ဘယ်လိုချီးကျူးသံ ရှုံ့ချသံကိုမှ လိုက်လံခံစားနေမှာ မဟုတ်ပါဘူး လို့ ပြောလာတဲ့ ပန်ဆယ်လို

ဘယ်လိုချီးကျူးသံ ရှုံ့ချသံကိုမှ လိုက်လံခံစားနေမှာ မဟုတ်ပါဘူး လို့ ပြောလာတဲ့ ပန်ဆယ်လို

တော်လှန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာဘယ်နှသန်းရှာဖွေပေးနိုင်တယ်ဆိုတဲ့ ရန်ပုံငွေ ရရှိမှုကို တင်တယ်ဆိုတာက ပါဝင်ထားကြတဲ့ တော်လှန်ပြည်သူတွေအတွက် Transparency ရှိဖို့အတွက်ပါ။ အချို့ကကျ ကျွန်မက ရန်ပုံငွေရှာဖွေရေးကို ဇောက်ချလုပ်ကိုင်နေတာပဲ မြင်ရတော့ အလှူငွေထဲက စားသောက်နေတယ်ဆိုတဲ့သဘောနဲ့ စွတ်စွဲချင်ကြတယ်။

ရှင်းပြဖို့ မလိုအပ်ပေမယ့် ကျွန်မရဲ့ ဘဝရပ်တည်မှုအကြောင်းကိုလည်း ပွင့်လင်းမြင်သာစွာ သိထားဖို့ လိုအပ်တယ်လို့ ယူဆလို့ စွတ်စွဲသူကို တုံ့ပြန်ရင်းနဲ့ တဆက်တည်းဖြေလိုက်ပါတယ်။

ကျွန်မ မြန်မာအစားအစာလေးတွေ တစ်လနှစ်ခါ ရောင်းချပါတယ်။ USရောက် မြန်မာတွေက ချစ်ခင်စိတ်နဲ့ အားပေးကြတာမို့ တစ်လကို ပါကင်ပုံး ငါးရာလောက် ရောင်းရပါတယ်။ ဝင်ငွေအနေနဲ့ တစ်လကို USD 10000 ဝန်းကျင် ရရှိပါတယ်။ US နိုင်ငံရဲ့ တရားဝင်ကုမ္ပဏီလိုင်စင်နဲ့ တရားဝင် အခွန်ဆောင်ပြီး အလုပ်လုပ်ပါတယ်။

တစ်လကို အိမ်ငှါးခ နှစ်ထောင်၊ စားစားရိတ် တစ်ထောင်၊ မီတာခ ရေဖိုး ငါးရာ၊ ဗာရီရအသုံးစားရိတ် ထောင့်ငါးရာနဲ့ ငါးထောင်ဝန်းကျင် ကုန်ကျပါတယ်။ အိမ်က လေးခန်းပါတာမို့ မိသားစုအားလုံး စုနေထိုင်ကြပြီး ပေါက်စျေးက ၂၅၀၀-၃၀၀၀ ကြားရှိပေမယ့် အိမ်ရှင်က ဖေးမတဲ့အနေနဲ့ မြန်မာလူမျိုးအချင်းချင်းမို့ နှစ်ထောင်ပဲ ယူပါတယ်။ လေးခန်းပါအိမ်မို့လို့ ဆိုပြီး အိမ်အကြီးကြီးမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်လေးနဲ့ နေသာပေမယ့် 1500 Sqfeet လောက်ပဲ ရှိတာမို့ မြန်မာပြည်က ကျွန်မအိမ် မြေညီထပ် အကျယ်အဝန်းထပ် သေးပါတယ်။ တော်ကြာ US မှာ စပယ်ရှယ်ဇိမ်ခံနေနေတယ် ယူဆမှာစိုးလို့ပါ။

အိမ်ရှိ မိသားစုဝင် ၆ ယောက်မှာ ၅ယောက် အလုပ်လုပ်နိုင်တဲ့အရွယ်မို့ ဝင်ငွေရှိကြပါတယ်။ ကျန်တဲ့လူဝင်ငွေတွေ ဖယ်ရင်တောင် ကျွန်မစျေးရောင်းတာ သီးသန့် စားရိတ်ဖယ်ပြီး လေးငါးထောင်ပိုပါသေးတယ်။ Bond, EOD, မြေကွက် အကုန်ကိုယ်ပိုင်ငွေနဲ့ ဝယ်သလို ကိုယ်ပိုင်ငွေထဲက ထောင်ဝင်စာလစဉ်ပို့ပါတယ်။

ကျွန်မဟာ နိုင်ငံရေးကို အကြောင်းပြုပြီး US မှာ အခွင့်အလမ်း လာရှာရအောင်လည်း အာဏာမသိမ်းခင်က ကျွန်မရဲ့ မြန်မာပြည်က ဝင်ငွေက USမှာ အခုအလုပ်လုပ်လို့ရတဲ့ ဒေါ်လာတစ်သောင်းထက် များသလို အခြွေအရံအသင်းအပင်းနဲ့ နေရပါတယ်။ US မှာတော့ အစစအရာရာ ကိုယ်ခြေကိုယ့်လက် အကုန်လုပ်ရတာမို့ မြန်မာပြည်ထက် ပိုပင်ပန်းသလို တော်လှန်ရေးအလုပ်အတွက် အချိန်တွေ အများကြီး ပေးထားတာမို့ ကျွန်မမှာ နားရက်၊ နားချိန် မရှိသလောက်ပါပဲ။

တဆက်တည်း ပြောရရင် ကျွန်မရဲ့ Fundraising Project တွေက ရရှိတဲ့ တော်လှန်ရေး ရန်ပုံငွေတွေဟာ နိုင်ငံတကာမှာရှိတဲ့ Fundraiser တွေကပဲ ကောက်ခံစီးဆင်းတာမို့ ဘယ်ပရော့ဂျက်မှာ ဘယ်လောက်ရရ ကျွန်မဆီ တစ်ပြားမှ ရောက်မလာပါဘူး။

စာရင်းပဲ ကိုင်တွယ်ခွင့်ရှိပါတယ်။ Fundraiser များနဲ့ တော်လှန်ရေး မောင်နှမများက တာဝန်ယူကောက်ခံပေးကြတာမို့ Check & Balance ဖြစ်တဲ့ ပုံစံအခြေအနေမျိုးနဲ့ ဆောင်ရွက်တာကြောင့် ပြည်သူ့ယုံကြည်မှု ပိုမိုရရှိပြီး Fundraising Project တွေ ပိုပိုအောင်မြင်လာတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာတည်းက အခြေအနေမဲ့လည်း မဟုတ်ဘူး။ ခြေနှစ်ချောင်း လက်နှစ်ခေါင်း ခေါင်းတစ်လုံးနဲ့ ကမ္ဘာ့ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။ ခိုးစားဝှက်စားချင်ရင် ဘောမနေမှာပါ။ ကျွန်မသာ ဘောမမယ်ဆို အခုဘောမနေတဲ့ အကောင်ပေါင်း တစ်ထောင် အကြောပေးထားလို့ရပါတယ်။ ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေ ထားပစ်ခဲ့စရာမှ မလိုတာ။

တော်လှန်ရေးကို ရန်ပုံငွေရှာ ထောက်ပို့လာတာ တစ်နှစ်ကျော်ဝန်းကျင်ရှိလာပါပြီ။ နယ်လှည့် Bond ရောင်းချပွဲပေါင်းများစွာက ရရှိငွေ ဒေါ်လာသန်းချီအတွက် အရှုပ်အရှင်းရှိမရှိ ဘဏ္ဍာရေးဝန်ကြီးဌာနကို မေးမြန်း အတည်ပြုနိုင်သလို Project တိုင်းက ရရှိငွေ လွှဲပြောင်းပေးအပ်ထားတဲ့ မှတ်တမ်းများ၊ Certificate များနဲ့ ပုံမှန်ထောက်ပို့အတွက် Certificate ထောင်ဂဏန်းအား ပွင့်လင်းမြင်သာစွာ Public နဲ့ တင်ပြခဲ့ပါတယ်။ တော်လှန်ရေး မအောင်မြင်စေလိုသော ဘောမအသိုင်းအဝိုင်းရဲ့ အချက်အလက်မဲ့ တိုက်ခိုက်မှုများမှအပ ယနေ့ထိ ဘာနာမည်ပျက်မှ မရှိသလို ဘောမများသော်မှ ဘာသက်သေနဲ့မှ စွတ်စွဲနိုင်ခြင်း မရှိခဲ့ပါ။

အကယ်၍မှ ချက်ကျလက်ကျ စွတ်စွဲစာရင်းစစ်ချင်ရင်လည်း ခွင့်ပြုပါတယ်။ အကောင့်အစစ်အမှန်ဖြင့် ကိုယ့်ရဲ့အချက်အလက်အားလုံး ထုတ်ဖော်ပြသရမှာ ဖြစ်ပြီး တဖက်ရပ်ကွက်မှ အတွင်းသတင်းနှိုက်ခြင်းကို ကာကွယ်နိုင်ရန် တော်လှန်ရေးဘက်ခြမ်းမှလူ အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံချက်များ ရယူပြီး စိန်ခေါ်စစ်ဆေးနိုင်ပါတယ်။ လောင်းကြေးအနေနဲ့ကတော့ ကြီးကြီးမားမား Deposit တင်ရမှာဖြစ်ပြီး ကျွန်မနိုင်ခဲ့ရင် ဒီငွေကို တော်လှန်ရေးထံ လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။

ကျွန်မဟာ ပေးဆပ်သူ၊ စွန့်လွှတ်သူ၊ မြင့်မြတ်သူတစ်ယောက် မဟုတ်တဲ့ သာမန်မိန်းမတစ်ယောက်ပါပဲ။ ဒီတော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ဖြစ်အောင် တွန်းအားပေးတဲ့ အရာကတော့ (လူအထင်ကြီးအောင် တော်လှန်ရေးအလုံးကြီးတွေ ပြောလို့ရပေမယ့် လိပ်ပြာသန့်သန့် ဒဲ့ပြောရရင်) မင်းအောင်လှိုင်တို့ စစ်အုပ်စု သေဂျင်းဆိုးဖို့ပါပဲ။ ဒီလောက်ပါပဲ။

အရင်ကလည်း စျေးသည်ပါ။ အခုလည်း စျေးသည်ပါ။ စျေးသည်အရည်အချင်းနဲ့ မာကက်တင်းအတွေ့အကြုံကို တော်လှန်ရေးမှာ ကာယဥာဏအားနဲ့ ဝင်ရင်းနှီးတာပါ။ တော်လှန်ရေးပြီးရင်လည်း စျေးသည်ပဲ ဆက်လုပ်မှာပါ။ ဘာရာထူးဂုဏ်ဒြပ်မှ ရယူမှာ မဟုတ်တဲ့အတွက် စိတ်ချလက်ချ နေကြပါ။

ဒါကြီးပြီးရင် အရင်လိုပဲ စောက်ဖောင်းထု၊ စောက်ဆဲခံဘဝကိုပဲ တန်းတန်းကြီး ပြန်သွားမယ့်ကောင်မို့ ဘယ်လိုချီးကျူးသံ ရှုံ့ချသံကိုမှ လိုက်လံခံစားနေမှာ မဟုတ်ပါဘူး။

ရှင်သန်ခဲ့တဲ့ ဘဝတောက်လျောက်မှာ ကောင်းဆိုးလောကဓံ နှစ်သွယ်လုံးကို ခိုင်ကျည်နိုင်သူ ဖြစ်ချင်ရုံပါပဲ။

ဘဝဆိုတာ ပြီးတော့လည်း ပြီးသွားတာပဲ မဟုတ်လား။
🙂