ချောင်းဦးတွင် စပါးရိတ်စက်သွားယူသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်…see more

ချောင်းဦးတွင် စပါးရိတ်စက်သွားယူသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စပါးရိတ်စက်သွားယူသည့် လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၁ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့ မုံရွာ – မန္တလေးလမ်း ရွှေသိမ်တော်တံတားပေါ်တွင် စစ်ကောင်စီတပ်က လူငယ် အမျိုးသား ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ချောင်းဦးမြို့နယ် တပယ်အင်းကျေးရွာမှဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်သွားရောက်ယူဆောင်ရင်း ချောင်းဦးမြို့ရှိ ဆွေမျိုးတစ်ဦးအိမ်သို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း၊ ချောင်းဦးမြို့ ရွှေသိမ်တော်တံတားအရောက်တွင် စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြသည်။

အဆိုပါလူငယ်၏ အလောင်းကို စစ်ကောင်စီတပ်က ချောင်းဦးဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တပယ်အင်းကျေးရွာသည် ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်တွင် တည်ရှိပြီး ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ အိမ်ခြေ ၆၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။

Zawgyi(version)

ေခ်ာင္းဦးတြင္ စပါးရိတ္စက္သြားယူသည့္ လူငယ္တစ္ဦးကို စစ္ေကာင္စီတပ္ ပစ္သတ္

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕ေပၚတြင္ စပါးရိတ္စက္သြားယူသည့္ လူငယ္တစ္ဦးကို အၾကမ္းဖက္ စစ္ေကာင္စီတပ္က ပစ္သတ္ခဲ့ေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ၾသဂုတ္ ၂၁ရက္ ည ၇ နာရီခန႔္က ေခ်ာင္းဦးၿမိဳ႕ မုံ႐ြာ – မႏၱေလးလမ္း ေ႐ႊသိမ္ေတာ္တံတားေပၚတြင္ စစ္ေကာင္စီတပ္က လူငယ္ အမ်ိဳးသား ကို ပစ္သတ္ခဲ့ျခင္း ျဖစ္သည္။

ေသဆုံးသူမွာ ေခ်ာင္းဦးၿမိဳ႕နယ္ တပယ္အင္းေက်း႐ြာမွျဖစ္ၿပီး ရိတ္သိမ္းေႁခြေလွ႕စက္သြားေရာက္ယူေဆာင္ရင္း ေခ်ာင္းဦးၿမိဳ႕ရွိ ေဆြမ်ိဳးတစ္ဦးအိမ္သို႔ ေခတၱဝင္ေရာက္ခဲ့ေၾကာင္း၊ ေခ်ာင္းဦးၿမိဳ႕ ေ႐ႊသိမ္ေတာ္တံတားအေရာက္တြင္ စစ္ေကာင္စီက ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေခ်ာင္းဦးၿမိဳ႕နယ္ျပည္သူ႕သတင္းက ေဖာ္ျပသည္။

အဆိုပါလူငယ္၏ အေလာင္းကို စစ္ေကာင္စီတပ္က ေခ်ာင္းဦးေဆး႐ုံသို႔ သယ္ေဆာင္သြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

တပယ္အင္းေက်း႐ြာသည္ ေခ်ာင္းဦးၿမိဳ႕နယ္၊ အျမင့္တိုက္နယ္တြင္ တည္ရွိၿပီး ၿပီးခဲ့သည့္ဇြန္လဆန္းပိုင္းကလည္း စစ္ေကာင္စီတပ္က ဝင္ေရာက္ဖ်က္ဆီးမီးရွို႔ခဲ့၍ အိမ္ေျခ ၆၀ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ရေသးသည္။