စစ်ခွေး ၄၀ ကျော်နဲ့ လက်နက်ခဲယမ်းများစွာရရှိခဲ့တဲ့ ကန့်ဘလူနယ်တိုက်ပွဲ😊(ရုပ်သံ)

အဆုံးတွင် ရုပ်သံ ပါသည်👇👇👇

ကန့်ဘလူမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်၄၀ ထက်မနည်းသေဆုံး၊လက်နက်ခဲယမ်းများရဟုထုတ်ပြန်ကန့်ဘလူခရိုင်တပ်ရင်း(၂) ထုတ်ပြန်

​အောင်​ဇေယျ ၊သက်​ဝေ/People’s Spring

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း ရရှိခဲ့သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

ကန့်ဘလူနယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄၀ဦးထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

စစ်​ကောင်စီတပ်သားများသေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကန့်ဘလူခရိုင်တပ်ရင်း – ၂ တာဝန်ရှိသူက “ကျွန်တော်တို့မှာ လက်နက်ကြီးလက်နက်လေးနဲ့လက်နက်ငယ်ပေါ့ဗျာ။

နယ်မြေကျွမ်းကျင်မှု၊ မှန်ကန်တဲ့တော်လှန်​စိတ်ဓာတ်ကြောင့်ပါ။လက်နက်တွေကတော့ ကျွန်တော်တို့ ရှေ့တန်းကညီငယ်တွေ​က အခုသွားပြီးတော့ ကောက်နေပြီး စာရင်းအတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ သတင်းအတိအကျရမှ ထုတ်ပြန်ပေးပါ့မယ်။”ဟု People’s Spring သို့ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မွန်းလွဲ ၁ နာရီခန့်က ကျွန်းလှ၊ ကန့်ဘလူမြို့နယ်အစပ် ​အောင်ချမ်းသာ၊ လက်ခုပ်ပင်ရွာအနီးအား Mi-35 ၂ စီး Mi-17 ၁ စီးဖြင့် ​လေ​ကြောင်းပစ်ခတ်မှု လုပ်ခဲ့ကာ စစ်အင်အားဖြည့်တင်း​ခဲ့ကြောင်း၊ ​မွန်းလွဲ ၂ နာရီ ၅မိနစ်ခန့်တွင် Jet Fighter ၁ စီးဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်​ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Infinity
Group က ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထား သည်။

ရရှိသောလက်နက်အရေအတွက်အတိအကျအားဆက်လက်ထုတ်ပြန်သွားမည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်​ကောင်စီတပ်ကို PDF များနှင့် တိုင်းရင်ူသားလက်နက်ကိုင်အဖွဲ့များက ခုခံ​တော်လှန်​နေရာတွင် ယ​နေ့၌ မြဝတီ နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေပြီး စစ်​ကောင်စီတပ်က ​အထိနာသဖြင့်​လေ​ကြောင်းတိုက်ခိုက်မှုများပြုလုပ်​နေကြာင်း ​စစ်​မြေပြင်​ရှေ့တန်းမှသတင်းရရှိသည်။

(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

Zawgyi(version)

ကန႔္ဘလူၿမိဳ႕နယ္တိုက္ပြဲစစ္ေကာင္စီတပ္၄၀ ထက္မနည္းေသဆုံး၊လက္နက္ခဲယမ္းမ်ားရဟုထုတ္ျပန္ကန့္ဘလူခရိုင္တပ္ရင္း(၂) ထုတ္ျပန္

ေအာင္ေဇယ် ၊သက္ေဝ/People’s Spring

စစ္ကိုင္းတိုင္း ကန့္ဘလူၿမိဳ႕နယ္တြင္ ေဒသခံ ျပည္သူ႕ကာကြယ္ေရးတပ္(PDF)ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့ရာ စစ္ေကာင္စီတပ္က ေသဆုံးထိခိုက္မ်ားျပားခဲ့ၿပီးလက္နက္ခဲယမ္းမ်ားသိမ္းဆည္း ရရွိခဲ့သည္ဟု ကန႔္ဘလူခရိုင္ တပ္ရင္း(၂)က သတင္းထုတ္ျပန္သည္။

ကန႔္ဘလူနယ္ လက္ခုပ္ပင္ႏွင့္ေအာင္ခ်မ္းသာေက်း႐ြာအတြင္းသို႔ခ်ပ္သင္းမွထိုးစစ္ဆင္လာေသာ စစ္ေကာင္စီတပ္ကို ကန့္ဘလူခရိုင္တပ္ရင္း – ၂ မွၾကားျဖတ္တိုက္ခိုက္ ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွ ၄၀ဦးထက္မနည္းေသဆုံးၿပီး RPG ၊ စက္လတ္ ၊ MA 1 ၊ MA 2 (အေရအတြက္စိစစ္ဆဲ) လက္နက္မ်ားသိမ္းဆည္းရမိခဲ့ေၾကာင္း အသိေပးထားသည္။

စစ္ေကာင္စီတပ္သားမ်ားေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ ကန့္ဘလူခရိုင္တပ္ရင္း – ၂ တာဝန္ရွိသူက “ကြၽန္ေတာ္တို႔မွာ လက္နက္ႀကီးလက္နက္ေလးနဲ႕လက္နက္ငယ္ေပါ့ဗ်ာ။

နယ္ေျမကြၽမ္းက်င္မႈ၊ မွန္ကန္တဲ့ေတာ္လွန္စိတ္ဓာတ္ေၾကာင့္ပါ။လက္နက္ေတြကေတာ့ ကြၽန္ေတာ္တို႔ ေရွ႕တန္းကညီငယ္ေတြက အခုသြားၿပီးေတာ့ ေကာက္ေနၿပီး စာရင္းအတိအက်ေတာ့ မသိရေသးဘူး။ ကြၽန္ေတာ္တို႔ သတင္းအတိအက်ရမွ ထုတ္ျပန္ေပးပါ့မယ္။”ဟု People’s Spring သို႔ေျပာသည္။

အၾကမ္းဖက္စစ္တပ္သည္ မြန္းလြဲ ၁ နာရီခန့္က ကြၽန္းလွ၊ ကန့္ဘလူၿမိဳ႕နယ္အစပ္ ေအာင္ခ်မ္းသာ၊ လက္ခုပ္ပင္႐ြာအနီးအား Mi-35 ၂ စီး Mi-17 ၁ စီးျဖင့္ ေလေၾကာင္းပစ္ခတ္မႈ လုပ္ခဲ့ကာ စစ္အင္အားျဖည့္တင္းခဲ့ေၾကာင္း၊ မြန္းလြဲ ၂ နာရီ ၅မိနစ္ခန့္တြင္ Jet Fighter ၁ စီးျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈ ထပ္မံျပဳလုပ္ခဲ့ေၾကာင္း ေဒသတြင္းေတာ္လွန္ေရးသတင္းမ်ားေဖာ္ျပေပးေနေသာ Infinity
Group က ေဖာ္ျပသည္။

အထိနာသည့္ စစ္ေကာင္စီတပ္က ေလေၾကာင္းမွ ပစ္ကူတိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ပြဲအတြင္း ကန႔္ဘလူခရိုင္တပ္ရင္း(၂)မွ ရဲေဘာ္ ၂ဦး ဒဏ္ရာရခဲ့ၿပီး က်ဆဳံးမႈမရွိေၾကာင္းလည္းအသိေပးထား သည္။

ရရွိေသာလက္နက္အေရအတြက္အတိအက်အားဆက္လက္ထုတ္ျပန္သြားမည္ဟု အသိေပးထားသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္ကို PDF မ်ားႏွင့္ တိုင်းရင်ူသားလက်နက်ကိုင်အဖွဲ့များက ခုခံေတာ္လွန္ေနရာတြင္ ယေန႕၌ ျမဝတီ ႏွင့္ ကန့္ဘလူၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္က အထိနာသျဖင့္ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ေနၾကာင္း စစ္ေျမျပင္ေရွ႕တန္းမွသတင္းရရွိသည္။

(ကန့္ဘလူPDF ခရိုင္တပ္ရင္း (၂) တပ္ဖြဲ႕ဝင္မ်ား။ ဓါတ္ပုံ-KB2)

ရုပ်သံကြည့်ရန်👇👇👇