ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက အတက်၊ အကျရဲ့ အကွာအဝေး နဲ့ ဖြစ်တဲ့ အကြိမ်ရေ အဲဒါက အရေးကြီးတာ။
ဒေါ်လာဈေးက ၁ သောင်းဖြစ်လည်း တည်ငြိမ်နေရင် စီးပွားရေး လုပ်လို့ရတယ်။ တစ်သိန်း ဖြစ်လည်း လုပ်လို့ရတယ်။ တည်ငြိမ်နေဖို့ပဲ လိုတယ်။
အတက်အကျဟာ ဒီနေ့ ၅၀၀၀ ဖြစ်ပြီး မနက်ဖြန် ၄၀၀၀ ဖြစ်၊ နောက်တပတ်မှာ ၅၅၀၀ ဖြစ်ဆိုရင် အဲဒါ စီးပွားရေး လုပ်လို့ မရဘူး။
ဒီနေ့ ၅၀၀၀ နောက် ၅ လမှာ ၅၀၂၀ လောက် ဖြစ်၊ ဒါမှ မဟုတ် ၄၉၉၀ လောက်ဖြစ် ဒါမျိုးဖြစ်ရင် ရတယ်။ ဒီနေ့ ၅၀၀၀၊ နောက် ၂ ရက် ၃၀၀၀။ နောက်တပတ် ၄၅၀၀၊ နောက် နှစ်ပတ် ၅၅၀၀ အဲဒါဆို သေချာတယ်။ စီးပွားရေး သမားတွေ စီးပွားပျက်ပြီပဲ။
ဒါ မက်ခရို စီးပွားရေး (Macroeconomic) ကကြီး ခခွေး အဆင့်ပါ။ ဒါလေးတောင် အသုံးကျအောင် မသိဘဲ ဇွတ်ကို ဒေါ်လာဈေး ကျသထက် ကျအောင် အတင်းဆွဲချဖို့ လုပ်နေကြတာ မြင်ရတော့ သနားမိတယ်။
ပညာမတတ်ရင် အဲဒီလို ထင်ရာတွေ လုပ်ကြတယ်။ ပညာမတက်တဲ့ကောင်တွေ အုပ်ချုပ်နေတာဆိုတော့လည်း ဒီလောက်တော့ရှိမှပေါ့ (Ko Khant)
Zawgyi(version)
ေဒၚလာေဈးက တစ္ေဒၚလာကို ၁ ေသာင္းျဖစ္တာ၊ တစ္ေဒၚလာကို ၁ က်ပ္ျဖစ္တာ အဲဒါေတြက ဘာမွ အေရးမႀကီးဘူး။ အေရးႀကီးတာက အတက္၊ အက်ရဲ႕ အကြာအေဝး နဲ႕ ျဖစ္တဲ့ အႀကိမ္ေရ အဲဒါက အေရးႀကီးတာ။
ေဒၚလာေဈးက ၁ ေသာင္းျဖစ္လည္း တည္ၿငိမ္ေနရင္ စီးပြားေရး လုပ္လို႔ရတယ္။ တစ္သိန္း ျဖစ္လည္း လုပ္လို႔ရတယ္။ တည္ၿငိမ္ေနဖို႔ပဲ လိုတယ္။
အတက္အက်ဟာ ဒီေန႕ ၅၀၀၀ ျဖစ္ၿပီး မနက္ျဖန္ ၄၀၀၀ ျဖစ္၊ ေနာက္တပတ္မွာ ၅၅၀၀ ျဖစ္ဆိုရင္ အဲဒါ စီးပြားေရး လုပ္လို႔ မရဘူး။
ဒီေန႕ ၅၀၀၀ ေနာက္ ၅ လမွာ ၅၀၂၀ ေလာက္ ျဖစ္၊ ဒါမွ မဟုတ္ ၄၉၉၀ ေလာက္ျဖစ္ ဒါမ်ိဳးျဖစ္ရင္ ရတယ္။ ဒီေန႕ ၅၀၀၀၊ ေနာက္ ၂ ရက္ ၃၀၀၀။ ေနာက္တပတ္ ၄၅၀၀၊ ေနာက္ ႏွစ္ပတ္ ၅၅၀၀ အဲဒါဆို ေသခ်ာတယ္။ စီးပြားေရး သမားေတြ စီးပြားပ်က္ၿပီပဲ။
ဒါ မက္ခရို စီးပြားေရး (Macroeconomic) ကႀကီး ခေခြး အဆင့္ပါ။ ဒါေလးေတာင္ အသုံးက်ေအာင္ မသိဘဲ ဇြတ္ကို ေဒၚလာေဈး က်သထက္ က်ေအာင္ အတင္းဆြဲခ်ဖိဳ႕ လုပ္ေနၾကတာ ျမင္ရေတာ့ သနားမိတယ္။
ပညာမတတ္ရင္ အဲဒီလို ထင္ရာေတြ လုပ္ၾကတယ္။ ပညာမတက္တဲ့ေကာင္ေတြ အုပ္ခ်ဳပ္ေနတာဆိုေတာ့လည္း ဒီေလာက္ေတာ့ရွိမွေပါ့ (Ko Khant)