ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှိ့နေတဲ့ ဖက်ဆစ်တပ်ကို နှစ်ရက်ဆက် တိုက်ခိုက်၊
MFP ၊ သြဂုတ် – ၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာက စတင်ပြီး ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ်တပ်သားတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၂၃)ရက် မနေ့က ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေး၀ လမ်းပေါ်က အင်တိုင်းတော ရွာထဲ ဝင်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စကစဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပါသည်။ KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိထားပါသည်။ ရဲဘော်တစ်ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါသည်” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကနီနယ် ကျောက်လုံးကြီး တပ်မဟာ – KLG PDF က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုမှာ ဖက်ဆစ်တပ်သား (၂၀)ခန့် သေမယ်လို့ ခန့်မှန်းရကြောင်းနှင့် ဖက်ဆစ်တပ်က အင်တိုင်းတောရွာထဲက နေအိမ် ငါးလုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရွှေတြိဂံ ပြည့်သူ့ကာကွယ်ရေး တပ်ရင်း – GTF က ဖော်ပြပါတယ်။
မုံတိုင်ပင်ရွာက အစပြုပြီး ယင်းမာပင်၊ ပုလဲနှင့် ကနိနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ လုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို ရန်ပြု သ-တ်-ဖြတ်နေတဲ့ အင်အား(၁၅၀)ခန့်ပါ ဖက်ဆစ်တပ်ကို ရွှေတြိဂံတပ်ရင်း(GTF)၊ B21 ၊ DGF ၊ နဂါးညီနောင် ၊ CGYDF၊ KLG၊ အမိမြေတော်လှန်ရေးအဖွဲ့၊ မြောက်ယမားတပ်ရင်း၊ ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစု၊ Alpha စစ်ကြောင်း၊ Chindwin Brothers ၊ ဒေသကာကွယ်ရေး တပ်တွေနှင့် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့ သြဂုတ်(၂၄)ရက် မနက်ပိုင်း မုံရွာ – ယာကြီး – ကလေးဝလမ်း၊ အင်းတိုင်းတောရွာအနီး ဆက်လက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ရွှေတြိဂံတပ်ရင်း(GTF)နှင့် B21 ပူးပေါင်း တပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်ဘက်က အသေအပျောက် ရှိနိုင်သလို GTF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး လက်မောင်းကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ GTF က ထုတ်ပြန်ထားပါတယ်။
ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ခဲယမ်း လိုအပ်နေပြီး အများပြည်သူက ထောက်ပံ့ကူညီပေးကြဖို့လည်း ဒေသကာကွယ်ရေး တပ်တွေက မေတ္တာရပ်ခံထားပါတယ်။
ရင်ပေါင်တိုင်းရွာက စတင်ပြီး ယင်းမာပင်၊ ပုလဲ၊ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို တိုက်ခိုက်စဉ်/Video – GTF
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
ကနီနယ္ထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ ေသာင္းက်န္း မီးရွိ့ေနတဲ့ ဖက္ဆစ္တပ္ကို ႏွစ္ရက္ဆက္ တိုက္ခိုက္၊
MFP ၊ ၾသဂုတ္ – ၂၄
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္႐ြာက စတင္ၿပီး ယင္းမာပင္၊ ပုလဲႏွင့္ ကနီၿမိဳ႕နယ္ထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို မေန႕ကနဲ႕ ဒီေန႕ ႏွစ္ရက္ဆက္ တိုက္ခိုက္ခဲ့ၿပီး ဖက္ဆစ္တပ္သားေတြ အေသအေပ်ာက္ ရွိနိုင္တယ္လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတင္း ထုတ္ျပန္ပါတယ္။
ၾသဂုတ္(၂၃)ရက္ မေန႕က ကနီၿမိဳ႕နယ္၊ မုံ႐ြာ – ယာႀကီး – ကေလး၀ လမ္းေပၚက အင္တိုင္းေတာ ႐ြာထဲ ဝင္ေမႊ ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို ေဒသကာကြယ္ေရး တပ္ေတြက လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႕ ပစ္ခတ္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
စကစဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားနိုင္ပါသည္။ KLG PDF (ေက်ာက္လုံးႀကီး) အဖြဲ႕မွ ရဲေဘာ္ႏွစ္ဦး ထိခိုက္ ဒဏ္ရာ ရရွိထားပါသည္။ ရဲေဘာ္တစ္ဦးမွာ စိုးရိမ္ရတဲ့ အေနအထားမွာ ရွိပါသည္ လို႔ တိုက္ပြဲမွာ ပါဝင္ခဲ့တဲ့ ကနီနယ္ ေက်ာက္လုံးႀကီး တပ္မဟာ – KLG PDF က ေဖာ္ျပပါတယ္။
အဲ့ဒီ တိုက္ခိုက္မႈမွာ ဖက္ဆစ္တပ္သား (၂၀)ခန႔္ ေသမယ္လို႔ ခန႔္မွန္းရေၾကာင္းႏွင့္ ဖက္ဆစ္တပ္က အင္တိုင္းေတာ႐ြာထဲက ေနအိမ္ ငါးလုံးကို မီးရွို႔ ဖ်က္ဆီးခဲ့တယ္လို႔ ေ႐ႊႀတိဂံ ျပည့္သူ႕ကာကြယ္ေရး တပ္ရင္း – GTF က ေဖာ္ျပပါတယ္။
မုံတိုင္ပင္႐ြာက အစျပဳၿပီး ယင္းမာပင္၊ ပုလဲႏွင့္ ကနိနယ္ထဲ လက္နက္အားကိုးႏွင့္ ထင္တိုင္းက်ဲ လုယက္ ေသာင္းက်န္းကာ ေဒသခံျပည္သူေတြကို ရန္ျပဳ သ-တ္-ျဖတ္ေနတဲ့ အင္အား(၁၅၀)ခန႔္ပါ ဖက္ဆစ္တပ္ကို ေ႐ႊႀတိဂံတပ္ရင္း(GTF)၊ B21 ၊ DGF ၊ နဂါးညီေနာင္ ၊ CGYDF၊ KLG၊ အမိေျမေတာ္လွန္ေရးအဖြဲ႕၊ ေျမာက္ယမားတပ္ရင္း၊ ဆားလင္းႀကီး မဟာမိတ္တပ္ေပါင္းစု၊ Alpha စစ္ေၾကာင္း၊ Chindwin Brothers ၊ ေဒသကာကြယ္ေရး တပ္ေတြႏွင့္ မဟာမိတ္တပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
ဒီေန႕ ၾသဂုတ္(၂၄)ရက္ မနက္ပိုင္း မုံ႐ြာ – ယာႀကီး – ကေလးဝလမ္း၊ အင္းတိုင္းေတာ႐ြာအနီး ဆက္လက္ ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို ေ႐ႊႀတိဂံတပ္ရင္း(GTF)ႏွင့္ B21 ပူးေပါင္း တပ္ေတြက ထပ္မံ တိုက္ခိုက္ခဲ့ရာ ဖက္ဆစ္တပ္ဘက္က အေသအေပ်ာက္ ရွိနိုင္သလို GTF တပ္ဖြဲ႕ဝင္ ရဲေဘာ္တစ္ဦး လက္ေမာင္းက်ည္ထိမွန္ ဒဏ္ရာ ရရွိခဲ့တယ္လို႔ GTF က ထုတ္ျပန္ထားပါတယ္။
ဖက္ဆစ္တပ္ကို ခုခံတိုက္ခိုက္ေနတဲ့ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြ အေနနဲ႕ လက္နက္ခဲယမ္း လိုအပ္ေနၿပီး အမ်ားျပည္သူက ေထာက္ပံ့ကူညီေပးၾကဖို႔လည္း ေဒသကာကြယ္ေရး တပ္ေတြက ေမတၱာရပ္ခံထားပါတယ္။
ရင္ေပါင္တိုင္း႐ြာက စတင္ၿပီး ယင္းမာပင္၊ ပုလဲ၊ ကနီနယ္ထဲ ႐ြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို တိုက္ခိုက္စဥ္/Video GTF