သြဂုတ်လ ၂၁ရက်မှ ၂၄ရက်ထိ မိုးလေဝသကြိုတင်ခန့်မှန်းချက်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သံလေအားကောင်းနေလို့
မြန်မာနိုင်ငံမြေလတ်ဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မနက်ဖြန်မနက်ပိုင်းအထိ မိုးကြီးနိုင်မယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားသလို စစ်ကောင်စီရဲ့မိုးဇလဌာနကလည်း ဒီကနေ့ညနေပိုင်းမှာ သတိပေးထုတ်ပြန်ပါတယ်။

မကွေးတိုင်းက အောင်လံ၊ သရက်၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ချောက်၊ ပုဂံ၊ ညောင်ဦးစတဲ့မြို့နယ်တွေ မန္တလေးတိုင်းအတွင်းက တောင်သာ၊

မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ ကံမ၊ ပေါက်၊ မြိုင်မြို့ နယ်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ ယင်းမာပင်၊ ကနီ စတဲ့မြို့နယ်တွေ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်​ ဒေါ်စုစုစံရဲ့ လူမှုကွန်ယက်မှာ မြန်မာစံတော်ချိန် ဒီနေ့ညနေပိုင်းက သားဖော်ပြထားပါတယ်။

ဒီကနေ့မှာ မိုးရွာတာမျိုးတော့မရှိပေမယ့် မနေ့ကအထိ ၃ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တယ်လို့ သရက်၊ အောင်လံနဲ့ အထက်မင်းလှမြို့ခံတွေက မြေလတ်အသံကို ပြောပါတယ်။

မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေရဲ့ မိုးရာသီမှာ မိုးကြီးလာပါက ဧရာဝတီမြစ်ရိုးတလျှောက်မြိို့တွေမှာ မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံတာတွေနဲ့ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် ပြိုကျပျက်ဆီးတာတွေအပြင်၊ စိုက်ပျိုးရေးလုပ်ငန်းတွေပါ များစွာထိခိုက်နစ်နာမှုတွေ ဖြစ်လေ့ရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

#မြေလတ်အသံ

Zawgyi

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ မုတ္သံေလအားေကာင္းေနလို႔
ျမန္မာႏိုင္ငံေျမလတ္ေဒသေတျြဖစ္တဲ့ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္းအတြင္းက ၿမိဳ႔နယ္ေတြမွာ မနက္ျဖန္မနက္ပိုင္းအထိ မိုးႀကီးႏိုင္မယ္လို႔ မိုးဇလပညာရွင္ေတြက ခန႔္မွန္းထားသလို စစ္ေကာင္စီရဲ့မိုးဇလဌာနကလည္း ဒီကေန့ညေနပိုင္းမွာ သတိေပးထုတ္ျပန္ပါတယ္။

မေကြးတိုင္းက ေအာင္လံ၊ သရက္၊ မင္းတုန္း၊ မင္းလွ၊ ဆင္ေပါင္ဝဲ၊ မင္းဘူး၊ စကု၊ ပြင့္ျဖဴ၊ စလင္း၊ ဆင္ျဖဴကြၽန္း၊ ေရနံေခ်ာင္း၊ ေခ်ာက္၊ ပုဂံ၊ ေညာင္ဦးစတဲ့ၿမိဳ႔နယ္ေတြ မႏၲေလးတိုင္းအတြင္းက ေတာင္သာ၊

ျမင္းၿခံ၊ ပခုကၠူ၊ ေရစႀကိဳ၊ ကံမ၊ ေပါက္၊ ၿမိဳင္ၿမိဳ႔ နယ္ေတြနဲ႔ စစ္ကိုင္းတိုင္းအတြင္းက ပုလဲ၊ ယင္းမာပင္၊ ကနီ စတဲ့ၿမိဳ႔နယ္ေတြ မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသပညာရွင္​ ေဒၚစုစုစံရဲ့ လူမႈကြန္ယက္မွာ ျမန္မာစံေတာ္ခ်ိန္ ဒီေန့ညေနပိုင္းက သားေဖာ္ျပထားပါတယ္။

ဒီကေန့မွာ မိုးရြာတာမ်ိဳးေတာ့မရိွေပမယ့္ မေန့ကအထိ ၃ ရက္ၾကာ မိုးအဆက္မျပတ္ရြာသြန္းခဲ့တယ္လို႔ သရက္၊ ေအာင္လံနဲ႔ အထက္မင္းလွၿမိဳ႔ခံေတြက ေျမလတ္အသံကို ေျပာပါတယ္။

မေကြး၊ စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းအတြင္းက ၿမိဳ႔နယ္ေတြရဲ့ မိုးရာသီမွာ မိုးႀကီးလာပါက ဧရာဝတီျမစ္ရိုးတေလ်ွာက္ၿမိဳ႔ေတြမွာ ျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေရလ်ွံတာေတြနဲ႔ ျမစ္ကမ္းပါး ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္ဆီးတာေတြအျပင္၊ စိုက္ပ်ိဳးေရးလုပ္ငန္းေတြပါ မ်ားစြာထိခိုက္နစ္နာမႈေတြ ျဖစ္ေလ့ရိွတယ္လို႔ ၿမိဳ႔ခံေတြဆီကသိရပါတယ္။

#ေျမလတ္အသံ