တစ်ကိုယ်တော် တော်လှန်ရေးသမား၏ မိုင်းခွဲမှုကြောင့် စစ်ဆေးရေးဂိတ်မှာထိုင်နေတဲ့ စစ်ခွေး ၅ဦးသေ…see more

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က မိုင်းတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပုလဲ-ကျားတက်-မုံရွာသွား ကားလမ်းမပေါ်မှာ ဖွင့်လှစ်ထားပြီး ပြည်သူတွေကို အဓမ္မဆက်ကြေးကောက်နေတဲ့ ဂိတ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတာကို မျက်မြင်တွေ့တဲ့ ကျားတက်ရွာ ဒေသခံတစ်ဦးက “ဖြိုးကျော်လက်ဖက်ရည်ဆိုင်အနီးမှာ ပေါက်ကွဲတာဗျ။ အဲနေရာက ကျားတက်စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေက နေ့တိုင်းထွက်ပြီး အဲဒီဇရပ်ကနေ ပုလဲကလာတဲ့ ကားတွေ၊ မုံရွာဘက်ကလာတဲ့ ကားတွေကို စစ်ဆေးပြီး ဆက်ကြေးတောင်းနေတဲ့ကြတာ ကြာပြီဗျ။

ဒီနေ့တော့ ငါးယောက်ထိုင်ပြီး စခတွေ စကားပြောနေတဲ့အချိန် အခုလို ပေါက်ကွဲပြီး။ နှစ်ယောက်ကတော့ နေရာတင် သေတယ်။ သုံးယောက်ကတော့ ဒဏ်ရာအတော်လေး ဆိုးဝါးတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကို သူတို့ တပ်စွဲထားတဲ့ ကျားတက်စာသင်ကျောင်းထဲ‌ သယ်သွားတာမြင်လိုက်ရတယ်” လို့ ပြောပါတယ်။

အခုမိုင်းကွဲမှုဟာ အဖွဲ့အစည်းတစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာမျိုးမဟုတ်ဘဲ စစ်အာဏာရှင် တော်လှန်သူတယောက်က တကိုယ်တော်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးဒေါင်းနက်အဖွဲ့ခေါင်းဆောင် ဆရာပေက ပြောပါတယ်။

“ကျနော့်အသိထဲက တကိုယ်တော် စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူက ဖောက်ခွဲခဲ့တာဗျ။ အခုလို တဦးချင်း တယောက်ချင်းတိုင်းက စစ်အာဏာရှင်ကို တော်လှန်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက အမြန်ဆုံးပြီးဆုံးသွားမယ်။”

စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေဟာ တစ်နှစ်ကျော်ကြာ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။

Zawgyi(version)

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ က်ားတက္႐ြာက စစ္ေကာင္စီစစ္ေဆးေရးဂိတ္မွာ ဩဂုတ္ ၂၄ ရက္ ေန႕လယ္ ၁၂ နာရီခြဲေလာက္က မိုင္းတစ္လုံးေပါက္ကြဲၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕ ထိခိုက္ေသဆုံး ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အခုေပါက္ကြဲခဲ့တဲ့ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ဟာ ပုလဲ-က်ားတက္-မုံ႐ြာသြား ကားလမ္းမေပၚမွာ ဖြင့္လွစ္ထားၿပီး ျပည္သူေတြကို အဓမၼဆက္ေၾကးေကာက္ေနတဲ့ ဂိတ္ျဖစ္တယ္လို႔လည္း ေဒသခံေတြဆီက သိရပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားတာကို မ်က္ျမင္ေတြ႕တဲ့ က်ားတက္႐ြာ ေဒသခံတစ္ဦးက ၿဖိဳးေက်ာ္လက္ဖက္ရည္ဆိုင္အနီးမွာ ေပါက္ကြဲတာဗ်။ အဲေနရာက က်ားတက္စာသင္ေက်ာင္းထဲမွာ တပ္စြဲထားတဲ့ စစ္သားေတြက ေန႕တိုင္းထြက္ၿပီး အဲဒီဇရပ္ကေန ပုလဲကလာတဲ့ ကားေတြ၊ မုံ႐ြာဘက္ကလာတဲ့ ကားေတြကို စစ္ေဆးၿပီး ဆက္ေၾကးေတာင္းေနတဲ့ၾကတာ ၾကာၿပီဗ်။

ဒီေန႕ေတာ့ ငါးေယာက္ထိုင္ၿပီး စခေတြ စကားေျပာေနတဲ့အခ်ိန္ အခုလို ေပါက္ကြဲၿပီး။ ႏွစ္ေယာက္ကေတာ့ ေနရာတင္ ေသတယ္။ သုံးေယာက္ကေတာ့ ဒဏ္ရာအေတာ္ေလး ဆိုးဝါးတယ္။ အဲဒီဒဏ္ရာရတဲ့သူေတြကို သူတို႔ တပ္စြဲထားတဲ့ က်ားတက္စာသင္ေက်ာင္းထဲ သယ္သြားတာျမင္လိုက္ရတယ္ လို႔ ေျပာပါတယ္။

အခုမိုင္းကြဲမႈဟာ အဖြဲ႕အစည္းတစ္ခုက မိုင္းေထာင္ေဖာက္ခြဲခဲ့တာမ်ိဳးမဟုတ္ဘဲ စစ္အာဏာရွင္ ေတာ္လွန္သူတေယာက္က တကိုယ္ေတာ္လႈပ္ရွားခဲ့တာျဖစ္တယ္လို႔ ေဒသခံ ျပည္သူကာကြယ္ေရးေဒါင္းနက္အဖြဲ႕ေခါင္းေဆာင္ ဆရာေပက ေျပာပါတယ္။

က်ေနာ့္အသိထဲက တကိုယ္ေတာ္ စစ္အာဏာရွင္ကို ေတာ္လွန္ေနတဲ့သူက ေဖာက္ခြဲခဲ့တာဗ်။ အခုလို တဦးခ်င္း တေယာက္ခ်င္းတိုင္းက စစ္အာဏာရွင္ကို ေတာ္လွန္သြားမယ္ဆိုရင္ ဒီေတာ္လွန္ေရးက အျမန္ဆုံးၿပီးဆုံးသြားမယ္။

စစ္ေကာင္စီရဲ႕ အၾကမ္းဖက္တပ္ဖြဲ႕ေတြဟာ တစ္ႏွစ္ေက်ာ္ၾကာ စစ္ကိုင္းတိုင္းက ျပည္သူ႕ကာကြယ္ေရးတပ္ေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမဲ့ လက္ရွိအခ်ိန္အထိ ထိန္းခ်ဳပ္နိုင္ျခင္းမရွိေသးပါဘူး။