ကလေးမြို့လယ်ခေါင်က ခရိုင်ရဲစခန်းရှေ့ထိ PDFတွေဝင်ဗျင်းလို့…see more

ကလေးမြို့ ခရိုင်ရဲစခန်းရှေ့မှာ ယာဉ်ထိန်းရဲတစ်ဦးပစ်သတ်ခံရ

ကလေးမြို့လယ် ခရိုင်ရဲစခန်းရှေ့မှာ စျေးဝယ်ထွက်လာတဲ့ ယာဉ်ထိန်းရဲတစ်ဦး သြဂုတ်( ၂၄) ရက်၊ မနက် အစောပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဘယ်သူမှထင်မထားတဲ့နေရာမှာလုပ်သွားတာဗျ၊ရဲက စခန်းရဲ့လမ်းတစ်ဖက်မှာ စျေးဝယ်ပြီးလှည့်အပြန်မှာ ဆိုင် ကယ်နဲ့လာပစ်သွားတာ၊စခန်းရှေ့ကြီးမှာလည်းဖြစ်တယ်၊ပြီးတော့ စခန်းနောက်မှာက စစ်တပ်ကတ ပ်စွဲထားတဲ့ RTC ဝင်းဗျာ၊ သေတဲ့ရဲကိုယ်တိုင်လည်း ထင်ထားမှာမဟုတ်ဘူး” လို့ ကလေးမြို့ တပ်ဦး သီတာရပ်ကွက်သား တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ယဥ်ထိုင်းရဲတပ်သား အောင်မြင့်မောင်ဆိုသူဖြစ်ပြီး မြို့ထဲဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းဆီးပိုက်ဆံတောင်းရာမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေ ကပြော ပါတယ်။

“နံပတ်ပြားမပါတာ၊ ဦးထုပ်မပါတာ၊ လိုင်စင်မပါတာတွေကို ပိုက်ဆံတောင်းတာပေါ့” လို့ အဲ့ဒီဒေသခံက ဆိုပါ တယ်။
ယဥ်ထိန်းရဲတပ်သားကို Kalay UG က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံတွေအတွက် လုံခြုံတဲ့နေရာမရှိဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

Zawgyi(version)

ကေလးၿမိဳ႕ ခရိုင္ရဲစခန္းေရွ႕မွာ ယာဥ္ထိန္းရဲတစ္ဦးပစ္သတ္ခံရ

ကေလးၿမိဳ႕လယ္ ခရိုင္ရဲစခန္းေရွ႕မွာ ေစ်းဝယ္ထြက္လာတဲ့ ယာဥ္ထိန္းရဲတစ္ဦး ၾသဂုတ္( ၂၄) ရက္၊ မနက္ အေစာပိုင္းက ေသနတ္နဲ႕ပစ္သတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“ဘယ္သူမွထင္မထားတဲ့ေနရာမွာလုပ္သြားတာဗ်၊ရဲက စခန္းရဲ႕လမ္းတစ္ဖက္မွာ ေစ်းဝယ္ၿပီးလွည့္အျပန္မွာ ဆိုင္ ကယ္နဲ႕လာပစ္သြားတာ၊စခန္းေရွ႕ႀကီးမွာလည္းျဖစ္တယ္၊ၿပီးေတာ့ စခန္းေနာက္မွာက စစ္တပ္ကတ ပ္စြဲထားတဲ့ RTC ဝင္းဗ်ာ၊ ေသတဲ့ရဲကိုယ္တိုင္လည္း ထင္ထားမွာမဟုတ္ဘူး” လို႔ ကေလးၿမိဳ႕ တပ္ဦး သီတာရပ္ကြက္သား တစ္ဦးက ေျပာပါတယ္။

ေသဆုံးသြားသူဟာ ယဥ္ထိုင္းရဲတပ္သား ေအာင္ျမင့္ေမာင္ဆိုသူျဖစ္ၿပီး ၿမိဳ႕ထဲဆိုင္ကယ္နဲ႕ သြားလာေနတဲ့ ျပည္သူေတြကို ဖမ္းဆီးပိုက္ဆံေတာင္းရာမွာ ပါဝင္သူတစ္ဦးျဖစ္တယ္လို႔ ကေလးၿမိဳ႕ေဒသခံေတြ ကေျပာ ပါတယ္။

နံပတ္ျပားမပါတာ၊ ဦးထုပ္မပါတာ၊ လိုင္စင္မပါတာေတြကို ပိုက္ဆံေတာင္းတာေပါ့ လို႔ အဲ့ဒီေဒသခံက ဆိုပါ တယ္။
ယဥ္ထိန္းရဲတပ္သားကို Kalay UG က ပစ္ခတ္ခဲ့တာျဖစ္ၿပီး ျပည္သူေတြကို ဒုကၡေပးေနတဲ့ စစ္ေကာင္စီ လက္ေအာက္ခံေတြအတြက္ လုံၿခဳံတဲ့ေနရာမရွိဘူးလို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးကဆိုပါတယ္။