စစ်ကောင်စီတပ်စခန်းတစ်ခုကို KNDFနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက် ၅ဦးသေ(ရုပ်သံ)

အဆုံးတွင် vedio ပါသည်👇👇👇

ထမင်းချက်ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ငါးဦးထက်မနည်းထိခိုက်မှုရှိဟု KNDF ထုတ်ပြန်

ထမင်းချက်ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ငါးဦး ထက်မနည်းထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၂ က ယနေ့(သြဂုတ် ၂၃ ရက်) ထုတ်ပြန်သည်။

ထိုစစ်ဆင်ရေးကို ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း -၂ ၊ တပ်ရင်း – ၁၄တို့ ပူးပေါင်း၍ ယခုလ ၁၆ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထိုနေ့ နံနက်၁၁နာရီဝန်းကျင်ခန့်တွင် စခန်းတွင်းထမင်းချက်ရန်ပြင်ဆင်စဉ် စတင်ပစ်ခတ်ခဲ့ကာ
စစ်ကောင်စီတပ် စခန်းတွင်းမှ လက်နက်ကြီးလက်နက်ငယ်အ‌မြောက်အများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု အသိပေးသည်။

စခန်းတွင်းမှ ရန်သူလက်နက်ကြီးပြောင်းနှစ်ခုအနက် တစ်ခုမှာ ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဗုံးဖြင့် ထိမှန်ခဲ့ကြောင်းလည်း ဖော်ပြသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်က ငါးဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပြီး နေ့လည်၂နာရီဝန်းကျင်တွင် အရပ်သားနှစ်ဦး ဆိုင်ကယ်နှစ်စီးဖြင့် စခန်းအနီးတံတားပေါ်မှဖြတ်သွားစဉ် စစ် ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိခဲ့ဟု ဆိုသည်။

တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းကို စစ်ရေးအရ မဖော်ပြထားသော်လည်း KNDF တပ်ရင်း-၂ သည် ကရင်နီဒေသ၊ လွိုင်ကော်ဇုန်၌အဓိကထား၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ရုပ်သံ – KNDF

Zawgyi(version)

ထမင္းခ်က္ရန္ျပင္ဆင္ေနသည့္ စစ္ေကာင္စီတပ္ကို တိုက္ခိုက္ရာ ငါးဦးထက္မနည္းထိခိုက္မႈရွိဟု KNDF ထုတ္ျပန္

ထမင္းခ်က္ရန္ျပင္ဆင္ေနသည့္ စစ္ေကာင္စီတပ္ကို တိုက္ခိုက္ရာ ငါးဦး ထက္မနည္းထိခိုက္မႈရွိခဲ့ေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF) တပ္ရင္း -၂ က ယေန႕(ၾသဂုတ္ ၂၃ ရက္) ထုတ္ျပန္သည္။

ထိုစစ္ဆင္ေရးကို ကရင္နီတပ္မေတာ္(KA)ႏွင့္ KNDF တပ္ရင္း -၂ ၊ တပ္ရင္း – ၁၄တို႔ ပူးေပါင္း၍ ယခုလ ၁၆ ရက္က တိုက္ခိုက္ခဲ့ျခင္းဟု ဆိုသည္။

ထိုေန႕ နံနက္၁၁နာရီဝန္းက်င္ခန႔္တြင္ စခန္းတြင္းထမင္းခ်က္ရန္ျပင္ဆင္စဥ္ စတင္ပစ္ခတ္ခဲ့ကာ
စစ္ေကာင္စီတပ္ စခန္းတြင္းမွ လက္နက္ႀကီးလက္နက္ငယ္အေျမာက္အမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိမႈ မရွိဟု အသိေပးသည္။

စခန္းတြင္းမွ ရန္သူလက္နက္ႀကီးေျပာင္းႏွစ္ခုအနက္ တစ္ခုမွာ ပူးေပါင္းတပ္ဖြဲ႕၏ ဒ႐ုန္းဗုံးျဖင့္ ထိမွန္ခဲ့ေၾကာင္းလည္း ေဖာ္ျပသည္။

တိုက္ခိုက္မႈျဖစ္စဥ္တြင္ စစ္ေကာင္စီတပ္က ငါးဦးထက္မနည္း ထိခိုက္မႈရွိခဲ့ၿပီး ေန႕လည္၂နာရီဝန္းက်င္တြင္ အရပ္သားႏွစ္ဦး ဆိုင္ကယ္ႏွစ္စီးျဖင့္ စခန္းအနီးတံတားေပၚမွျဖတ္သြားစဥ္ စစ္ ေကာင္စီတပ္က ရမ္းသမ္းပစ္ခတ္ခဲ့ေသာ္လည္း ထိမွန္ျခင္းမရွိခဲ့ဟု ဆိုသည္။

တိုက္ခိုက္ခဲ့သည့္ စစ္ေကာင္စီစခန္းကို စစ္ေရးအရ မေဖာ္ျပထားေသာ္လည္း KNDF တပ္ရင္း-၂ သည္ ကရင္နီေဒသ၊ လြိုင္ေကာ္ဇုန္၌အဓိကထား၍ စစ္ေကာင္စီကို တိုက္ခိုက္ေနသည္။

႐ုပ္သံ – KNDF

ရုပ်သံကြည့်ရန်👇👇👇