မုံရွာ-အရာတော်လမ်းတွင် အမျိုးသမီးကို တိုက်ပြီး ထွက်ပြေးသည့်ကားကို လိုက်လံ ဖမ်းဆီးရာမှ အပြန် အလှန်ပစ်ခတ်မှုဖြစ် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ကားဖြစ်နေသဖြင့် ကားကို မီးရှို့ရှင်းလင်း (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းတွင် အမျိုးသမီးတစ်ဦးကို တိုက်ပြီး ထွက်ပြေးသည့် ကားကို ပြည်သူ့ကာ ကွယ်ရေးတပ်များက လိုက်လံဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ထိုကားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ကားဖြစ်နေပြီး ပိုင်ရှင် စစ်ကောင်စီအဖွဲ့ဝင်က ကားကို ထားရစ် ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီအချိန် အရာတော်မှ မုံရွာသို့ မောင်းနှင်လာသော YGN 3F 3240 ကားသည် ကမ်းပြူရွာမှ အသက် ၄၀ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးကို ဝင်တိုက်ပြီး ထွက်ပြေး မောင်းနှင်သွားကြောင်း တိုင်ကြားမှုရရှိသဖြင့် ဒေသ ကာကွယ်ရေးအဖွဲ့ဝင်များက ချက်ချင်း လိုက်လံ စုံစမ်းဖော်ရာ ဝါးတန်းကျေးရွာနင့် ထူးရာ ရသေ့ ကျောင်းအနီးတွင် ကားပိုင်ရှင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း ၊ ကားကို ထားကာ ထွက်ပြေးသွား၍ ကားပေါ်ပါပစ္စည်းများသိမ်းဆည်းရမိကြောင်း သိရှိရသည်။
သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ဖုန်းအတွင်း သက်သေဓာတ်ပုံများအရ ကားပိုင်ရှင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်ပြီး စစ်ဝတ်စစ်စား အပြည့်အစုံဖြင့် NLD အလံကို ခြေဖြင့် နင်းထားသည့်ပုံ၊ လက်နက်ကိုင်ဆောင်ထားသည့်ပုံများ တွေ့ရရှိရကြောင်း၊ ကြည်မင်းသိန်း ဆိုသော အကောင့်ကို တွေ့ရှိရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးမှုကို မိုင်းမင်းသား မြေအောက်ပြောက်ကျားတပ်ဖွဲ့ ၊Danger Force LPDF၊ ပတ္တမြား ညီနောင်ပြောက် ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
မုံ႐ြာ-အရာေတာ္လမ္းတြင္ အမ်ိဳးသမီးကို တိုက္ၿပီး ထြက္ေျပးသည့္ကားကို လိုက္လံ ဖမ္းဆီးရာမွ အျပန္ အလွန္ပစ္ခတ္မႈျဖစ္ ၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ကားျဖစ္ေနသျဖင့္ ကားကို မီးရွို႔ရွင္းလင္း (႐ုပ္/သံ)
ရန္ကုန္၊ ဩဂုတ္ ၂၅
စစ္ကိုင္းတိုင္း၊ မုံ႐ြာ-အရာေတာ္လမ္းတြင္ အမ်ိဳးသမီးတစ္ဦးကို တိုက္ၿပီး ထြက္ေျပးသည့္ ကားကို ျပည္သူ႕ကာ ကြယ္ေရးတပ္မ်ားက လိုက္လံဖမ္းဆီးရာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေၾကာင္း၊ ထိုကားသည္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး၏ ကားျဖစ္ေနၿပီး ပိုင္ရွင္ စစ္ေကာင္စီအဖြဲ႕ဝင္က ကားကို ထားရစ္ ထြက္ေျပးသြားေၾကာင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားထံမွ သိရွိရသည္။
ဩဂုတ္လ ၂၂ ရက္ေန႕ ၊ မြန္းလြဲ ၁ နာရီအခ်ိန္ အရာေတာ္မွ မုံ႐ြာသို႔ ေမာင္းႏွင္လာေသာ YGN 3F 3240 ကားသည္ ကမ္းျပဴ႐ြာမွ အသက္ ၄၀ ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးကို ဝင္တိုက္ၿပီး ထြက္ေျပး ေမာင္းႏွင္သြားေၾကာင္း တိုင္ၾကားမႈရရွိသျဖင့္ ေဒသ ကာကြယ္ေရးအဖြဲ႕ဝင္မ်ားက ခ်က္ခ်င္း လိုက္လံ စုံစမ္းေဖာ္ရာ ဝါးတန္းေက်း႐ြာနင့္ ထူးရာ ရေသ့ ေက်ာင္းအနီးတြင္ ကားပိုင္ရွင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ႏွင့္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ေၾကာင္း ၊ ကားကို ထားကာ ထြက္ေျပးသြား၍ ကားေပၚပါပစၥည္းမ်ားသိမ္းဆည္းရမိေၾကာင္း သိရွိရသည္။
သိမ္းဆည္းရမိေသာ ပစၥည္းမ်ားႏွင့္ ဖုန္းအတြင္း သက္ေသဓာတ္ပုံမ်ားအရ ကားပိုင္ရွင္သည္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ျဖစ္ၿပီး စစ္ဝတ္စစ္စား အျပည့္အစုံျဖင့္ NLD အလံကို ေျချဖင့္ နင္းထားသည့္ပုံ၊ လက္နက္ကိုင္ေဆာင္ထားသည့္ပုံမ်ား ေတြ႕ရရွိရေၾကာင္း၊ ၾကည္မင္းသိန္း ဆိုေသာ အေကာင့္ကို ေတြ႕ရွိရေၾကာင္း၊ စစ္ေကာင္စီတပ္ဖြဲ႕၏ ကားကို မီးရွို႔ဖ်က္ဆီးလိုက္ေၾကာင္း သိရွိရသည္။
အဆိုပါ ဖမ္းဆီးမႈကို မိုင္းမင္းသား ေျမေအာက္ေျပာက္က်ားတပ္ဖြဲ႕ ၊Danger Force LPDF၊ ပတၱျမား ညီေနာင္ေျပာက္ က်ားတပ္ဖြဲ႕၊ AMT ေျမျပင္ေျပာက္က်ားတပ္ဖြဲ႕တို႔က ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။