မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းခံရပြန်ပြီ…see more

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တန်းအား ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ နောက်ဆုံးယာဉ်မှ ာမိုင်းကွင်းနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားခဲ့ပြီး ​သေဆုံးဒဏ်ရာရရှိသူအများအပြားရှိကြောင်း၊ အတည်ပြုနိုင်ရန်စုံစမ်းနေဆဲဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ နွေဦးရဲဘော် အဖွဲ့များက ” တောကျီးကန်း စစ်ဆင်ရေး” အား ဂုဏ်ပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တာဝန်ရှိသူက “ကားပေါင်းစုံ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်။ ဆယ်ဘီးတွေကော ဆယ့်နှစ်ဘီးတွေကော ရှုပ်ယှက်ခက်နေတာပဲ။ နောက်ဆုံး မိုးအကာအစိမ်းအုပ်ထားတဲ့ ကန်တာကားကို ခွဲလိုက်နိုင်တာ။ အချိန်ကလည်း လင့်နေတဲ့အခါ သတင်းရတာလ​ည်းနောက်ကျတော့ အားချင်းလုပ်လိုက်ရတော့ နောက်ဆုံးကားတစ်စီးပဲ လုပ်လိုက်နိုင်တယ်။

ထိခိုက်ပျက်စီးမှုက ရှိတယ်။ မိုင်းကွင်းနဲ့ မလှမ်းမကမ်းမှာ ကားကထိုးရပ်သွားတာ။ ထိုးရပ်ပြီး အိစိအိစိနဲ့ပဲ သူတို့မောင်းသွားရတာ။ ဆွဲပြီးတော့ ကလေးတွေကလ​ည်း ပြန်ရှောင်လာရတာ။ အမှောင်လည်း အမှောင်ထဲမှာဆိုတော့။”ဟု ပြောကြားသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ်လျှောက်ရှိ ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(သြဂုတ်လဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်စီးသွားသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-MRA)

Zawgyi(version)

မုံ႐ြာ – မႏၱေလးလမ္းပိုင္းတြင္ စစ္ေကာင္စီတပ္ယာဥ္တန္း ပေဒသာမိုင္းျဖင့္ တိုက္ခိုက္ခံရ

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာ – မႏၱေလးလမ္းမႀကီးေပၚတြင္ ယေန႕နံနက္ပိုင္းက အၾကမ္းဖက္စစ္ေကာင္စီ တပ္ယာဥ္တန္းအား ပေဒသာမိုင္းျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)က သတင္းထုတ္ျပန္သည္။

ယေန႕(ၾသဂုတ္ ၂၄ ရက္) နံနက္ ၄နာရီ ၁၅မိနစ္အခ်ိန္က စစ္ကိုင္းမွ မုံ႐ြာၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ စစ္ေကာင္စီယာဥ္တန္းအား ျမင္းမူၿမိဳ႕ေရွာင္လမ္းတြင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ယာဥ္တန္းအား ပေဒသာမိုင္း(၅)လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ ယာဥ္တန္း၏ ေနာက္ဆုံးယာဥ္မွ ာမိုင္းကြင္းႏွင့္ မလွမ္းမကမ္းတြင္ ထိုးရပ္သြားခဲ့ၿပီး ေသဆုံးဒဏ္ရာရရွိသူအမ်ားအျပားရွိေၾကာင္း၊ အတည္ျပဳနိုင္ရန္စုံစမ္းေနဆဲဟု ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

၎တိုက္ခိုက္မႈကို ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)၊ ZERO Power ေတာ္လွန္ေရးအင္အားစု (စစ္ကိုင္းတိုင္း)၊ ႏြေဦးရဲေဘာ္ အဖြဲ႕မ်ားက ” ေတာက်ီးကန္း စစ္ဆင္ေရး” အား ဂုဏ္ျပဳတိုက္ခိုက္ခဲ့ေၾကာင္း အသိေပးထားသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ZERO ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)တာဝန္ရွိသူက “ကားေပါင္းစုံ အစီးႏွစ္ဆယ္ေလာက္ ရွိမယ္ထင္တယ္။ ဆယ္ဘီးေတြေကာ ဆယ့္ႏွစ္ဘီးေတြေကာ ရႈပ္ယွက္ခက္ေနတာပဲ။ ေနာက္ဆုံး မိုးအကာအစိမ္းအုပ္ထားတဲ့ ကန္တာကားကို ခြဲလိုက္နိုင္တာ။ အခ်ိန္ကလည္း လင့္ေနတဲ့အခါ သတင္းရတာလည္းေနာက္က်ေတာ့ အားခ်င္းလုပ္လိုက္ရေတာ့ ေနာက္ဆုံးကားတစ္စီးပဲ လုပ္လိုက္နိုင္တယ္။

ထိခိုက္ပ်က္စီးမႈက ရွိတယ္။ မိုင္းကြင္းနဲ႕ မလွမ္းမကမ္းမွာ ကားကထိုးရပ္သြားတာ။ ထိုးရပ္ၿပီး အိစိအိစိနဲ႕ပဲ သူတို႔ေမာင္းသြားရတာ။ ဆြဲၿပီးေတာ့ ကေလးေတြကလည္း ျပန္ေရွာင္လာရတာ။ အေမွာင္လည္း အေမွာင္ထဲမွာဆိုေတာ့။”ဟု ေျပာၾကားသည္။

မုံ႐ြာ – မႏၱေလးလမ္းမႀကီးေပၚတြင္ စစ္ေကာင္စီတပ္ယာဥ္တန္းမ်ား ျဖတ္သန္းသြားတိုင္း လမ္းတစ္ေလွ်ာက္ရွိ ေဒသတြင္း PDFအဖြဲ႕မ်ားက မၾကာခဏ မိုင္းဆြဲတိုက္ခိုက္ေလ့ရွိသည္။

(ၾသဂုတ္လဆန္းပိုင္းက မုံ႐ြာ-မႏၱေလးလမ္းမႀကီးေပၚတြင္ မိုင္းထိ၍ ပ်က္စီးသြားေသာ စစ္ေကာင္စီတပ္ယာဥ္တစ္စီးအား ေဝဟင္မွေတြ႕ရစဥ္။ ဓာတ္ပုံ-MRA)