မုံရွာ-ယာကြီး-ကလေးဝ လမ်း အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိအခိုက်များ(ရုပ်သံ)
စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်း က အင်တိုင်းတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ၂၃ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား(၂၀)ခန့် သေနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်(၂)ဦး လက်နက်ကြီးစ မှန်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ ရွှေတြိဂံတပ်ရင်း(GTF)ကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေရဲ့ နေအိမ်(၅)လုံးကိုလဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လဲ သိရပါတယ်။
ရွှေတြိဂံတပ်ရင်း(GTF) ၊B21 ၊ DGF၊နဂါးညီနောင် ၊ CGYDF၊ KLG၊အမိမြေတော်လှန်ရေးအဖွဲ့၊ မြောက်ယမားတပ်ရင်း၊ ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုနဲ့ မဟာမိတ်တွေ ပူးပေါင်းကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာလဲ ဖြစ်ပါတယ်။
Video-GoldenTriangleForce
Zawgyi(version)
ရုပ်သံကြည့်ရန်👇👇👇