မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်း မီးလောင်…see more

မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်း မီးလောင်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်းကျေးရွာ မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၄ ရက်) ည၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးသစ်ကွင်းရွာ မီးလောင်မှုဖြစ်ပွား‌နေခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိသေးကြောင်း ဒေသခံများက ပြောသည်။

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။

ညောင်ပင်ကြီးသို့ မုံရွာမြို့ရှိ စစ်ကောင်စီတပ်သည် ကမ်းနားမှ အိမ်စီးကား သုံးစီး၊ သံပြားကာကားနှစ်စီးဖြင့် ဇက်စီးကာ ကူးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က အသိပေးသည်။

စစ်ကောင်စီတပ်တပ်စွဲရာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းနှင့် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းများအား ဒေသတွင်းPDF များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ဆားလင်းကြီးနယ် ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ – CJ

Zawgyi(version)

မုံ႐ြာတစ္ဖက္ကမ္း ေညာင္ပင္ႀကီးသစ္ကြင္း မီးေလာင္

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ ခ်င္းတြင္းျမစ္တစ္ဖက္ကမ္း ေညာင္ပင္ႀကီးသစ္ကြင္းေက်း႐ြာ မီးေလာင္မႈျဖစ္ပြားေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယေန႕ (ၾသဂုတ္ ၂၄ ရက္) ည၉ နာရီခန့္က ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီးသစ္ကြင္း႐ြာ မီးေလာင္မႈျဖစ္ပြားေနျခင္းျဖစ္ၿပီး မီးေလာင္ရသည့္အေၾကာင္းရင္းကို မသိေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။

သစ္ကြင္းႏွင့္မနီးအေဝးရွိ ေညာင္ပင္ႀကီးရဲစခန္ႏွင့္ မုံ႐ြာဘက္ကမ္းမွ ေသနတ္မ်ားပစ္ေဖာက္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေညာင္ပင္ႀကီးသို႔ မုံ႐ြာၿမိဳ႕ရွိ စစ္ေကာင္စီတပ္သည္ ကမ္းနားမွ အိမ္စီးကား သုံးစီး၊ သံျပားကာကားႏွစ္စီးျဖင့္ ဇက္စီးကာ ကူးသြားေၾကာင္း မုံ႐ြာၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရး(ပ.က.ဖ)က အသိေပးသည္။

စစ္ေကာင္စီတပ္တပ္စြဲရာ ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီးရဲစခန္းႏွင့္ လက္ပန္းေတာင္းေတာင္ေၾကးနီ စီမံကိန္းမ်ားအား ေဒသတြင္းPDF မ်ားက မၾကာခဏ လာေရာက္တိုက္ခိုက္ခဲ့ဖူးသည္။

ဆားလင္းႀကီးနယ္ ေညာင္ပင္ႀကီးရဲစခန္းအား ေတြ႕ရစဥ္။ဓာတ္ပုံ – CJ