ကျွန်းလှတိုက်ပွဲ စကစရဲ့ သုံးပွင့်နှစ်ယောက်နှင့် တစ်ပွင့်တစ်ယောက် အရှင်ဖမ်းမိ၊
သိမ်းဆည်း ရရှိတဲ့ လက်နက်အမျိုးအစားတွေ အတည်ပြု ထုတ်ပြန်၊
MFP၊ သြဂုတ် – ၂၄
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှနယ်မြို့နယ် မြောက်ခြမ်းက ညောင်းကုန်းရွာကို ဝင်မွှေလုယက် မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အင်အား(၆၀)ကျော်ပါ ဖက်ဆစ်တပ်ကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီး သုံးပွင့်နှစ်ယောက်နှင့် တစ်ပွင့်တစ်ယောက် အရှင်ဖမ်းမိသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂)က အတည်ပြု ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်(၂၃)ရက် မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ကျွန်းလှတိုက်ပွဲကနေ အရှင်ဖမ်းမိခဲ့တဲ့ ဖက်ဆစ်တပ်ဖွဲ့ဝင်တွေဟာ ခြေမြန်တပ်ရင်း – ခမရ (၃၆၅)က သုံးပွင့်ဗိုလ်ကြီး ျနှစ်ယောက်နှင့် တစ်ပွင့်ဗိုလ်လေး တစ်ယောက်၊ စုစုပေါင်း သုံးယောက် ဖြစ်တယ်လို့ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ဆိုပါတယ်။
သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေဟာ MA-1 သေနတ် ခုနှစ်လက်၊ MA-2 သေနတ် နှစ်လက်၊ MA-3 သေနတ် ခုနှစ်လက်၊ MA-4 သေနတ် တစ်လက်၊ (၆၀-မမ) ပြောင်းတို နှစ်လက်၊ RPG တစ်လက်၊ RPG ကျည် နှစ်လုံး၊ MA ကျည်ဘောက် (၅၅)ဘောက်၊ (၆၀-မမ)ကျည် (၁၈)လုံး၊ (5.56)ကျည် (၁၈၆၇)တောင့်၊ (၄၀-မမ) ကျည် ခြောက်လုံး၊ အီနာဂါ ဗုံးသီး လေးလုံး၊ ဦးထုပ် ခြောက်လုံး၊ နင်းမိုင်း ငါးလုံး၊ Icon (စကားပြောစက်) ငါးလုံး၊ လက်လုပ်တူမီး တစ်လက်၊ လက်လုပ်တစ်ထောင့်ထိုး သေနတ် တစ်လက်၊ မီးကျည် နှစ်ထောင့်၊ Jumper တစ်ခု၊ မပတ နှစ်ခု၊ (84-mm) ပြောင်း တစ်လက်၊ (84-mm) နှစ်ခု၊ MA Pistol (ပစ္စတိုသေနတ်) တစ်လက်နှင့် ကျည်ဘောက် နှစ်ခုတို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အင်တာနက် အခက်အခဲကြောင့် မှတ်တမ်းပုံတွေ မဖော်ပြနိုင်သေးပေမယ့် တိုက်ပွဲဝင်နေတဲ့ ဗိုလ်တာင်ပြန်ရဲ့ သတင်းပေးမှုအရ အထက်ပါအတိုင်း ဖက်ဆစ်တပ်ဘက်က သုံးယောက် ဖမ်းမိပြီး လက်နက်ခဲယမ်း အအများအပြား သိမ်းဆည်း ရရှိခဲ့တာလို့ ဗိုလ်ရောင်နီက ဆိုပါတယ်။
ဒီကနေ့ သြဂုတ်(၂၃)ရက် မနက်(၉)နာရီကျော်က ရွာမီးရှို့ပြီး ပြန်ထွက်လာတဲ့ ဖက်ဆစ်တပ်ကို ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်းနယ်စပ်၊ အောင်ချမ်းသာရွာနှင့် လက်ခုပ္ပင်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် သုံးနာရီကျော် ကြာမြင့်ခဲ့တာပါ။
အဲ့ဒီ တိုက်ပွဲမှာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီး လက်နက်ကြီး၊ လက်နက်ငယ် ငါးကြင်းမြီး၊ RPG နှင့် ကျည်တွေ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို ဒေါင်းနီ (ကောလင်း ပ.က.ဖ) အဖွဲ့၊ နဂါးနီ (ကောလင်း ပ.က.ဖ)အဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် ကန့်ဘလူနယ်က ဒေသကာကွယ်ရေး အဖွဲတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
တိုက်ပွဲမှာ အထိနာသွားတဲ့ ဖက်ဆစ်တပ်ဟာ နေ့လည် (၁၂)နာရီကျော်မှာ ဖက်ဆစ်တပ်သား အင်အား(၅၀)ခန့်ကို (Mi-17) ရဟတ်ယာဉ်တစ်စီးနဲ့ နှစ်ခေါက်ပြန်ကာ စစ်ကူလာပို့သလို (Mi-35)ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်၊ ဂျက်ဖိုက်တာ (YAK-130) တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေကြောင်းပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။
“သုံးခေါက်မြောက်က (Mi-35) (ရဟတ်ယာဉ်)နဲ့ မဟုတ်ဘဲ တိုက်လေယာဉ်နဲ့ ပစ်သွားတယ်” လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က MFP ကို ပြောပါတယ်။
ဖက်ဆစ်တပ်က လေကြောင်းသုံးပြီး စစ်ကူလာချပေးတဲ့ အင်အား(၅၀)လောက်ဟာ လက်ရှိမှာ အောင်ချမ်းသာရွာနှင့် လခုပ္ပင်ရွာတွေနား ရှိနေသေးပြီး တန့်ဆည်နယ် နဘတ်ကျင်းရွာဘက်မှာ ရှိနေတဲ့ ဖက်ဆစ်တပ်အတွက် စစ်ကူအဖြစ် လာပို့တာလို့ အကြမ်းဖျဉ်း သိရတဲ့အကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲက ဆိုပါတယ်။
ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပြီး လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်း သုံးမြိုနယ် အစပ်ဖြစ်ပြီး အောင်ချမ်းသာရွာက ကောလင်းနယ်ထဲပါပြီး လက်ခုပ္ပင်ရွာက ကန့်ဘလူနယ်ထဲက ဖြစ်ကြောင်း၊ ဖက်ဆစ်တပ်က မီးရှိဖျက်ဆီးခဲ့တဲ့ ညောင်ကုန်းရွာက ကျွန်းလှနယ်ထဲက ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖက်ဆစ်တပ်ဟာ သြဂုတ် (၂၂)ရက် မနေ့ကတည်းက ညောင်းကုန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပြီး ဖက်ဆစ်တပ်က မီးရှို့လို့ ညောင်ကုန်းရွာက နေအိမ်အလုံး (၃၀)ကျော် မီးလောင် ပြာကျခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့ ကန့်ဘလူခရိုင် PDF တပ်ရင်း (၂) ရြဘော်တွေ/Photo – ကန့်ဘလူခရိုင် PDF တပ်ရင်း(၂)
Zawgyi(version)
ကြၽန္းလွတိုက္ပြဲ စကစရဲ႕ သုံးပြင့္ႏွစ္ေယာက္ႏွင့္ တစ္ပြင့္တစ္ေယာက္ အရွင္ဖမ္းမိ၊
သိမ္းဆည္း ရရွိတဲ့ လက္နက္အမ်ိဳးအစားေတြ အတည္ျပဳ ထုတ္ျပန္၊
MFP၊ ၾသဂုတ္ – ၂၄
စစ္ကိုင္းတိုင္း ကန႔္ဘလူခရိုင္၊ ကြၽန္းလွနယ္ၿမိဳ႕နယ္ ေျမာက္ျခမ္းက ေညာင္းကုန္း႐ြာကို ဝင္ေမႊလုယက္ မီးရွိဖ်က္ဆီးၿပီး ျပန္ထြက္လာတဲ့ အင္အား(၆၀)ေက်ာ္ပါ ဖက္ဆစ္တပ္ကို ဒီမနက္ပိုင္း ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့ရာ ဖက္ဆစ္တပ္သား (၃၀)ေက်ာ္ ေသၿပီး သုံးပြင့္ႏွစ္ေယာက္ႏွင့္ တစ္ပြင့္တစ္ေယာက္ အရွင္ဖမ္းမိသလို လက္နက္ခဲယမ္း အမ်ားအျပား သိမ္းဆည္း ရရွိတယ္လို႔ ကန႔္ဘလူခရိုင္ PDF တပ္ရင္း (၂)က အတည္ျပဳ ထုတ္ျပန္ပါတယ္။
ဒီေန႕ ၾသဂုတ္(၂၃)ရက္ မနက္ပိုင္း ျဖစ္ပြားခဲ့တဲ့ ကြၽန္းလွတိုက္ပြဲကေန အရွင္ဖမ္းမိခဲ့တဲ့ ဖက္ဆစ္တပ္ဖြဲ႕ဝင္ေတြဟာ ေျချမန္တပ္ရင္း – ခမရ (၃၆၅)က သုံးပြင့္ဗိုလ္ႀကီး ျနှစ်ယောက်နှင့် တစ္ပြင့္ဗိုလ္ေလး တစ္ေယာက္၊ စုစုေပါင္း သုံးေယာက္ ျဖစ္တယ္လို႔ ကန႔္ဘလူခရိုင္ PDF တပ္ရင္း (၂)ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ေရာင္နီက ဆိုပါတယ္။
သိမ္းဆည္း ရရွိခဲ့တဲ့ လက္နက္၊ ခဲယမ္းေတြဟာ MA-1 ေသနတ္ ခုႏွစ္လက္၊ MA-2 ေသနတ္ ႏွစ္လက္၊ MA-3 ေသနတ္ ခုႏွစ္လက္၊ MA-4 ေသနတ္ တစ္လက္၊ (၆၀-မမ) ေျပာင္းတို ႏွစ္လက္၊ RPG တစ္လက္၊ RPG က်ည္ ႏွစ္လုံး၊ MA က်ည္ေဘာက္ (၅၅)ေဘာက္၊ (၆၀-မမ)က်ည္ (၁၈)လုံး၊ (5.56)က်ည္ (၁၈၆၇)ေတာင့္၊ (၄၀-မမ) က်ည္ ေျခာက္လုံး၊ အီနာဂါ ဗုံးသီး ေလးလုံး၊ ဦးထုပ္ ေျခာက္လုံး၊ နင္းမိုင္း ငါးလုံး၊ Icon (စကားေျပာစက္) ငါးလုံး၊ လက္လုပ္တူမီး တစ္လက္၊ လက္လုပ္တစ္ေထာင့္ထိုး ေသနတ္ တစ္လက္၊ မီးက်ည္ ႏွစ္ေထာင့္၊ Jumper တစ္ခု၊ မပတ ႏွစ္ခု၊ (84-mm) ေျပာင္း တစ္လက္၊ (84-mm) ႏွစ္ခု၊ MA Pistol (ပစၥတိုေသနတ္) တစ္လက္ႏွင့္ က်ည္ေဘာက္ ႏွစ္ခုတို႔ သိမ္းဆည္း ရရွိခဲ့တယ္လို႔ ဆိုပါတယ္။
လက္ရွိမွာ အင္တာနက္ အခက္အခဲေၾကာင့္ မွတ္တမ္းပုံေတြ မေဖာ္ျပနိုင္ေသးေပမယ့္ တိုက္ပြဲဝင္ေနတဲ့ ဗိုလ္တာင္ျပန္ရဲ႕ သတင္းေပးမႈအရ အထက္ပါအတိုင္း ဖက္ဆစ္တပ္ဘက္က သုံးေယာက္ ဖမ္းမိၿပီး လက္နက္ခဲယမ္း အအမ်ားအျပား သိမ္းဆည္း ရရွိခဲ့တာလို႔ ဗိုလ္ေရာင္နီက ဆိုပါတယ္။
ဒီကေန႕ ၾသဂုတ္(၂၃)ရက္ မနက္(၉)နာရီေက်ာ္က ႐ြာမီးရွို႔ၿပီး ျပန္ထြက္လာတဲ့ ဖက္ဆစ္တပ္ကို ကြၽန္းလွ၊ ကန႔္ဘလူႏွင့္ ေကာလင္းနယ္စပ္၊ ေအာင္ခ်မ္းသာ႐ြာႏွင့္ လက္ခုပၸင္႐ြာၾကားမွာ ေဒသကာကြယ္ေရး တပ္ဖြဲေတြက ပူးေပါင္း တိုက္ခိုက္ခဲ့ရာ တိုက္ပြဲခ်ိန္ သုံးနာရီေက်ာ္ ၾကာျမင့္ခဲ့တာပါ။
အဲ့ဒီ တိုက္ပြဲမွာ ဖက္ဆစ္တပ္သား (၃၀)ေက်ာ္ ေသၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ ငါးၾကင္းၿမီး၊ RPG ႏွင့္ က်ည္ေတြ အပါအဝင္ လက္နက္ခဲယမ္း အမ်ားအျပား သိမ္းဆည္း ရရွိခဲ့တာလို႔ ဆိုပါတယ္။
အဲ့ဒီ တိုက္ခိုက္မႈကို ေဒါင္းနီ (ေကာလင္း ပ.က.ဖ) အဖြဲ႕၊ နဂါးနီ (ေကာလင္း ပ.က.ဖ)အဖြဲ႕၊ ကန႔္ဘလူခရိုင္ တပ္ရင္း(၁)၊ တပ္ရင္း(၂)ႏွင့္ ကန႔္ဘလူနယ္က ေဒသကာကြယ္ေရး အဖြဲေတြ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာလို ဆိုပါတယ္။
တိုက္ပြဲမွာ အထိနာသြားတဲ့ ဖက္ဆစ္တပ္ဟာ ေန႕လည္ (၁၂)နာရီေက်ာ္မွာ ဖက္ဆစ္တပ္သား အင္အား(၅၀)ခန႔္ကို (Mi-17) ရဟတ္ယာဥ္တစ္စီးနဲ႕ ႏွစ္ေခါက္ျပန္ကာ စစ္ကူလာပို႔သလို (Mi-35)ရဟတ္ယာဥ္နဲ႕ ႏွစ္ႀကိမ္၊ ဂ်က္ဖိုက္တာ (YAK-130) တစ္စီးနဲ႕ တစ္ႀကိမ္၊ စုစုေပါင္း ေလေၾကာင္းပစ္ခတ္မႈ သုံးႀကိမ္ ျပဳလုပ္ခဲ့တယ္လို ဆိုပါတယ္။
“သုံးေခါက္ေျမာက္က (Mi-35) (ရဟတ္ယာဥ္)နဲ႕ မဟုတ္ဘဲ တိုက္ေလယာဥ္နဲ႕ ပစ္သြားတယ္” လို႔ ကြၽန္းလွ တက္ႂကြ လႈပ္ရွားသူမ်ား အဖြဲ႕က MFP ကို ေျပာပါတယ္။
ဖက္ဆစ္တပ္က ေလေၾကာင္းသုံးၿပီး စစ္ကူလာခ်ေပးတဲ့ အင္အား(၅၀)ေလာက္ဟာ လက္ရွိမွာ ေအာင္ခ်မ္းသာ႐ြာႏွင့္ လခုပၸင္႐ြာေတြနား ရွိေနေသးၿပီး တန႔္ဆည္နယ္ နဘတ္က်င္း႐ြာဘက္မွာ ရွိေနတဲ့ ဖက္ဆစ္တပ္အတြက္ စစ္ကူအျဖစ္ လာပို႔တာလို႔ အၾကမ္းဖ်ဥ္း သိရတဲ့အေၾကာင္း ကြၽန္းလွ တက္ႂကြလႈပ္ရွားသူမ်ား အဖြဲက ဆိုပါတယ္။
ဒီေန႕ တိုက္ပြဲေတြ ျဖစ္ၿပီး ေလေၾကာင္းကေန ပစ္ခတ္ခံရတဲ့ ေက်း႐ြာေတြဟာ ကြၽန္းလွ၊ ကန႔္ဘလူႏွင့္ ေကာလင္း သုံးၿမိဳနယ္ အစပ္ျဖစ္ၿပီး ေအာင္ခ်မ္းသာ႐ြာက ေကာလင္းနယ္ထဲပါၿပီး လက္ခုပၸင္႐ြာက ကန႔္ဘလူနယ္ထဲက ျဖစ္ေၾကာင္း၊ ဖက္ဆစ္တပ္က မီးရွိဖ်က္ဆီးခဲ့တဲ့ ေညာင္ကုန္း႐ြာက ကြၽန္းလွနယ္ထဲက ျဖစ္တယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
ဖက္ဆစ္တပ္ဟာ ၾသဂုတ္ (၂၂)ရက္ မေန႕ကတည္းက ေညာင္းကုန္း႐ြာထဲ ဝင္ေမႊလုယက္ ေသာင္းက်န္း မီးရွို႔ေနတာ ျဖစ္ၿပီး ဖက္ဆစ္တပ္က မီးရွို႔လို႔ ေညာင္ကုန္း႐ြာက ေနအိမ္အလုံး (၃၀)ေက်ာ္ မီးေလာင္ ျပာက်ခဲ့တယ္လို႔ ဆိုပါတယ္။
တိုက္ပြဲဝင္ဖို႔ ေလ့က်င့္ေနတဲ့ ကန႔္ဘလူခရိုင္ PDF တပ္ရင္း (၂) ရြဘော်တွေ/Photo – ကန႔္ဘလူခရိုင္ PDF တပ္ရင္း(၂)