ရေစကြိုနယ်ရှိ မီးရှို့ခံရသည့်ကျေးရွာများအား စစ်ကိုင်းတိုင်း PDFများ သွားရောက်လှူဒါန်း
အောင်ဇေယျ/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာများကို စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များက ဆန်အပါအဝင် ရိက္ခာများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ထုတ်ပြန်သည်။
သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုသို့ မီးရှို့ခံရသည့် အိုးအိမ်မဲ့ပြည်သူများအတွက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF Myinmu နှင့် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2Wတို့က ဆန်အိတ် ၃၀၊ ဆီ တစ်ပုံး၊ ဆား တစ်အိတ်၊ ဟင်းသီးဟင်းရွက်၊ ခေါင်းအုံးနှင့် စောင်များအား Silver Lining Programme အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း CDSOM အဖွဲ့က ယမန်နေ့ (သြဂုတ် ၂၂ ရက်) အသိပေးသည်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ PDFအဖွဲ့များသည် မြောင် CDSOM အဖွဲ့ အပါအဝင် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်အား ခုခံတော်လှန်လျက်ရှိသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရမှုတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှာ အမြင့်ဆုံးတွင်ရှိနေပြီး ဒေသတွင်း PDFအဖွဲ့များက ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်။
(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ – CDSOM)
Zawgyi(version)
ေရစႀကိဳနယ္ရွိ မီးရွို႔ခံရသည့္ေက်း႐ြာမ်ားအား စစ္ကိုင္းတိုင္း PDFမ်ား သြားေရာက္လႉဒါန္း
ေအာင္ေဇယ်/People’s Spring
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ မီးရွို႔ဖ်က္ဆီးသြားသည့္ ေက်း႐ြာမ်ားကို စစ္ကိုင္းတိုင္းအေျခစိုက္ PDFအဖြဲ႕မ်ားက ဆန္အပါအဝင္ ရိကၡာမ်ားသြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္း ေျမာင္ CDSOM အဖြဲ႕က ထုတ္ျပန္သည္။
ၾသဂုတ္အတြင္း စစ္ေကာင္စီတပ္က ေရစႀကိဳၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားအား ဝင္ေရာက္မီးရွို႔ဖ်က္ဆီးခဲ့ရာ ေနအိမ္ ၈၀၀ထက္မနည္း ပ်က္စီးဆုံးရႈံးခဲ့သည္။
ထိုသို႔ မီးရွို႔ခံရသည့္ အိုးအိမ္မဲ့ျပည္သူမ်ားအတြက္ ေျမာင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM ၊ ျမင္းမူၿမိဳ႕ျပေတာ္လွန္ေရးအဖြဲ႕ – CRF Myinmu ႏွင့္ အမ်ိဳးသမီးစစ္သည္ေတာ္တပ္ရင္း (ေျမာင္) – M2Wတို႔က ဆန္အိတ္ ၃၀၊ ဆီ တစ္ပုံး၊ ဆား တစ္အိတ္၊ ဟင္းသီးဟင္း႐ြက္၊ ေခါင္းအုံးႏွင့္ ေစာင္မ်ားအား Silver Lining Programme အစီအစဥ္ျဖင့္ သြားေရာက္လႉဒါန္းခဲ့ေၾကာင္း CDSOM အဖြဲ႕က ယမန္ေန႕ (ၾသဂုတ္ ၂၂ ရက္) အသိေပးသည္။
ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းေဒသရွိ PDFအဖြဲ႕မ်ားသည္ ေျမာင္ CDSOM အဖြဲ႕ အပါအဝင္ စစ္ကိုင္းတိုင္းအေျခစိုက္အဖြဲ႕မ်ားႏွင့္ ပူးေပါင္းကာ စစ္ေကာင္စီတပ္အား ခုခံေတာ္လွန္လ်က္ရွိသည္။
စစ္ေကာင္စီတပ္၏ မီးရွို႔ဖ်က္ဆီးခံရမႈတြင္ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းမွာ အျမင့္ဆုံးတြင္ရွိေနၿပီး ေဒသတြင္း PDFအဖြဲ႕မ်ားက ကူညီလႉဒါန္းမႈမ်ား ျပဳလုပ္ေနသည္။
(ေရစႀကိဳနယ္ရွိ မီးရွို႔ခံရေသာ ေက်း႐ြာမ်ားအား ေျမာင္ CDSOMအဖြဲ႕ သြားေရာက္လႉဒါန္းေနစဥ္။ ဓာတ္ပုံ – CDSOM)