ဖောင်းပြင်မြို့နယ်ရှိ စစ်တပ်ဝင်ရောက်မီးရှို့နေသည့်ရွာတွင် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ (၆၀) ခန့်ပိတ်မိနေ
ရန်ကုန်၊ ဩဂုတ် (၂၃)
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် သငါရွာ၌ အကြမ်းဖက်စစ်တပ်က ယနေ့အထိ တပ်စွဲထားပြီး နေအိမ်များကိုမီးရှို့နေသည့်အပြင် ပြည်သူ(၆၀) ခန့် ပိတ်မိနေကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။
“ဘုန်းကြီးကျောင်းမှာ(၆၀)လောက်ပိတ်မိနေတယ်၊ တချို့လူတွေကိုတော့ ပိုက်ဆံတယောက် တစ်သောင်းတောင်းပြီး အနောက်ကမ်းဘက်သွားနေဖို့လွှတ်တယ်ကြားတယ်။ တိတိကျကျတော့မသိရဘူး သက်ကြီးရွယ်အိုတွေကတော့ပိတ်မိနေတုန်းဘဲ”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက လူငယ့်ခေတ်သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ် (၂၁)ရက်နေ့က ချင်းတွင်းမြစ်အတိုင်းတက်လာပြီး ဖောင်းပြင်မြို့နယ် မောက်စဖာ၊ မြို့မ၊ သာစည်၊ ကရားရွာများကို ပစ်ခတ်တိုက်ခိုက်ပြီး ဩဂုတ်(၂၂)ရက်မနက်တွင် သငါရွာသို့ အင်အား(၈၀)ခန့်ဖြင့် လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီး (၆၀) မမ ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျောင်းအတွင်းရှိ ညောင်ပင်ကြီးကို ထိမှန်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။
“ရွာထဲတပ်စွဲထားတယ်။ ရွာသူရွာသားတွေအားလုံးနီးပါးထွက်ပြေးနေရတယ်။ လက်နက်ကြီးကြောင့်ထိခိုက်သေဆုံးသူရှိမရှိ မီးလောင်တဲ့နေအိမ်အရေအတွက်ကတော့ မသိရသေးဘူး၊ အင်တာနက်ဖုန်းလိုင်းအခက်ခဲတွေလည်းရှိနေလို့ပါ”ဟု ဒေသခံတဦးက လူငယ့်ခေတ်သို့ ပြောသည်။
အကြမ်းဖက်စစ်သားများ ရွာသို့ဝင်ရောက်ချိန်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေ(၅)ဦးထက်မနည်းသေဆုံးနိုင်ကြောင်းလည်း သိရသည်။
“တိုက်ပွဲကတော့ ထပ်မဖြစ်တော့ဘူး ခွေးတွေက ရွာထဲက အထပ်မြင့်အိမ်တွေမှာနေရာယူထားတယ် (၃)နေရာထိုင်ထားတယ်။ သွားတိုက်ရင် လယ်ကွင်းထဲဖြတ်လိုက်တာနဲ့ သတ်ကွင်းလိုဘဲ တိုက်ဖို့က ခက်နေတယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက လူငယ့်ခေတ်သို့ ပြောသည်။
သငါရွာမှာ အိမ်ခြေ(၄၀၀)ကျော်ရှိသည့်ရွာဖြစ်ပြီး လက်ရှိအချိန်၌ အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူ (၂၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။
ဓာတ်ပုံ – ဖောင်းပြင်မြို့နယ်မီးသတ်တပ်ဖွဲ့
#P08 #Lungekhit
Zawgyi(version)
ေဖာင္းျပင္ၿမိဳ႕နယ္ရွိ စစ္တပ္ဝင္ေရာက္မီးရွို႔ေနသည့္႐ြာတြင္ သက္ႀကီး႐ြယ္အိုမ်ားအပါအဝင္ ျပည္သူ (၆၀) ခန႔္ပိတ္မိေန
ရန္ကုန္၊ ဩဂုတ္ (၂၃)
လူငယ့္ေခတ္
စစ္ကိုင္းတိုင္း၊ ေဖာင္းျပင္ၿမိဳ႕နယ္ သငါ႐ြာ၌ အၾကမ္းဖက္စစ္တပ္က ယေန႕အထိ တပ္စြဲထားၿပီး ေနအိမ္မ်ားကိုမီးရွို႔ေနသည့္အျပင္ ျပည္သူ(၆၀) ခန႔္ ပိတ္မိေနေၾကာင္း ေဖာင္းျပင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ သိရသည္။
“ဘုန္းႀကီးေက်ာင္းမွာ(၆၀)ေလာက္ပိတ္မိေနတယ္၊ တခ်ိဳ႕လူေတြကိုေတာ့ ပိုက္ဆံတေယာက္ တစ္ေသာင္းေတာင္းၿပီး အေနာက္ကမ္းဘက္သြားေနဖို႔လႊတ္တယ္ၾကားတယ္။ တိတိက်က်ေတာ့မသိရဘူး သက္ႀကီး႐ြယ္အိုေတြကေတာ့ပိတ္မိေနတုန္းဘဲ”ဟု ေဖာင္းျပင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီသည္ ဩဂုတ္ (၂၁)ရက္ေန႕က ခ်င္းတြင္းျမစ္အတိုင္းတက္လာၿပီး ေဖာင္းျပင္ၿမိဳ႕နယ္ ေမာက္စဖာ၊ ၿမိဳ႕မ၊ သာစည္၊ ကရား႐ြာမ်ားကို ပစ္ခတ္တိုက္ခိုက္ၿပီး ဩဂုတ္(၂၂)ရက္မနက္တြင္ သငါ႐ြာသို႔ အင္အား(၈၀)ခန႔္ျဖင့္ လက္နက္ႀကီးပစ္ခတ္ၿပီး ဝင္ေရာက္တပ္စြဲခဲ့ျခင္းျဖစ္သည္။
ဘုန္းႀကီးေက်ာင္းအတြင္းသို႔ လက္နက္ႀကီး (၆၀) မမ ျဖင့္ ပစ္ခတ္ဝင္ေရာက္ခဲ့ၿပီး ေက်ာင္းအတြင္းရွိ ေညာင္ပင္ႀကီးကို ထိမွန္ေပါက္ကြဲခဲ့ေၾကာင္းလည္း သိရသည္။
“႐ြာထဲတပ္စြဲထားတယ္။ ႐ြာသူ႐ြာသားေတြအားလုံးနီးပါးထြက္ေျပးေနရတယ္။ လက္နက္ႀကီးေၾကာင့္ထိခိုက္ေသဆုံးသူရွိမရွိ မီးေလာင္တဲ့ေနအိမ္အေရအတြက္ကေတာ့ မသိရေသးဘူး၊ အင္တာနက္ဖုန္းလိုင္းအခက္ခဲေတြလည္းရွိေနလို႔ပါ”ဟု ေဒသခံတဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
အၾကမ္းဖက္စစ္သားမ်ား ႐ြာသို႔ဝင္ေရာက္ခ်ိန္တြင္ ေဒသေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္မႈလုပ္ေဆာင္ခဲ့ၿပီး စစ္ေကာင္စီလက္ပါးေစ(၅)ဦးထက္မနည္းေသဆုံးနိုင္ေၾကာင္းလည္း သိရသည္။
“တိုက္ပြဲကေတာ့ ထပ္မျဖစ္ေတာ့ဘူး ေခြးေတြက ႐ြာထဲက အထပ္ျမင့္အိမ္ေတြမွာေနရာယူထားတယ္ (၃)ေနရာထိုင္ထားတယ္။ သြားတိုက္ရင္ လယ္ကြင္းထဲျဖတ္လိုက္တာနဲ႕ သတ္ကြင္းလိုဘဲ တိုက္ဖို႔က ခက္ေနတယ္”ဟု ေဖာင္းျပင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
သငါ႐ြာမွာ အိမ္ေျခ(၄၀၀)ေက်ာ္ရွိသည့္႐ြာျဖစ္ၿပီး လက္ရွိအခ်ိန္၌ အၾကမ္းဖက္စစ္တပ္ေၾကာင့္ ျပည္သူ (၂၀၀၀) ေက်ာ္ထြက္ေျပးတိမ္းေရွာင္ေနရသည္။
ဓာတ္ပုံ – ေဖာင္းျပင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕
#P08 #Lungekhit