စကစရဲ့ မတရားရုံးနဲ့ပေါင်းပြီး အမေ့အိမ်ကြီးကိုသိမ်းပိုက်လိုတဲ့ ဦးအောင်ဆန်းဦး…see more

နာမည်ကိုက ပါဝါ (၅၄) ပိုင်ရှင်ကို ထောင်ထဲထည့် သူ့အိမ်ကို လုပ်ချင်သလိုလုပ်​မယ်ပေါ့လေ

ကြင်စိုးက ကြောင်ချီးအတွေးနဲ့…..။

သူ့ကျ အိမ်တွေ တစ်လုံးပြီး တစ်လုံး ရောင်းစားခံနေရတာ ကုန်ပြီလေ အဲ့တော့ ကြင်စိုးရဲ့မနာလိုစိတ် ငယ်ထိပ်ထက်ဆောင့်နိုင်ငံ့ခေါင်းဆောင်ရဲ့မိဘအမွေကိုတောင် ပစ်မှားတာ…..။

စွမ်းမယ်ထင် လုပ်ကြည့်လေအိမ်နာမည်လည်းကြည့်လိုက်ဦး “ပါဝါ ၅၄ တဲ့”သန့်ရှင်းသလားမမေးနဲ့ ခိုးရာပါပစ္စည်းမဟုတ်ဘူးဘယ်ကောင်ဝယ်ရဲလဲ …..။

ပါဝါ 54 ဟာ သမိုင်းဝင်အိမ်တော်ပါ ဒီအိမ်မှာ လွှတ်လပ်ရေးဖခင်ကြီးရဲ့ဇနီး ခေါင်းချသွားတယ်။သူတို့သမီး အဲ့နေအိမ်မှာနှစ်ပေါင်းများစွာ အကျဥ်းချခံခဲ့ရတယ်။ အဲ့အိမ်မှာမြန်မာ့ဒီမိုကရေစီ ခရီးလမ်းစခဲ့တယ်။

ဒီမိုကရေစီသူရဲကောင်းတို့ အဲ့အိမ်ကိုအကြိမ်ကြိမ်ဝင်ထွက်ခဲ့ကြတယ်။မြန်မာပြည်မှာ ပြည်သူအများစုထောက်ခံတဲ့ NLD ပါတီရဲ့ ဗဟိုဌာနချုပ်ဖြစ်ခဲ့တယ်။

အကျဥ်းစံဘဝကနေ ကမ္ဘာကျော်စာအုပ်တွေကို ရေးခဲ့တဲ့ လူထုခေါင်းဆောင် ကမ္ဘာကျော်စာရေးဆရာမက ကမ္ဘာကျော်စာအုပ်တွေကိုရေးခဲ့တယ်။

အိုဗားမားလာဖူးတယ် မစ္စကလင်တန်လာနူတ်ဆက်တယ်
အမေရိကန်လက်ရှိသမ္မတ ဂျိုးဘိုင်တန်လာဂါရဝပြုဖူးတယ်။

အဲ့လို….အဲ့လို… အဲ့လိုနဲ့ အဲ့အိမ်ဟာ မြန်မာဒီမိုကရေစီအတွက် ပြယုဒ်ဖြစ်ခဲ့တယ်။အဲ့အိမ်ရှေ့ စစ်ဗိုလ်ချုပ်တွေမဖြတ်ရဲကြဘူး သူ့တို့အတိတ်ရဲ့အရိပ်တွေကို အဲ့အိမ်ကခြောက်လှန့်နေတယ်။

အဲ့အိမ်ဟာ အဖိုးမဖြတ်နိုင်တဲ့ အတိတ်သမိုင်းတို့စုဝေးရာနဲ့ စစ်ဗိုလ်ချုပ်တွေလူမဆန်စွာအကြမ်းဖက်ရက်စက်မူ့တွေရဲ့ပြတိုက်တစ်ခုပါပဲ။အဲ့အိမ်ရဲ့ သံတံခါးတစ်ခုတောင် ယခင်အချိန်ကသိန်းငါးထောင်ကျော်တန်ခဲ့တယ်။

အဲ့လိုအိမ်ကို ဘယ်လိုလူကလေလဲပစ်မလဲ ဘယ်သူကရောဘယ်လောက်နဲ့ဝယ်ရဲမလဲ။တစ်ကယ်တော့ ထိုအိမ် ထိုမြေကိုပိုင်တာ သမိုင်းကပိုင်တဲ့မြေ သမိုင်းမြေ ဖြစ်တာကြောင့် ပြည်သူသာပိုင်တယ်။
သူခိုးခေတ်မှာ ဂရမ်ဖောက်ပြီး ငါပိုင်တယ်လုပ်သူကတော့ သူခိုးလက်ခံဖြစ်မှာပဲ။

ဝယ်ရဲသူဝယ်ပေါ့ နေပြည်တော်က လွှတ်တော်လက်ညိုးထိုးရောင်းရင်ပြဿနာမရှိပေမယ့် ပါဝါ 54 ကိုရောင်းမယ်ဆိုရင်တော့သမိုင်းကိုဝယ်သူ သမိုင်းကြွေး ဆပ်ရပါလိမ့်မယ်လို့

#မုဆိုးလက် #ဂျေလှသင် #whatshappeningnowinmyanmar

Zawgyi(version)












