မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ဦးသေဆုံး…see more

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့၊ နေ့လယ် (၁၂)နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က သတင်းထုတ်ပြန်သည်။

၎င်းတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး) မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ ကားဖြင့် စခန်းရှေ့အထိ သွား၍ အနီးကပ်ပစ်ခတ်ခဲ့ရာ စခန်းရှေ့ရှိ အစောင့်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ရဲဘော် ၂ ဦး ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပြီး ကျည်ဘောက် ၃ ဘောက် ကျကျန်ဆုံးရှုးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ၊ ပေါက် စသည့် မြို့နယ်များအထိ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Zawgyi(version)

မုံ႐ြာၿမိဳ႕နယ္၊ ေညာင္ျဖဴပင္ရဲစခန္း တိုက္ခိုက္ခံရၿပီး စစ္ေကာင္စီတပ္သား ၅ဦးေသဆုံး

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေညာင္ျဖဴပင္ရဲစခန္းကို ယေန႕ ဩဂုတ္လ ၂၁ ရက္ေန႕၊ ေန႕လယ္ (၁၂)နာရီဝန္းက်င္က တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၅ ဦးေသေၾကာင္း ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္က သတင္းထုတ္ျပန္သည္။

၎တိုက္ခိုက္မႈကို ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (ဆားလင္းႀကီး) မွ Aung San Force အဖြဲ႕ႏွင့္ ပူးေပါင္း၍ ကားျဖင့္ စခန္းေရွ႕အထိ သြား၍ အနီးကပ္ပစ္ခတ္ခဲ့ရာ စခန္းေရွ႕ရွိ အေစာင့္စစ္သား ၅ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈအတြင္း ဆားလင္းႀကီးအေျခစိုက္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (M.R.D.A)မွ ရဲေဘာ္ ၂ ဦး ထိမွန္ဒဏ္ရာ(မစိုးရိမ္ရ)ရခဲ့ၿပီး က်ည္ေဘာက္ ၃ ေဘာက္ က်က်န္ဆုံးရႈးခဲ့သည္ဟု သတင္းထုတ္ျပန္ထားသည္။

ဗိုလ္နဂါးဦးေဆာင္သည့္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ အေနျဖင့္ ပုလဲ၊ ယင္းမာပင္၊ ဆားလင္း၊ ကနီ၊ ေပါက္ စသည့္ ၿမိဳ႕နယ္မ်ားအထိ စစ္ေရးလႈပ္ရွားလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

#TachileikNewsAgency