တန့်ဆည်မှာ အထိနာလို့ နောက်ဆုတ်ပြေးခဲ့တဲ့စစ်ကြောင်း အင်အားဖြည့်ပြီးပြန်လာပေမယ့်တိုက်မိုင်းမိလို့ အကျဆုံးများ
တန့်ဆည်၊ ဩဂုတ် ၂၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အရှေ့ချောင်းဆုံနဲ့ အောင်ချမ်းသာရွာကြားမှာ တန့်ဆည်မြို့ထဲကနေ အင်အားအပြည့်နဲ့ ဒုတိယအကြိမ်ပြန်တက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်းတွေ တိုက်မိုင်းတွေဆွဲကာ တိုက်ခိုက်ခဲ့တယ်လို့ Guerilla Warfare အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ရက်က ဝါးရငယ်ရွာမှာ ၂ဖွဲ့ခွဲတိုက်ခိုက်ခံခဲ့ရလို့ ၁၇ဦးသေကာ တပ်ပျက်ပြီး တန့်ဆည်မြို့ထဲကို ပြန်ဆုတ်သွားရတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
“မိုင်းပွိုင့်ခင်းထားတဲ့အထဲကိုရောက်ပြီးတော့ တိုက်ပွဲဖြစ်တာ၊ ပဒေသာမိုင်း ၇လုံးတွဲနဲ့ ဆွဲထားတဲ့ပွိုင့်ထဲမှာမိတာဆိုတော့၊ ထိဖို့ရာတော့များတယ်၊ တိုက်မိုင်းလည်း သူတို့ဘာသာတ်ိုက်ပြီးမိတယ်။”လို့ တန့်ဆည်ရဲဘော်တဦးက ပြောပါတယ်။
မိုင်းကွဲပြီးနောက် တိုက်ပွဲစဖြစ်ကာ အပြန်လှန်ပစ်ခတ် ထိတွေ့တိုက်ပွဲ ၁နာရီခွဲလောက်ကြာခဲ့ပြီး အကျဆုံးရှိပေမယ့် အတိကျစုံစမ်းလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။
အခုလက်ရှိလည်း အောင်ချမ်းသာရွာထဲမှာပဲရှိနေကာ လေယာဉ်နဲ့ တပ်သားတွေသယ်ကာ တခြားမြို့ကို ပို့တာတွေလုပ်ဆောင်နေပြီး စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့လည်း Guerilla Warfareအဖွဲ့ ရဲဘော်က ပြောပါတယ်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ကနေ အင်အား ၁၅၀ခန့်ပါတဲ့ စစ်ကြောင်းနဲ့ Guerrilla Warfare – KPK၊ TSR၊ Taze Tiger၊ PLA၊ TCRF PLA၊ PRLF၊ SAS၊ တပ်ရင်း ၁၀၊ တပ်ရင်း၁၆၊ တပ်ရင်း၈၊ တပ်ရင်း ၆၊ ပကဖ၊ ပလဖ စတဲ့အဖွဲ့တွေ ဩဂုတ်လ ၂၃ရက်နေ့ ဒီကနေ့ မနက် ၉နာရီခွဲမှာ ထိတွေမှုထပ်မံဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
#မြေလတ်အသံ
Zawgyi(version)
တန့်ဆည်၊ ဩဂုတ် ၂၃၊ ၂၀၂၂။
#မြေလတ်အသံ