လင်မယား နှစ်ယောက် မှားယွင်းပစ်သတ်ခံရမှုအတွက် Tiger Force Mandalay အဖွဲ့ မိသားစုကို…see more

လင်မယား နှစ်ယောက် မှားယွင်းပစ်သတ်ခံရမှုအတွက် Tiger Force Mandalay အဖွဲ့ မိသားစုကို အနူးအညွှတ်တောင်းပန်

ဆိုင်းမင်း/People’s Spring

မနေ့က မနက်ပိုင်း မန္တလေးမှာ လင်မယား နှစ်ယောက် ကို မှားယွင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်အတွက် ကျန်ရစ်သူ မိသားစုကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Tiger Force Mandalay က ဝန်ချတောင်းပန်လိုက်ပါတယ်။

ကျန်ရစ်သူမိသားစုနဲ့ ပြည်သူကို ညှိးငယ်စွာ တောင်းပန်ပါတယ်လို့ အဖွဲ့ ရဲ့ တာဝန်ခံ ဗိုလ်လရောင်က တောင်းပန်စာထုတ်ပြန်ထားပါတယ်။မရည်ရွယ်ဘဲ ဖြစ်သွားတဲ့အမှားအတွက် အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့မသက်ဆိုင်ဘဲ မိမိတို့မှ တာဝန်ယူမှု တာဝန်ခံမှု ရှိမှာဖြစ်ပြီး နောင်တချိန်မှာအပြစ်အတွက် ခံယူသွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် နစ်နာသူမိသားစုနဲ့တကွ မိဘပြည်သူတွေကိုလည်းအနူးအညွှတ်တောင်းပန်ထားတယ်လို့ ပြောထားပါတယ်။မနေ့က မနက်ပိုင်းမှာ ဆိုင်ကယ်စီး လင်မယား ဟာ သေနတ်နဲ့ပစ်ခတ်ခံရလို့နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ သတင်းပေးရဲ့ သတင်းပေးမှုအရ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီရဲမှူး ရဲ့ လူပုံစံ၊ ဆိုင်ကယ်ပုံစံ နဲ့ ကိုက်ညီတဲ့အတွက် ရှင်းလင်းရာမှာ မရည်ရွယ်ဘဲလူမှားသွားတာဖြစ်တယ်လို့
Tiger Force Mandalay က ရှင်းလင်းထားပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးသွားသူဟာ အရပ်သားပြည်သူတွေဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် သမီးငယ်ကိုကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

Zawgyi(version)

လင္မယား ႏွစ္ေယာက္ မွားယြင္းပစ္သတ္ခံရမႈအတြက္ Tiger Force Mandalay အဖြဲ႕ မိသားစုကို အႏူးအၫႊတ္ေတာင္းပန္

ဆိုင္းမင္း/People’s Spring

မေန႕က မနက္ပိုင္း မႏၱေလးမွာ လင္မယား ႏွစ္ေယာက္ ကို မွားယြင္းပစ္ခတ္ခဲ့တဲ့ျဖစ္စဥ္အတြက္ က်န္ရစ္သူ မိသားစုကို မႏၱေလးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ Tiger Force Mandalay က ဝန္ခ်ေတာင္းပန္လိုက္ပါတယ္။

က်န္ရစ္သူမိသားစုနဲ႕ ျပည္သူကို ညွိးငယ္စြာ ေတာင္းပန္ပါတယ္လို႔ အဖြဲ႕ ရဲ႕ တာဝန္ခံ ဗိုလ္လေရာင္က ေတာင္းပန္စာထုတ္ျပန္ထားပါတယ္။မရည္႐ြယ္ဘဲ ျဖစ္သြားတဲ့အမွားအတြက္ အျခားေသာ ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႕မသက္ဆိုင္ဘဲ မိမိတို႔မွ တာဝန္ယူမႈ တာဝန္ခံမႈ ရွိမွာျဖစ္ၿပီး ေနာင္တခ်ိန္မွာအျပစ္အတြက္ ခံယူသြားမယ္လို႔ ဆိုထားပါတယ္။

ဒါအျပင္ နစ္နာသူမိသားစုနဲ႕တကြ မိဘျပည္သူေတြကိုလည္းအႏူးအၫႊတ္ေတာင္းပန္ထားတယ္လို႔ ေျပာထားပါတယ္။မေန႕က မနက္ပိုင္းမွာ ဆိုင္ကယ္စီး လင္မယား ဟာ ေသနတ္နဲ႕ပစ္ခတ္ခံရလို႔ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ရပါတယ္။

အဲဒီျဖစ္စဥ္ဟာ သတင္းေပးရဲ႕ သတင္းေပးမႈအရ စစ္ေကာင္စီလက္ေအာက္ခံ စီအိုင္ဒီရဲမႉး ရဲ႕ လူပုံစံ၊ ဆိုင္ကယ္ပုံစံ နဲ႕ ကိုက္ညီတဲ့အတြက္ ရွင္းလင္းရာမွာ မရည္႐ြယ္ဘဲလူမွားသြားတာျဖစ္တယ္လို႔
Tiger Force Mandalay က ရွင္းလင္းထားပါတယ္။

ဒီျဖစ္စဥ္မွာ ေသဆုံးသြားသူဟာ အရပ္သားျပည္သူေတြျဖစ္ၿပီး အသက္ ၁၀ ႏွစ္အ႐ြယ္ သမီးငယ္ကိုေက်ာင္းပို႔ၿပီးအျပန္မွာ ပစ္ခတ္ခံခဲ့ရတာပဲျဖစ္ပါတယ္။