ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို စီးနင်းပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးဟုဆို
ရ
န်ကုန်၊ ဩုဂုတ် ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
” ဒီမနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဝင်ပစ်တာပါ။ ၉ကောင်ကျပါတယ်။ ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒေသခံများထံ ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်ပြီး စစ်တပ်နှင့်ရဲများက ပိတ်ဆို့ စစ်ဆေးမှုများရှိနေကြောင်း၊ စစ်ဆေးရေးဂိတ်ကို ဝင်ရောပစ်ခတ်သံများကြားရကြောင်း၊ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးဟု ပြောဆိုကြသည်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
ရ
န်ကုန်၊ ဩုဂုတ် ၂၅