မုံရွာ – အရာတော်လမ်းတွင် မှန်မချဘဲမောင်းလာသည့် အိမ်စီးကားတစ်စီးအား မိုင်းခွဲပြပြီး သတိပေး(ရုပ်သံ)

မုံရွာ – အရာတော်လမ်းတွင် မှန်မချဘဲမောင်းလာသည့် အိမ်စီးကားတစ်စီးအား မိုင်းခွဲပြပြီး သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပေါ်တွင် မှန်မချဘဲမောင်းနှင်လာသော အိမ်စီးကားတစ်စီးအား မိုင်းခွဲပြပြီး သတိပေးခဲ့ကြောင်း God Of Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

မုံရွာခရိုင် အခြေစိုက် God Of Monywa အဖွဲ့က မုံရွာ-အရာတော်လမ်းပိုင်းတွင် မှန်မချဘဲမောင်းနှင်လာသည့် အိမ်စီးကားတစ်စီးအား ၎င်းကားဖြတ်သန်းသွားပြီးနောက် မိုင်းခွဲကာ သတိပေးခဲ့သည့်ရုပ်သံအား ယနေ့(သြဂုတ်၂၃ရက်) ထုတ်ပြန်ခဲ့သည်။

ကန့်သတ်တားမြစ်ထားသော စည်းကမ်းချက်များအား မလိုက်နာသည့် မော်တော်ယာဥ်များကို ယခုထက်မက ထိရောက်စွာ ပြစ်ဒဏ်ပေးမည်ဟု သတိပေးတားမြစ်ကြောင်း God Of Monywa အဖွဲ့က အသိပေးသည်။ဖြစ်စဥ်နှင့်ပတ်သက်၍ God Of Monywa အဖွဲ့တာဝန်ရှိသူက “ကျွန်တော်တို့ သတိပေးတားမြစ်ထားတဲ့ စည်းကမ်းကို ချိုးဖျက်လို့ပါဗျ။

မှန်တင်တဲ့ကားကို ခွဲတာပါ။ ထိအောင်ခွဲတာမဟုတ်ပါဘူး။ ကားကျော်မှ ခွဲတာပါ သတိပေးတဲ့အနေနဲ့ပါ။ ွေးတွေက အိမ်စီးကားတွေနဲ့ အသွားအလာရှိတဲ့အတွက်ကြောင့် အိမ်စီးကားတွေကို မှန်ချမောင်းဖို့ အကြိမ်ကြိမ် သတိပေးထုတ်ပြန်ကြေငြာစာတွေ ထုတ်ထားပြီးသားပါ။”ဟု ပြောသည်။

ပြည်သူများအနေဖြင့်လည်း မုံရွာ-အရာတော် လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်ယာဥ်များ အချိန်မရွေး ခြေရှုပ်နိုင်သဖြင့် ကားကြီး၊ကားငယ်များ မှန်ချမောင်းနှင်ရန် မေတ္တာ ရပ်ခံကြောင်း၊ လိုက်နာမှုမရှိပါက ငဲ့ညှာမည်မဟုတ်ကြောင်း God Of Monywa အဖွဲ့က အသိပေးသည်။

ရုပ်သံ – God Of Monywa

Zawgyi(version)

မုံ႐ြာ – အရာေတာ္လမ္းတြင္ မွန္မခ်ဘဲေမာင္းလာသည့္ အိမ္စီးကားတစ္စီးအား မိုင္းခြဲျပၿပီး သတိေပး

စစ္ကိုင္းတိုင္း၊ မုံ႐ြာ – အရာေတာ္လမ္းေပၚတြင္ မွန္မခ်ဘဲေမာင္းႏွင္လာေသာ အိမ္စီးကားတစ္စီးအား မိုင္းခြဲျပၿပီး သတိေပးခဲ့ေၾကာင္း God Of Monywa အဖြဲ႕က သတင္းထုတ္ျပန္သည္။

မုံ႐ြာခရိုင္ အေျခစိုက္ God Of Monywa အဖြဲ႕က မုံ႐ြာ-အရာေတာ္လမ္းပိုင္းတြင္ မွန္မခ်ဘဲေမာင္းႏွင္လာသည့္ အိမ္စီးကားတစ္စီးအား ၎ကားျဖတ္သန္းသြားၿပီးေနာက္ မိုင္းခြဲကာ သတိေပးခဲ့သည့္႐ုပ္သံအား ယေန႕(ၾသဂုတ္၂၃ရက္) ထုတ္ျပန္ခဲ့သည္။

ကန႔္သတ္တားျမစ္ထားေသာ စည္းကမ္းခ်က္မ်ားအား မလိုက္နာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ယခုထက္မက ထိေရာက္စြာ ျပစ္ဒဏ္ေပးမည္ဟု သတိေပးတားျမစ္ေၾကာင္း God Of Monywa အဖြဲ႕က အသိေပးသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ God Of Monywa အဖြဲ႕တာဝန္ရွိသူက “ကြၽန္ေတာ္တို႔ သတိေပးတားျမစ္ထားတဲ့ စည္းကမ္းကို ခ်ိဳးဖ်က္လို႔ပါဗ်။

မွန္တင္တဲ့ကားကို ခြဲတာပါ။ ထိေအာင္ခြဲတာမဟုတ္ပါဘူး။ ကားေက်ာ္မွ ခြဲတာပါ သတိေပးတဲ့အေနနဲ႕ပါ။ ြေးေတြက အိမ္စီးကားေတြနဲ႕ အသြားအလာရွိတဲ့အတြက္ေၾကာင့္ အိမ္စီးကားေတြကို မွန္ခ်ေမာင္းဖို႔ အႀကိမ္ႀကိမ္ သတိေပးထုတ္ျပန္ေၾကျငာစာေတြ ထုတ္ထားၿပီးသားပါ။”ဟု ေျပာသည္။

ျပည္သူမ်ားအေနျဖင့္လည္း မုံ႐ြာ-အရာေတာ္ လမ္းပိုင္းတြင္ အၾကမ္းဖက္စစ္တပ္ယာဥ္မ်ား အခ်ိန္မေ႐ြး ေျခရႈပ္နိုင္သျဖင့္ ကားႀကီး၊ကားငယ္မ်ား မွန္ခ်ေမာင္းႏွင္ရန္ ေမတၱာ ရပ္ခံေၾကာင္း၊ လိုက္နာမႈမရွိပါက ငဲ့ညွာမည္မဟုတ္ေၾကာင္း God Of Monywa အဖြဲ႕က အသိေပးသည္။

႐ုပ္သံ – God Of Monywa

ရုပ်သံကြည့်ရန်👇👇👇