မင်းတုန်း-သရက်-ကံမပူးပေါင်း PDF စခန်းစီးနင်းခံရပြီး ၂၀ ကျော်ဖမ်းဆီးခံရ…see more

မင်းတုန်း-သရက်-ကံမပူးပေါင်း PDF စခန်းစီးနင်းခံရပြီး ၂၀ ကျော်ဖမ်းဆီးခံရ

သရက်၊ စက်တင်ဘာ ၈၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတခု စက်တင်ဘာလ ၄ ရက်နေ့က ဝင်ရောက်စီးနင်းခံရပြီး ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ရဲဘော်တွေဟာ မင်းတုန်း-ကံမ-သရက် ပူးပေါင်း PDF တပ်ဖွဲ့ဝင်တွေရဲ့စခန်းဖြစ်ပြီး တပ်ဖွဲ့ဝင် ၂၀ ကျော်ဖမ်းဆီးခံရကာ တူမီးသေနတ်တွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့-MPRF တာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

“မင်းတုန်း-ကံမ-သရက် ပူးပေါင်းအဖွဲ့ စခန်းဝင်စီးခံလိုက်ရတာ၊ ၂၁ ယောက် အဖမ်းခံရတယ်လို့ သိရတယ်။ တူမီးတွေလည်းပါသွားတယ်။ အဓိက ဒလန်ပေါ့၊ ညောင်ပင်သာ စပတန်းရွာအုပ်ချုပ်ရေးမှူးပေါ့။ သူက သရက်-ကံမအဖွဲ့တွေရဲ့စခန်းအထိ လမ်းလိုက်ပြလို့ အစီးခံလိုက်ရတာ။

လွတ်တဲ့သူတွေနဲ့ ခုထိအဆက်အသွယ်မရသေးလို့ အသေးစိတ်မသိသေးဘူး” လို့ မင်းတုန်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ဆလိုင်းအာကာက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီ PDF စခန်းစီးနင်းခံရပြီးတဲ့နောက် စခန်းအနီးဝန်းကျင်မှာရှိနေတဲ့ လက်ပွရွာကို ထပ်မံစီးနင်းပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံရွာသားအများအပြားကိုဖမ်းဆီးသွားပြီး သရက်ထောင်ကိုပို့လိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတုန်း၊ ကံမ၊ သရက်၊ မင်းလှမြို့နယ်တွေအတွင်း မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေဖြစ်ပွားလာဖို့ရှိနေလို့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးကြဖို့ ပြည်သူလူထုကိုတောင်းဆိုလိုတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။

သရက်-ကံမ-မင်းတုန်းပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းဆုံး ရှုံးခဲ့ပါသေးတယ်။

ဩဂုတ်လကုန်ပိုင်းကလည်း လင်းကယ်တိုက်နယ်အတွင်းက အထက်မင်းလှ PDF စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက်ခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတာမျိုးတော့ မရှိခဲ့ပါဘူး။

သရက်-ကံမ-မင်းတုန်းပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းဆုံး ရှုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

Zawgyi(version)

မင္းတုန္း-သရက္-ကံမပူးေပါင္း PDF စခန္းစီးနင္းခံရၿပီး ၂၀ ေက်ာ္ဖမ္းဆီးခံရ

သရက္၊ စက္တင္ဘာ ၈၊ ၂၀၂၂။

မေကြးတိုင္း၊ သရက္ခရိုင္၊ ကံမၿမိဳ႕နယ္အတြင္းက ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ စခန္းတခု စက္တင္ဘာလ ၄ ရက္ေန႕က ဝင္ေရာက္စီးနင္းခံရၿပီး ခံလိုက္ရတယ္လို႔ သိရပါတယ္။

ဖမ္းဆီးခံရတဲ့ရဲေဘာ္ေတြဟာ မင္းတုန္း-ကံမ-သရက္ ပူးေပါင္း PDF တပ္ဖြဲ႕ဝင္ေတြရဲ႕စခန္းျဖစ္ၿပီး တပ္ဖြဲ႕ဝင္ ၂၀ ေက်ာ္ဖမ္းဆီးခံရကာ တူမီးေသနတ္ေတြလည္း သိမ္းဆည္းခံလိုက္ရတယ္လို႔ မင္းတုန္းျပည္သူ႕ေတာ္လွန္ေရးတပ္ဖြဲ႕-MPRF တာဝန္ခံက အတည္ျပဳေျပာဆိုပါတယ္။

“မင္းတုန္း-ကံမ-သရက္ ပူးေပါင္းအဖြဲ႕ စခန္းဝင္စီးခံလိုက္ရတာ၊ ၂၁ ေယာက္ အဖမ္းခံရတယ္လို႔ သိရတယ္။ တူမီးေတြလည္းပါသြားတယ္။ အဓိက ဒလန္ေပါ့၊ ေညာင္ပင္သာ စပတန္း႐ြာအုပ္ခ်ဳပ္ေရးမႉးေပါ့။ သူက သရက္-ကံမအဖြဲ႕ေတြရဲ႕စခန္းအထိ လမ္းလိုက္ျပလို႔ အစီးခံလိုက္ရတာ။

လြတ္တဲ့သူေတြနဲ႕ ခုထိအဆက္အသြယ္မရေသးလို႔ အေသးစိတ္မသိေသးဘူး” လို႔ မင္းတုန္းျပည္သူ႕ေတာ္လွန္ေရးတပ္ဖြဲ႕တာဝန္ခံ ဆလိုင္းအာကာက ေျမလတ္အသံကို ေျပာပါတယ္။

အဲ့ဒီ PDF စခန္းစီးနင္းခံရၿပီးတဲ့ေနာက္ စခန္းအနီးဝန္းက်င္မွာရွိေနတဲ့ လက္ပြ႐ြာကို ထပ္မံစီးနင္းၿပီး အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ေဒသခံ႐ြာသားအမ်ားအျပားကိုဖမ္းဆီးသြားၿပီး သရက္ေထာင္ကိုပို႔လိုက္တယ္လို႔ သိရပါတယ္။

စက္တင္ဘာလဆန္းပိုင္းကစလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ မင္းတုန္း၊ ကံမ၊ သရက္၊ မင္းလွၿမိဳ႕နယ္ေတြအတြင္း မွာ အင္အားအလုံးအရင္းနဲ႕ စစ္ေၾကာင္းထိုးဝင္ေရာက္ေနၿပီး တိုက္ပြဲေတြျဖစ္ပြားလာဖို႔ရွိေနလို႔ လက္နက္ခဲယမ္းေတြ ေထာက္ပံ့ေပးၾကဖို႔ ျပည္သူလူထုကိုေတာင္းဆိုလိုတယ္လို႔လည္း သူက ဆက္လက္ေျပာပါတယ္။

သရက္-ကံမ-မင္းတုန္းပူးေပါင္းတပ္ဖြဲ႕ဝင္ေတြဟာ ၿပီးခဲ့တဲ့ ဇြန္လအတြင္းက ပြင့္ျဖဴၿမိဳ႕နယ္၊ မဲဇလီတံတားထိပ္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ တပ္ဖြဲ႕ဝင္ ၁၂ ဦးက်ဆဳံးခဲ့ၿပီး လက္နက္ခဲယမ္းေတြလည္းဆုံး ရႈံးခဲ့ပါေသးတယ္။

ဩဂုတ္လကုန္ပိုင္းကလည္း လင္းကယ္တိုက္နယ္အတြင္းက အထက္မင္းလွ PDF စခန္းကို စစ္ေကာင္စီတပ္က အင္အားအလုံးအရင္းနဲ႕ စီးနင္းဝင္ေရာက္ခဲ့ေပမယ့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြဖမ္းဆီးခံရတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။

သရက္-ကံမ-မင္းတုန္းပူးေပါင္းတပ္ဖြဲ႕ဝင္ေတြဟာ ၿပီးခဲ့တဲ့ ဇြန္လအတြင္းက ပြင့္ျဖဴၿမိဳ႕နယ္၊ မဲဇလီတံတားထိပ္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ တပ္ဖြဲ႕ဝင္ ၁၂ ဦးက်ဆဳံးခဲ့ၿပီး လက္နက္ခဲယမ္းေတြလည္းဆုံး ရႈံးခဲ့ပါေသးတယ္။

#ေျမလတ္အသံ