္ သတ္ျဖတ္ခဲ့တဲ့အတြက္ အဲဒီ ေနရာမွာပဲ အိမ္ရွင္အရပ္သားတစ္ဦးနဲ႕ အတူ ေသဆုံးသြားခဲ့တယ္လို႔ ဗိႆနိုး PDF ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ထန္ထြဋ္ က RFA ကို ေျပာပါတယ္။

“က်ေနာ္တို႔မွာ ေမာင္းျပန္ေလးတစ္လက္ပဲ ရွိတယ္။ ေမာင္းျပန္ေလးတစ္လက္နဲ႕ Defense လုပ္ဖို႔ ဘယ္လိုမွ မလြယ္နိုင္ဘူးေပါ့။ လက္နက္ခဲယမ္းကလည္း ျပည့္စုံမႈ မရွိတဲ့အခ်ိန္မွာ က်ေနာ္တို႔ ရဲေဘာ္ေတြရဲ႕ အသက္ေတြ ေပးဆပ္လိုက္ရတယ္ေပါ့။ ဒါဟာ အမွန္တကယ္ဆိုရင္ ဒါက လူမဆန္စြာ လုပ္ရပ္တစ္ခုပဲေလ။ ဒီလိုမ်ိဳး လာဝိုင္းၿပီးေတာ့ တန္းပစ္လိုက္တယ္ဆိုတဲ့ ကိစၥႀကီးက ဒါက သူတို႔ အၾကမ္းဖက္စြပ္စြဲ႐ုံပဲ ရွိေသးတယ္။ ဒါက ဘယ္သူ ဘယ္သူဆိုတာ တိတိက်က် မသိသလို အထဲထဲမွာ ဘာရွိတယ္ဆိုတာ လည္း သိခ်င္မွ သိမွာေပါ့ေနာ္”

PDF ေတြကို လက္နက္ခ်ဖိဳ႕၊ အဖမ္းခံဖို႔ ေအာ္ဟစ္သတိေပးတာမ်ိဳး လုံးဝမရွိဘဲ သတင္း ၾကား႐ုံနဲ႕ အိမ္ကိုဝိုင္းဝန္းပိတ္ဆို႔ၿပီး စက္ေသနတ္ေတြနဲ႕ မနားတမ္း ပစ္ခတ္တိုက္ခိုက္ခဲ့တာ လို႔ ဗိုလ္ထန္ထြဋ္ က ေျပာပါတယ္။

အိမ္ထဲမွာ အရပ္သားေတြ ရွိ မရွိ၊ PDF ေတြ ဟုတ္ မဟုတ္ ေသခ်ာစုံစမ္းစစ္ေဆးျခင္း မရွိဘဲ ပစ္သတ္တာ၊ စစ္ေျမျပင္မွာ အရွင္ဖမ္းမိတဲ့ သုံ႕ပန္းေတြကို ေနရာတင္ ခ်က္ခ်င္းပစ္သတ္ တာ၊ PDF သံသယနဲ႕ ဖမ္းမိတဲ့ အရပ္သားေတြကို ပစ္သတ္တာေတြဟာ နိုင္ငံတကာ စစ္ေျမျပင္စည္းကမ္းေတြကို ခ်ိဳးေဖာက္တဲ့ စစ္ရာဇဝတ္မႈေတြ ျဖစ္တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦး က ေထာက္ျပေဝဖန္ပါတယ္။

“ေသေသခ်ာခ်ာလည္း တိတိက်က်လည္း သိတာမဟုတ္ဘဲနဲ႕ သံသယနဲ႕ အထင္နဲ႕ ဒီလိုေတြ လုပ္လိုက္တာသည္ တကယ္ေျပာရင္ေတာ့ ဒါ ခုနက က်ေနာ္တို႔ စစ္ရာဇဝတ္မႈ ေပါ့။ စစ္ရာဇဝတ္မႈတစ္ခုကို က်ဴးလြန္လိုက္တယ္လို႔ ဒီလို ေျပာလို႔ရပါတယ္။ ဒါ နိုင္ငံတကာ လက္ခံထားတဲ့ Code of Conduct ေပါ့၊ ဂ်နီဗာကြန္ဗန္းရွင္းနဲ႕ Code of Conduct အရ စစ္ေျမျပင္မွာလိုက္နာရမယ့္ စည္ကမ္းေတြထဲမွာ ဒါဥပေဒေနာ္၊ စစ္ေျမျပင္ စည္းကမ္းေတြဆိုတာ ဂ်နီဗာကြန္ဗန္းရွင္းက ဥပေဒပဲ။ ဥပေဒကဲ့သို႔ လိုက္နာရတဲ့ စည္းကမ္းခ်က္ ျဖစ္တယ္”

စစ္ေကာင္စီတပ္ေတြဟာ အခုေနာက္ပိုင္းမွာ ႐ြာတစ္႐ြာကို PDF ေထာက္ခံတယ္ဆိုတဲ့ သတင္းၾကား႐ုံနဲ႕ ႐ြာထဲမွာ PDF ေတြ ရွိ မရွိ မစုံစမ္းေတာ့ဘဲ တစ္႐ြာလုံးကို မီးရွို႔ေနတာ ကလည္း ျပည္တြင္း၊ ျပည္ပ ဥပေဒေတြအရ လုံးဝ လက္ခံနိုင္တဲ့ အေျခအေန မရွိဘူးလို႔ သူက ဆိုပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္နဲ႕ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း တို႔ကေတာ့ ေက်း႐ြာေတြကို မီးရွို႔တာဟာ စစ္ေကာင္စီတပ္ မဟုတ္ဘူးလို႔ အႀကိမ္ႀကိမ္ ျငင္းဆိုထားပါတယ္။ စစ္တပ္ဘက္က PDF ေတြကို ရွင္းလင္းတာဟာ လုံၿခဳံေရးေဆာင္႐ြက္တာလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အရင္က RFA ကို ေျဖဆိုခဲ့ဖူးၿပီး စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကေတာ့ အၾကမ္းဖက္တိုက္ခိုက္တဲ့ PDF ေတြကို အၾကမ္းဖက္နည္းနဲ႕သာ တိုက္ခိုက္ႏွိမ္နင္းရလိမ့္မယ္လို႔ သူ႕ရဲ႕ ဩဂုတ္ ၁ ရက္ မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုထားပါတယ္။

အာဏာသိမ္းထားတဲ့ စစ္တပ္ဘက္က ဘယ္ေလာက္ပဲ သာလြန္အင္အားနဲ႕ ေခ်မႈန္းေနပါေစ PDF တစ္ေယာက္အတြက္ကေတာ့ ဒီေန႕ အသက္ရွင္ျခင္းဟာ မနက္ျဖန္ ခုခံတိုက္ခိုက္ဖို႔ ျဖစ္တာေၾကာင့္ အသက္ရွင္ေအာင္ ႀကိဳးစားေနထိုင္ဖို႔ လိုတယ္လို႔ စစ္ကိုင္းတိုင္း ပုလဲ ၿမိဳ႕နယ္ PDF တပ္ဖြဲ႕၊ တပ္ရင္း ၂၊ တပ္ရင္းမႉး ကိုညာႀကီး က ေျပာပါတယ္။

“PDF တစ္ေယာက္ အေနနဲ႕ကေတာ့ က်ေနာ္တို႔ ေတာ္လွန္ေရး စလုပ္ပါၿပီ ဆိုကတည္း က ဒီေန႕ အသက္ရွင္ျခင္းဟာ မနက္ျဖန္အတြက္ တိုက္ခိုက္ျခင္းပဲ။ အဲဒီအတြက္ PDF လုပ္တဲ့ တိုက္ခိုက္ေရးသမားတစ္ေယာက္ပဲျဖစ္ျဖစ္၊ ေထာက္ပို႔သမားတစ္ေယာက္ပဲ ျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ အသက္ရွင္ေအာင္ေတာ့ အတတ္နိုင္ဆုံး ေနထိုင္ပါ။ ႀကိဳးစားပါ။ ကိုယ့္ကိုယ္ကိုယ္ လုံၿခဳံမႈရွိေအာင္ေနပါ။ ကိုယ္က သူတို႔လက္ထဲကို မေရာက္ မခ်င္း ကိုယ့္အတြက္ လုံၿခဳံမႈရွိသလို ကိုယ့္တပ္စိတ္၊ တပ္ဖြဲ႕အတြက္ အားလုံးအတြက္ လုံၿခဳံမႈ ရွိတယ္”

စစ္ေကာင္စီဟာ တစ္ဖက္မွာ ကာကြယ္ေရးတပ္ေတြကို အင္အားသုံးေခ်မႈန္းေနသလို အျခားတစ္ဖက္မွာေတာ့ လက္နက္ခ်အလင္းဝင္ဖို႔ သတင္းစာေတြကေရာ လူေနရပ္ကြက္ အတြင္းမွာပါ ေလာ္စပီကာနဲ႕ ေၾကညာၿပီး တစ္နိုင္ငံလုံး အတိုင္းအတာနဲ႕ စည္း႐ုံးေနပါတယ္။

၂၀၂၂ ခုႏွစ္ ဇြန္လ ၆ ရက္ကေန ဇူလိုင္ ၂၉ ရက္ေန႕အထိ ႏွစ္လနီးပါးအတြင္း ဥပေဒေဘာင္ ထဲ ျပန္ဝင္လာတဲ့ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၁၅၆ ဦး၊ အမ်ိဳးသမီး ၄၉ ဦး စုစုေပါင္း ၂၀၅ ဦး ရွိတယ္လို႔ မၾကာေသးခင္က ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာသြားပါတယ္။

စစ္ေကာင္စီရဲ႕ စာရင္းအရ လက္နက္ခ်လာတယ္ဆိုတဲ့ PDF စာရင္းဟာ ဧရာဝတီတိုင္းက အမ်ားဆုံးျဖစ္ၿပီး မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ ရန္ကုန္တိုင္း၊ ခ်င္းျပည္နယ္နဲ႕ ကယား ျပည္နယ္က အနည္းဆုံး ျဖစ္ပါတယ္။