မန္တလေးတွင် CID ရဲမှူး အပါအဝင် ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး…see more

မန္တလေးတွင် CID ရဲမှူး အပါအဝင် ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးဟုဆို

နွေဦးအောင်

(မဇ္ဈိမ)။ ။ မန္တလေးမြို့ လမ်း ၃၀၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား Grand Mandalay ဆေးရုံအနီးတွင် ယနေ့ ဩဂုတ်လ ၂၃ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်ခန့်က CID ရဲမှူး အပါအဝင်နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

“ ကလေးကျောင်းပို့ပြီးပြန်လာတာလို့ သိရတယ်။ လူနှစ်ယောက် လေးချက်ပစ်ခံရတာ နေရာမှာတင် သေ တယ်။ CID က ရဲမှူးလို့ပြောနေကြတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးမှ မဇ္ဈိမသို့ပြောသည်။

သေဆုံးသူတစ်ဦးမှာ CID မှရဲမှူး ဟုတ်မဟုတ် အတည်ပြုရန် မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာအနီးတွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက လမ်း များပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ယမန်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတစ်ဦးနှင့် ဒလန်တစ်ဦး ပစ်သတ်ခံထားရသေးသည်။

စာတည်း ။ ။ စောဖေ

#မန္တလေးမြို့
#CIDရဲမှူး
#သေနတ်ဖြင့်ပစ်ခတ်ခံရ

Zawgyi(version)

မႏၱေလးတြင္ CID ရဲမႉး အပါအဝင္ ၂ ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံးဟုဆို

ႏြေဦးေအာင္

(မဇၩိမ)။ ။ မႏၱေလးၿမိဳ႕ လမ္း ၃၀၊ ၅၇ လမ္းႏွင့္ ၅၈ လမ္းၾကား Grand Mandalay ေဆး႐ုံအနီးတြင္ ယေန႕ ဩဂုတ္လ ၂၃ရက္၊ နံနက္ ၈နာရီ ၅၀ မိနစ္ခန့္က CID ရဲမႉး အပါအဝင္ႏွစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံးသြားေၾကာင္း သိရသည္။

ကေလးေက်ာင္းပို႔ၿပီးျပန္လာတာလို႔ သိရတယ္။ လူႏွစ္ေယာက္ ေလးခ်က္ပစ္ခံရတာ ေနရာမွာတင္ ေသ တယ္။ CID က ရဲမႉးလို႔ေျပာေနၾကတယ္ ဟု မ်က္ျမင္ေတြ႕သူတစ္ဦးမွ မဇၩိမသို႔ေျပာသည္။

ေသဆုံးသူတစ္ဦးမွာ CID မွရဲမႉး ဟုတ္မဟုတ္ အတည္ျပဳရန္ မဇၩိမက စုံစမ္းေနဆဲျဖစ္သည္။

ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာအနီးတြင္ စစ္ေကာင္စီလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လမ္း မ်ားပိတ္ဆို႔ၿပီး စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕တြင္ ယမန္ေန႕ကလည္း စစ္ေကာင္စီလက္ေအာက္ခံ စည္ပင္ဝန္ထမ္းတစ္ဦးႏွင့္ ဒလန္တစ္ဦး ပစ္သတ္ခံထားရေသးသည္။

စာတည္း ။ ။ ေစာေဖ

#မႏၱေလးၿမိဳ႕
#CIDရဲမႉး
#ေသနတ္ျဖင့္ပစ္ခတ္ခံရ