အာကာသ ယာဉ်လိုင်းကို ခရီးသည်များအသုံး မပြုကြရန် Knight Commanders အဖွဲ့ သတိပေး
စစ်ကိုင်း ၊ ဩဂုတ် ၂၃
လူငယ့်ခေတ်
အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ယာဉ် လိုင်းဖြစ်သည့် အာကာသ Express ယာဉ်လိုင်းကို ပြည်သူများအနေဖြင့် လုံးဝ(လုံးဝ) အသုံးမပြုကြရန် Knight Commanders အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
“တားမြစ်ထားတဲ့အတိုင်း ကားပေါ်မှာပြည်သူတွေပါရင်တော့ အထိအခိုက်မရှိအောင် လှန့်ရမှာပေါ့ဗျာ။ ပြည်သူတွေကို မစီးစေချင်တာပါပဲ။ တကယ်မြေပြင်မှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိစေရပါဘူးဗျာ။ တားပြီးဖမ်းဆီးသတိပေးသင့် ရင်လဲပေးမှာပါ” ဟု KnightCommanders အဖွဲ့ တာဝန်ရှိသူတဦးက လူငယ့်ခေတ်သို့ ပြောသည်။
အာကာသ Express ယာဉ်လိုင်းသည် စစ် ကောင်စီနှင့်ပတ်သက်နေခြင်းကြောင့် မုံရွာ-မန္တလေး-မြင်းမူ လမ်းပိုင်းအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် အသုံးမပြကြရန်နှင့် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိပေးချက်ကို လိုက်နာကြရန် Knight Commanders အဖွဲ့က ယမန်နေ့(ဩဂုတ် ၂၂)ရက်က သတိပေးထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်(၁၇)ရက်က ရတနာပုံ-စစ် ကိုင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ် မှုတွင် အာကာသ Express ယာဉ်လိုင်းမှ ယာဉ်မောင်း၏ သတင်းပေးပို့မှုကြောင့် စစ်ကောင်စီလက်ပါးစေများက တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော် (၃)ဦးကျဆုံးခဲ့ခြင်းကြောင့် အာကာသယာဉ်မောင်းနှင့် သက်ဆိုင်မှုရှိသူအားလုံးကိုသုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း ဝမ်းတွင်းPDF(WPDF) က လည်း သတိပေးထုတ်ပြန်ထားသည်။
သို့သော် အာကာသအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး(အာကာသ Express ယာဉ်လိုင်း)မှ စစ်ကောင်စီထံ သတင်းပေးသည်မှာ မဟုတ်မှန်ကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို မသိရှိကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။
ထိုပြင် အာကာသယာဉ်မောင်းနှင့် ယာဉ် အကူများသည်လည်း ဖမ်းဆီးခံထားရပြီး ဖြစ်စဉ် တွင် ထိခိုက်ဒဏ်ရာရကျဆုံးခဲ့ရသည့် ခရီးသွားပြည်သူများအတွက်လည်း မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း အာကာသအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး(အာကာသ Express ယာဉ်လိုင်း)က ဩဂုတ်(၁၇)ရက်တွင် ထုတ်ပြန်ထားသည်။
#P08 #Lungekhit
Zawgyi(version)
အာကာသ ယာဥ္လိုင္းကို ခရီးသည္မ်ားအသုံး မျပဳၾကရန္ Knight Commanders အဖြဲ႕ သတိေပး
စစ္ကိုင္း ၊ ဩဂုတ္ ၂၃
လူငယ့္ေခတ္
အၾကမ္းဖက္စစ္ေကာင္စီေထာက္တိုင္ ယာဥ္ လိုင္းျဖစ္သည့္ အာကာသ Express ယာဥ္လိုင္းကို ျပည္သူမ်ားအေနျဖင့္ လုံးဝ(လုံးဝ) အသုံးမျပဳၾကရန္ Knight Commanders အဖြဲ႕က သတိေပးထုတ္ျပန္ထားသည္။
“တားျမစ္ထားတဲ့အတိုင္း ကားေပၚမွာျပည္သူေတြပါရင္ေတာ့ အထိအခိုက္မရွိေအာင္ လွန႔္ရမွာေပါ့ဗ်ာ။ ျပည္သူေတြကို မစီးေစခ်င္တာပါပဲ။ တကယ္ေျမျပင္မွာ အျပစ္မဲ့ျပည္သူေတြကို ထိခိုက္မႈမရွိေစရပါဘူးဗ်ာ။ တားၿပီးဖမ္းဆီးသတိေပးသင့္ ရင္လဲေပးမွာပါ” ဟု KnightCommanders အဖြဲ႕ တာဝန္ရွိသူတဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
အာကာသ Express ယာဥ္လိုင္းသည္ စစ္ ေကာင္စီႏွင့္ပတ္သက္ေနျခင္းေၾကာင့္ မုံ႐ြာ-မႏၱေလး-ျမင္းမူ လမ္းပိုင္းအသုံးျပဳမည့္ ခရီးသြားျပည္သူမ်ားအေနျဖင့္ အသုံးမျပၾကရန္ႏွင့္ လမ္းေၾကာင္းေပၚတြင္ ေပါက္ကြဲမႈမ်ားျဖစ္ေပၚနိုင္ျခင္းေၾကာင့္ သတိေပးခ်က္ကို လိုက္နာၾကရန္ Knight Commanders အဖြဲ႕က ယမန္ေန႕(ဩဂုတ္ ၂၂)ရက္က သတိေပးထုတ္ျပန္ခဲ့သည္။
ၿပီးခဲ့သည့္ ဩဂုတ္(၁၇)ရက္က ရတနာပုံ-စစ္ ကိုင္းတံတားေပၚတြင္ ျဖစ္ပြားခဲ့သည့္ ပစ္ခတ္ မႈတြင္ အာကာသ Express ယာဥ္လိုင္းမွ ယာဥ္ေမာင္း၏ သတင္းေပးပို႔မႈေၾကာင့္ စစ္ေကာင္စီလက္ပါးေစမ်ားက တားဆီးပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး PDF ရဲေဘာ္ (၃)ဦးက်ဆဳံးခဲ့ျခင္းေၾကာင့္ အာကာသယာဥ္ေမာင္းႏွင့္ သက္ဆိုင္မႈရွိသူအားလုံးကိုသုတ္သင္ရွင္းလင္းမည္ျဖစ္ေၾကာင္း ဝမ္းတြင္းPDF(WPDF) က လည္း သတိေပးထုတ္ျပန္ထားသည္။
သို႔ေသာ္ အာကာသအဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရး(အာကာသ Express ယာဥ္လိုင္း)မွ စစ္ေကာင္စီထံ သတင္းေပးသည္မွာ မဟုတ္မွန္ေၾကာင္း၊ ပစ္ခတ္မႈျဖစ္စဥ္အေၾကာင္းကို မသိရွိေၾကာင္း ျပန္လည္ထုတ္ျပန္ထားသည္။
ထိုျပင္ အာကာသယာဥ္ေမာင္းႏွင့္ ယာဥ္ အကူမ်ားသည္လည္း ဖမ္းဆီးခံထားရၿပီး ျဖစ္စဥ္ တြင္ ထိခိုက္ဒဏ္ရာရက်ဆဳံးခဲ့ရသည့္ ခရီးသြားျပည္သူမ်ားအတြက္လည္း မိသားစုမ်ားႏွင့္ထပ္တူ ဝမ္းနည္းေၾကာင္း အာကာသအဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရး(အာကာသ Express ယာဥ္လိုင္း)က ဩဂုတ္(၁၇)ရက္တြင္ ထုတ္ျပန္ထားသည္။
#P08 #Lungekhit