ဗိုလ်နဂါးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးအဖြစ်​ဟန်ဆောင်​ကာ ပိုက်ဆံလိမ်လည်ကောက်ခံနေတဲ့ စစ်ထောက်လှမ်းရေးတစ်ယောက်ကို…see more

မြန်မာ့တော်ဝင်နဂါးတပ်တော် အမည်ခံအလှူငွေကောက်နေသည့် စစ်ထောက် လှမ်းရေးတစ်ဦးကို ဖမ်းဆီးရမိဟု ဗိုလ်နဂါးပြော

ရဲခေါင်/People’s Spring

မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)အမည်ခံ၍ အလှူငွေကောက်ခံပြီး စစ်ရေးသတင်း ထောက်လှမ်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်လှမ်းရေးတပ်သားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း MRDA ဦးဆောင်သူ ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

“မြေပြင်မှာကို မိထားတာ။MRDA ရဲ့ ခွဲမှူးတစ်ယောက်လို ဟန်ဆောင်ထားတဲ့သူ။တစ်ယောက်ပဲ မိသေးတယ်။လေးယောက် လောက်လွတ်နေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

တပ်ဖွဲ့ဝင်အသစ်များစွာထပ်တိုးလာခြင်း အပါ အဝင် MRDA အဖွဲ့ခွဲများလည်း တိုးချဲ့နေခြင်း ကြောင့် ငွေကြေးလိမ်လည်တောင်းခံခြင်းများကို ချက်ခြင်းအရေးယူရန် ခက်ခဲပြီး မှားယွင်မှု များရှိပါက သေချာစိစစ်မည်ဖြစ်ကြောင်း အသိပေးသည်။

ငွေကြေးအတွက်သော်လည်းကောင်း၊စစ်ရေးအရ သတင်းထောက်လှမ်းသည့် အယောင်ဆောင်များပိုမိုရှိနိုင်ပြီး ပြည်သူများအနေဖြင့် MRDA၏ တရားဝင် သတင်းပေ့ချ်မှ စုံစမ်းဆက်သွယ်ပေးရန် ဗိုလ်နဂါးက တိုက်တွန်းသည်။

Zawgyi(version)

ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ အမည္ခံအလႉေငြေကာက္ေနသည့္ စစ္ေထာက္ လွမ္းေရးတစ္ဦးကို ဖမ္းဆီးရမိဟု ဗိုလ္နဂါးေျပာ

ရဲေခါင္/Peoples Spring

ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (MRDA)အမည္ခံ၍ အလႉေငြေကာက္ခံၿပီး စစ္ေရးသတင္း ေထာက္လွမ္းေနသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ေထာက္လွမ္းေရးတပ္သားတစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း MRDA ဦးေဆာင္သူ ဗိုလ္နဂါးက လူထုႏြေဦးသို႔ ေျပာသည္။

ေျမျပင္မွာကို မိထားတာ။MRDA ရဲ႕ ခြဲမႉးတစ္ေယာက္လို ဟန္ေဆာင္ထားတဲ့သူ။တစ္ေယာက္ပဲ မိေသးတယ္။ေလးေယာက္ ေလာက္လြတ္ေနေသးတယ္ဟု ၎က ရွင္းျပသည္။

တပ္ဖြဲ႕ဝင္အသစ္မ်ားစြာထပ္တိုးလာျခင္း အပါ အဝင္ MRDA အဖြဲ႕ခြဲမ်ားလည္း တိုးခ်ဲ့ေနျခင္း ေၾကာင့္ ေငြေၾကးလိမ္လည္ေတာင္းခံျခင္းမ်ားကို ခ်က္ျခင္းအေရးယူရန္ ခက္ခဲၿပီး မွားယြင္မႈ မ်ားရွိပါက ေသခ်ာစိစစ္မည္ျဖစ္ေၾကာင္း အသိေပးသည္။

ေငြေၾကးအတြက္ေသာ္လည္းေကာင္း၊စစ္ေရးအရ သတင္းေထာက္လွမ္းသည့္ အေယာင္ေဆာင္မ်ားပိုမိုရွိနိုင္ၿပီး ျပည္သူမ်ားအေနျဖင့္ MRDA၏ တရားဝင္ သတင္းေပ့ခ်္မွ စုံစမ္းဆက္သြယ္ေပးရန္ ဗိုလ္နဂါးက တိုက္တြန္းသည္။