မုံရွာ-သာစည်-အရာတော်ကားလမ်းမှာ ၁၂ ဘီးကား ၂ စီး လုယက်ခံရပြီး ၊ ကားသမားတွေ ပျောက်ဆုံးနေ
သြဂုတ် ၊ ၂၄-၂၀၂၂
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကံပြားကြီးကျေးရွာအနီး မုံရွာ-သာစည်-အရာတော်-ရွှေဘိုကားလမ်းမှာ မနေ့ သြဂုတ် ၂၃ ရက် ၊ ညနေပိုင်းက ၊ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကုန်တင်ကား ၂ စီးဟာ လုယက်ခံရတာကြောင့် ကားပေါ်ပါ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ကားသမားတွေ ပျောက်ဆုံးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
” ဆောက်လုပ်ရေး လုပ်ငန်းသုံး ၊ သံပင်တွေသယ်လာတဲ့ ၁၂ ဘီးကား ၂ စီး အလုခံရတာပါ ၊ ၁၈ မီလီမီတာ ဆိုက်နဲ့ ၁၆ မီလီမီတာ ဆိုက် သံပင်တွေ ကား ၁ စီးကို ၁၀ တန်ပါတယ် ၊ ကား ၂ စီးဆိုတော့ တန် ၂၀ အလုခံရတာဖြစ်တယ် ၊ ကားသမားတွေနဲ့ အဲ့ဒီ သံပင်တွေ ပျောက်နေတယ် “လို့ မုံရွာမြို့ခံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ မုံရွာမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက်ပိုင်းက အဲ့ဒီ ကုန်တင်ကား ၂ စီးကို ပြန်တွေ့ရတယ် ၊ ကံပြားကြီးရွာနဲ့ တဲကြီးကုန်းရွာအကြား ရေကျော်နားလေးမှာပါ ၊ ကားတွေသာ ပြန်တွေ့ရတာဖြစ်ပြီး ၊ ကားပေါ်ပါ ပစ္စည်းတွေနဲ့ ကားသမားတွေကိုတော့ ပြန်တွေ့ရတာ မရှိသေးဘူး “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တမူးမြို့နယ် ၊ တမူ – စေတီ ကားလမ်းမှာ ၆ ဘီးယာဥ် ကုန်တင်ကား ၁ စီး လုယက်ခံရပြီး ကားပေါ်ပါ စက်သုံးဆီ (ဒီဇယ်) ပေပါတွေ ပါသွားတယ်လို့ သိရပါတယ်။
” ကုန်တင်ကားတွေ ဓားပြတိုက် လုယက်ခံရတဲ့ လမ်းကြောင်းတွေက ရွှေဘို-မြစ်ကြီးနား အဝေးပြေးလမ်း ၊ ကလေး ၊ ကလေးဝ-တမူး လမ်းနဲ့ တမူး -စေတီ-ဟုမ္မလင်း လမ်းတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီအပြင် ခရီးတိုလမ်းပိုင်းတွေမှာလည်း ဓားပြတိုက် လုယက်ခံရတာတွေရှိတယ် ” လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။
အခုသြဂုတ်လ ၆ ရက်နေ့က ကလေး-ကလေးဝ တမူး ကားလမ်းပေါ်က တမူးမြို့နယ် ၊ နန့်မွန်းတာကျေးရွာနားမှာ ရွှေတံခွန် ကုန်စည်ပို့ဆောင်ရေး အသင်းက ၁၂ ဘီးကား ၁ စီးပေါ်က ကုန်စည်တွေ လုယက် ဓားပြတိုက်ခံရပြီး ကားပေါ်ပါ ကုန်ပစ္စည်းတွေ လုယက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။
အခုလ ၁ ရက်နေ့ ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က တမူးခရိုင် ၊ မြို့သစ်မြို့နယ်ခွဲ ၊ တမူး မြို့သစ်ကားလမ်း ၊ ဆရာစံကျေးရွာနားမှာ ဦးဖိုးပြား ဆိုတဲ့သူ မောင်းနှင်လာတဲ့ ကား ၁ စီးကို ကုန်ပစ္စည်းတွေရော ကားပါ လုယက်ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။
အခုလ ၅ ရက်နေ့ ညနေပိုင်း ၇ နာရီဝန်းကျင်ကလည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြစ်တော်ကျေးရွာနားမှာ ဦးဖိုဇော်နဲ့ ဦးမိုးမြင့် မောင်းနှင်လာတဲ့ ယာဥ် ၂ စီး လုယက်ခံရပြီး ယာဥ်ပေါ်ပါ ပစ္စည်းတွေနဲ့အတူ ယာဥ်ပါ လုယူဓားပြတိုက်ခံရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီး ကျေးရွာနားက ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ ဘိလပ်မြေအိတ် ၇ ရာ တင်ဆောင်လာတဲ့ နောက်တွဲယာဥ် တွဲကား ၁ စီး ကားရောပစ္စည်းပါ လုယက်ခံရတာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ် မဖြစ်ခင် ရက်ပိုင်းအလိုကလည်း အဲ့ဒီနေရာမှာ စက်သုံးဆီတွေ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လုယူဓားပြတိုက်ခံရတာကြောင့် ကားသမား ၁ ဦး သေဆုံးကာ ၊စပယ်ယာ ဖြစ်သူ ပျောက်ဆုံးနေတာ ဖြစ်ခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #မုံရွာ
Zawgyi(version)
မုံ႐ြာ-သာစည္-အရာေတာ္ကားလမ္းမွာ ၁၂ ဘီးကား ၂ စီး လုယက္ခံရၿပီး ၊ ကားသမားေတြ ေပ်ာက္ဆုံးေန
ၾသဂုတ္ ၊ ၂၄-၂၀၂၂
SP ( VOM)
စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕နယ္ ၊ ကံျပားႀကီးေက်း႐ြာအနီး မုံ႐ြာ-သာစည္-အရာေတာ္-ေ႐ႊဘိုကားလမ္းမွာ မေန႕ ၾသဂုတ္ ၂၃ ရက္ ၊ ညေနပိုင္းက ၊ ေဆာက္လုပ္ေရးပစၥည္းေတြ သယ္ေဆာင္လာတဲ့ ၁၂ ဘီးကုန္တင္ကား ၂ စီးဟာ လုယက္ခံရတာေၾကာင့္ ကားေပၚပါ ေဆာက္လုပ္ေရးပစၥည္းေတြနဲ႕ ကားသမားေတြ ေပ်ာက္ဆုံးေနတယ္လို႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။
” ေဆာက္လုပ္ေရး လုပ္ငန္းသုံး ၊ သံပင္ေတြသယ္လာတဲ့ ၁၂ ဘီးကား ၂ စီး အလုခံရတာပါ ၊ ၁၈ မီလီမီတာ ဆိုက္နဲ႕ ၁၆ မီလီမီတာ ဆိုက္ သံပင္ေတြ ကား ၁ စီးကို ၁၀ တန္ပါတယ္ ၊ ကား ၂ စီးဆိုေတာ့ တန္ ၂၀ အလုခံရတာျဖစ္တယ္ ၊ ကားသမားေတြနဲ႕ အဲ့ဒီ သံပင္ေတြ ေပ်ာက္ေနတယ္ “လို႔ မုံ႐ြာၿမိဳ႕ခံ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္တေယာက္က ေျပာပါတယ္။
အဲ့ဒီ ကိစၥနဲ႕ပတ္သက္လို႔ မုံ႐ြာၿမိဳ႕နယ္လုံၿခဳံေရးအဖြဲ႕နဲ႕ နီးစပ္သူတေယာက္က ” ဒီမနက္ပိုင္းက အဲ့ဒီ ကုန္တင္ကား ၂ စီးကို ျပန္ေတြ႕ရတယ္ ၊ ကံျပားႀကီး႐ြာနဲ႕ တဲႀကီးကုန္း႐ြာအၾကား ေရေက်ာ္နားေလးမွာပါ ၊ ကားေတြသာ ျပန္ေတြ႕ရတာျဖစ္ၿပီး ၊ ကားေပၚပါ ပစၥည္းေတြနဲ႕ ကားသမားေတြကိုေတာ့ ျပန္ေတြ႕ရတာ မရွိေသးဘူး “လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း တမူးၿမိဳ႕နယ္ ၊ တမူ – ေစတီ ကားလမ္းမွာ ၆ ဘီးယာဥ္ ကုန္တင္ကား ၁ စီး လုယက္ခံရၿပီး ကားေပၚပါ စက္သုံးဆီ (ဒီဇယ္) ေပပါေတြ ပါသြားတယ္လို႔ သိရပါတယ္။
” ကုန္တင္ကားေတြ ဓားျပတိုက္ လုယက္ခံရတဲ့ လမ္းေၾကာင္းေတြက ေ႐ႊဘို-ျမစ္ႀကီးနား အေဝးေျပးလမ္း ၊ ကေလး ၊ ကေလးဝ-တမူး လမ္းနဲ႕ တမူး -ေစတီ-ဟုမၼလင္း လမ္းေတြမွာ အျဖစ္မ်ားတယ္ ၊ အဲ့ဒီအျပင္ ခရီးတိုလမ္းပိုင္းေတြမွာလည္း ဓားျပတိုက္ လုယက္ခံရတာေတြရွိတယ္ ” လို႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္တဦးက ေျပာပါတယ္။
အခုၾသဂုတ္လ ၆ ရက္ေန႕က ကေလး-ကေလးဝ တမူး ကားလမ္းေပၚက တမူးၿမိဳ႕နယ္ ၊ နန့္မြန္းတာေက်း႐ြာနားမွာ ေ႐ႊတံခြန္ ကုန္စည္ပို႔ေဆာင္ေရး အသင္းက ၁၂ ဘီးကား ၁ စီးေပၚက ကုန္စည္ေတြ လုယက္ ဓားျပတိုက္ခံရၿပီး ကားေပၚပါ ကုန္ပစၥည္းေတြ လုယက္ခံရတာ ျဖစ္ပြားခဲ့ပါတယ္။
အခုလ ၁ ရက္ေန႕ ၊ ညေနပိုင္း ၃ နာရီဝန္းက်င္က တမူးခရိုင္ ၊ ၿမိဳ႕သစ္ၿမိဳ႕နယ္ခြဲ ၊ တမူး ၿမိဳ႕သစ္ကားလမ္း ၊ ဆရာစံေက်း႐ြာနားမွာ ဦးဖိုးျပား ဆိုတဲ့သူ ေမာင္းႏွင္လာတဲ့ ကား ၁ စီးကို ကုန္ပစၥည္းေတြေရာ ကားပါ လုယက္ဓားျပတိုက္ခံရတာ ျဖစ္ခဲ့ပါတယ္။
အခုလ ၅ ရက္ေန႕ ညေနပိုင္း ၇ နာရီဝန္းက်င္ကလည္း ေ႐ႊဘိုခရိုင္ ၊ ခင္ဦးၿမိဳ႕နယ္ ၊ ျမစ္ေတာ္ေက်း႐ြာနားမွာ ဦးဖိုေဇာ္နဲ႕ ဦးမိုးျမင့္ ေမာင္းႏွင္လာတဲ့ ယာဥ္ ၂ စီး လုယက္ခံရၿပီး ယာဥ္ေပၚပါ ပစၥည္းေတြနဲ႕အတူ ယာဥ္ပါ လုယူဓားျပတိုက္ခံရတာလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက ကသာခရိုင္ ၊ အင္းေတာ္ၿမိဳ႕နယ္ ၊ နတ္မဟုတ္ႀကီး ေက်း႐ြာနားက ေ႐ႊဘို-ျမစ္ႀကီးနားကားလမ္းမွာ ဘိလပ္ေျမအိတ္ ၇ ရာ တင္ေဆာင္လာတဲ့ ေနာက္တြဲယာဥ္ တြဲကား ၁ စီး ကားေရာပစၥည္းပါ လုယက္ခံရတာ ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
အဲ့ဒီ ျဖစ္စဥ္ မျဖစ္ခင္ ရက္ပိုင္းအလိုကလည္း အဲ့ဒီေနရာမွာ စက္သုံးဆီေတြ သယ္ေဆာင္လာတဲ့ ဆီေဘာက္ဆာကား ၁ စီး လုယူဓားျပတိုက္ခံရတာေၾကာင့္ ကားသမား ၁ ဦး ေသဆုံးကာ ၊စပယ္ယာ ျဖစ္သူ ေပ်ာက္ဆုံးေနတာ ျဖစ္ခဲ့ပါေသးတယ္။
#voiceofmyanmar #VOM #မုံ႐ြာ