နှစ်ဖက် အကျအဆုံး များပြားခဲ့တဲ့ ပုလဲနှင့် မြိုင်နယ်စပ် တိုက်ပွဲ(ရုပ်သံ)

နှစ်ဖက် အကျအဆုံး များပြားခဲ့တဲ့ ပုလဲနှင့် မြိုင်နယ်စပ် တိုက်ပွဲ၊
ဖက်ဆစ်တပ်သား (၁၀)ကျော် သေပြီး ပြည်သူ့ရဲဘော် ခြောက်ဦး ကျကာ ခုနစ်ဦး ဒဏ်ရာရ၊

MFP၊ သြဂုတ် – ၂၄

ရဟတ်ယာဉ်တွေနဲ့ ချထားပေးပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်နယ်အစပ်က ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အင်အား (၁၀၀)ကျော်ပါ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး များပြားတယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ် (ဌာနချုပ်) က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၂)နှင့် (၂၃)ရက်က ပုလဲနှင့် မြိုင်နယ်အစပ်မှာ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်တွေ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖက်ဆစ်တပ်သား (၁၃)ယောက်ထက်မနည်း သေသလို ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မကွေး ပေါက်နယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းပြီးနောက် သြဂုတ် (၂၀)ရက်မှာ ရဟတ်ယာဉ်နှစ်စင်းနဲ့ ပုလဲနယ်ထဲ ဝင်လာတဲ့ ဖက်ဆစ်တပ်ဟာ အင်အား ဖြန့်ခွဲပြီးနောက် ပုလဲနယ်က လယ်ဓမ္မ၊ ထန်းကင်းကြီး၊ ပေပင်နဲ့ မြိုင်နယ် ငါးမြောင်းကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှို့ သ-တ်-ဖြတ်နေလို့ ဒေသကာကွယ်ရေး တပ်တွေက ခုခံတိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲ ပြင်းထန်းခဲ့တာလို့ ပုလဲ PDF (ဌာနချုပ်) က ဖော်ပြပါတယ်။

ပထမနေ့ တိုက်ပွဲအဖြစ် သြဂုတ်(၂၂)ရက် ညနေပိုင်းက မြိုင်နယ် သဒွတ်ကျေးရွာ အနောက်ဘက် လုယက်သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ပုလဲ PDF (ဌာနချုပ်)(ပုလဲတပ်ရင်း-၂)၊ ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားပြောက်ကျားတပ်ဖွဲ၊ 7 Star နှင့် ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြောက်ကျားကြီး ခြုံခိုတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပါတယ်။ ဖြစ်ပွားချိန် နာရီဝက်ခန့် ကြာမြင့်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ရှစ်ဦး ထက်မနည်း ကျဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပုလဲ PDF (ဌာနချုပ်)က ဖော်ပြပါတယ်။

ပထမနေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖက်ဆစ်တပ်ဟာ သဒွတ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းခဲ့ပြီး အိမ်ခြေ (၁၀၀)ကျင်ရှိတဲ့ သဒွတ်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလဲ PDF (ဌာနချုပ်) တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

နောက်တစ်နေ့ သြဂုတ်(၂၃)ရက် မနက်ပိုင်းမှာ သဒွတ်ရွာထဲ မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်နှင့် ပုလဲ PDF (ဌာနချပ်) (ပုလဲတပ်ရင်း ၂ )၊ ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားပြောက်ကျားတပ်ဖွဲ၊ People Revolution Army နှင့် ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက ဆက်လက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ ဖက်ဆစ်တပ်သား ငါးယောက်ထက်မနည်း သေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဘက်က ခြောက်ဦးကျဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။

“သဒွတ်က ထွက်လာတဲ့ စစ်ကြောင်းကို မနက်(၁၀)နာရီ (၄၅)လောက်က စပြီး တိုက်ခိုက်တာဟာ အဲဒီနေ့က ကျနော်တို့ ဘက်ကလည်း ရဲဘော်တွေ အကျအဆုံး ရှိခဲ့တော့ ရုပ်အလောင်းတွေ ပြန်သယ်ထုတ်တာနဲ့ ဘာနဲ့ဆိုတော့ ညနေ(၃)နာရီခွဲလောက်ထိ ကြာသွားတယ်” လို့ ပုလဲ PDF (ဌာနချုပ်)တပ်ဖွဲ့ဝင် ရဲဘော်က ပြောပါတယ်။

ဖက်ဆစ်တပ်ဟာ သဒွတ်ရွာကနေ မြိုင်နယ် ဗဟင်းရဲစခန်းထဲ ညအိပ်ခဲ့ပြီး ဒီကနေ့ သြဂုတ် (၂၄)ရက် မနက်ပိုင်းမှာ ဗဟင်းက ထွက်လာနေပေမယ့် ဘယ်ကို ဦးတည်မယ်ဆိုတာ မသိရသေးဘူးလို အထက်ပါ ရဲဘော်က ရှင်းပြပါတယ်။

လက်ရှိမှာ ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီး သောင်းကျန်းနေလို့ သဒွတ်နှင့် ပေါက်ခေါင်းရွာတွေက နေအိမ်တွေ မီးလောင်ပြာကျခဲ့သလို အနီးဝန်းကျင် ကျေးရွာတွေက ရာထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ရဆဲ ဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

ႏွစ္ဖက္ အက်အဆုံး မ်ားျပားခဲ့တဲ့ ပုလဲႏွင့္ ၿမိဳင္နယ္စပ္ တိုက္ပြဲ၊
ဖက္ဆစ္တပ္သား (၁၀)ေက်ာ္ ေသၿပီး ျပည္သူ႕ရဲေဘာ္ ေျခာက္ဦး က်ကာ ခုနစ္ဦး ဒဏ္ရာရ၊

MFP၊ ၾသဂုတ္ – ၂၄

ရဟတ္ယာဥ္ေတြနဲ႕ ခ်ထားေပးၿပီး စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ၿမိဳင္နယ္အစပ္က ႐ြာေတြထဲ ဝင္ေမႊလုယက္ ေသာင္းက်န္းေနတဲ့ အင္အား (၁၀၀)ေက်ာ္ပါ ဖက္ဆစ္တပ္ႏွင့္ ေဒသကာကြယ္ေရး ပူးေပါင္းတပ္ေတြက ႏွစ္ရက္ဆက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အထိအခိုက္ အက်အဆုံး မ်ားျပားတယ္လို႔ ပုလဲ ျပည္သူ႕ကာကြယ္ေရးတပ္ (ဌာနခ်ဳပ္) က သတင္း ထုတ္ျပန္ပါတယ္။

ၾသဂုတ္(၂၂)ႏွင့္ (၂၃)ရက္က ပုလဲႏွင့္ ၿမိဳင္နယ္အစပ္မွာ ဖက္ဆစ္တပ္ႏွင့္ ေဒသကာကြယ္ေရး တပ္ေတြ ႏွစ္ရက္ဆက္ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ဖက္ဆစ္တပ္သား (၁၃)ေယာက္ထက္မနည္း ေသသလို ျပည္သူ႕ရဲေဘာ္ ေျခာက္ဦး က်ဆဳံးၿပီး ခုႏွစ္ဦး ဒဏ္ရာရတယ္လို႔ ဆိုပါတယ္။

မေကြး ေပါက္နယ္ထဲ ထင္တိုင္းက်ဲ ေသာင္းက်န္းၿပီးေနာက္ ၾသဂုတ္ (၂၀)ရက္မွာ ရဟတ္ယာဥ္ႏွစ္စင္းနဲ႕ ပုလဲနယ္ထဲ ဝင္လာတဲ့ ဖက္ဆစ္တပ္ဟာ အင္အား ျဖန႔္ခြဲၿပီးေနာက္ ပုလဲနယ္က လယ္ဓမၼ၊ ထန္းကင္းႀကီး၊ ေပပင္နဲ႕ ၿမိဳင္နယ္ ငါးေျမာင္းေက်း႐ြာေတြထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ေသာင္းက်န္း မီးရွို႔ သ-တ္-ျဖတ္ေနလို႔ ေဒသကာကြယ္ေရး တပ္ေတြက ခုခံတိုက္ခိုက္ရာကေန ႏွစ္ရက္ဆက္ တိုက္ပြဲ ျပင္းထန္းခဲ့တာလို႔ ပုလဲ PDF (ဌာနခ်ဳပ္) က ေဖာ္ျပပါတယ္။

ပထမေန႕ တိုက္ပြဲအျဖစ္ ၾသဂုတ္(၂၂)ရက္ ညေနပိုင္းက ၿမိဳင္နယ္ သဒြတ္ေက်း႐ြာ အေနာက္ဘက္ လုယက္ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို ပုလဲ PDF (ဌာနခ်ဳပ္)(ပုလဲတပ္ရင္း-၂)၊ ပုလဲတပ္ရင္း(၁)၊ ပုလဲတပ္ရင္း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားေျပာက္က်ားတပ္ဖြဲ၊ 7 Star ႏွင့္ ေဒသခံ PDF ေတြက ေျပာက္က်ားစနစ္နဲ႕ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

“ေျပာက္က်ားႀကီး ၿခဳံခိုတိုက္ခိုက္ရာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြါးခဲ့ပါတယ္။ ျဖစ္ပြားခ်ိန္ နာရီဝက္ခန႔္ ၾကာျမင့္ၿပီး အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ရွစ္ဦး ထက္မနည္း က်ဆဳံးနိုင္ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္” လို႔ ပုလဲ PDF (ဌာနခ်ဳပ္)က ေဖာ္ျပပါတယ္။

ပထမေန႕ တိုက္ပြဲ ျဖစ္ပြားၿပီးေနာက္ ဖက္ဆစ္တပ္ဟာ သဒြတ္႐ြာထဲ ဝင္ေမႊလုယက္ ေသာင္းက်န္းခဲ့ၿပီး အိမ္ေျခ (၁၀၀)က်င္ရွိတဲ့ သဒြတ္႐ြာကို ႐ြာလုံးကြၽတ္ မီးရွို႔ဖ်က္ဆီးခဲ့တယ္လို႔ ပုလဲ PDF (ဌာနခ်ဳပ္) ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးက MFP ကို ေျပာပါတယ္။

ေနာက္တစ္ေန႕ ၾသဂုတ္(၂၃)ရက္ မနက္ပိုင္းမွာ သဒြတ္႐ြာထဲ မီးရွိဖ်က္ဆီးၿပီး ျပန္ထြက္လာတဲ့ ဖက္ဆစ္တပ္ႏွင့္ ပုလဲ PDF (ဌာနခ်ပ္) (ပုလဲတပ္ရင္း ၂ )၊ ပုလဲတပ္ရင္း(၁)၊ ပုလဲတပ္ရင္း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားေျပာက္က်ားတပ္ဖြဲ၊ People Revolution Army ႏွင့္ ေဒသကာကြယ္ေရး မဟာမိတ္ တပ္ေပါင္းစုေတြက ဆက္လက္ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီတိုက္ပြဲမွာ ဖက္ဆစ္တပ္သား ငါးေယာက္ထက္မနည္း ေသၿပီး ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲေတြဘက္က ေျခာက္ဦးက်ဆဳံးကာ ခုနစ္ဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို ဆိုပါတယ္။

“သဒြတ္က ထြက္လာတဲ့ စစ္ေၾကာင္းကို မနက္(၁၀)နာရီ (၄၅)ေလာက္က စၿပီး တိုက္ခိုက္တာဟာ အဲဒီေန႕က က်ေနာ္တို႔ ဘက္ကလည္း ရဲေဘာ္ေတြ အက်အဆုံး ရွိခဲ့ေတာ့ ႐ုပ္အေလာင္းေတြ ျပန္သယ္ထုတ္တာနဲ႕ ဘာနဲ႕ဆိုေတာ့ ညေန(၃)နာရီခြဲေလာက္ထိ ၾကာသြားတယ္” လို႔ ပုလဲ PDF (ဌာနခ်ဳပ္)တပ္ဖြဲ႕ဝင္ ရဲေဘာ္က ေျပာပါတယ္။

ဖက္ဆစ္တပ္ဟာ သဒြတ္႐ြာကေန ၿမိဳင္နယ္ ဗဟင္းရဲစခန္းထဲ ညအိပ္ခဲ့ၿပီး ဒီကေန႕ ၾသဂုတ္ (၂၄)ရက္ မနက္ပိုင္းမွာ ဗဟင္းက ထြက္လာေနေပမယ့္ ဘယ္ကို ဦးတည္မယ္ဆိုတာ မသိရေသးဘူးလို အထက္ပါ ရဲေဘာ္က ရွင္းျပပါတယ္။

လက္ရွိမွာ ဖက္ဆစ္တပ္က မီးရွို႔ဖ်က္ဆီး ေသာင္းက်န္းေနလို႔ သဒြတ္ႏွင့္ ေပါက္ေခါင္း႐ြာေတြက ေနအိမ္ေတြ မီးေလာင္ျပာက်ခဲ့သလို အနီးဝန္းက်င္ ေက်း႐ြာေတြက ရာေထာင္ခ်ီတဲ့ ေဒသခံျပည္သူေတြ ေဘးလြတ္ရာ ထြက္ေျပးေနၾကရဆဲ ျဖစ္ပါတယ္။