NUG ရဲ့အထူးစစ်ဆင်ရေးအဖွဲ့ SOFကတော့ မြို့ပေါ်အထိတက်ကြမ်းနေပြီ(ရုပ်သံ)

SOFအထူးတပ်ဖွဲ့က ပေါင်မြို့နယ်ရဲစခန်းနှင့် ပျူအဖွဲ့ကို တိုက်ခိုက်၊ ရဲအများအပြားဒဏ်ရာရပြီး ပျူခေါင်းဆောင်နှင့် ရာအိမ်မှူးတစ်ဦးသေဟုဆို

ကျော်ဇော/People’s Spring

SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးလက်အောက်ခံတပ်ရင်းများက မွန်ပြည်နယ် ပေါင်မြို့နယ်ရဲစခန်းနှင့် ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။

စစ်ရေးတိုက်ခိုက်မှုများအနက် စစ်ကောင်စီလက် အောက်ခံ ပေါင်မြို့နယ်ရဲစခန်းကို စက်တင်ဘာ ၄ရက် ညနေ ၆ နာရီခန့်တွင် M79၊ M16 ရိုင်ဖယ် စသည့်လက်နက်များအသုံးပြု၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၁)၊ တပ်ရင်း (၂)လက်အောက်ခံ PDF တပ်များနှင့် ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူအများအပြားထိခိုက်ကာ အဆောက်အအုံနှင့် ကားများပျက်စီးပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဟု ဆိုသည်။

အလားတူ စက်တင်ဘာ ၆ ရက် ည ၈ နာရီ မိနစ် ၂၀ခန့်ကလည်း ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ကော့ကရင်းလမ်းဝရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များ ကင်းပုန်းချထားသည့်နေရာအား M16 ရိုင်ဖယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SOF က ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် အာစိန်နှင့် ရာအိမ်မှူးဦးစိုးသန်း တို့သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ထုတ်ပြန်သည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများသည် တောင်ပိုင်းစစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအစိပ်အပိုင်းများဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်များအားလုံး အထိအခိုက်မရှိ လုံခြုံရာသို့ ဘေးကင်းစွာရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများလုပ်ဆောင်ရခြင်းမှာ ပေါင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် ပျူစောထီးများက မြို့နယ်တွင်းရှိ လူငယ်များအား မတရားဖမ်း ဆီးနှိပ်စက်ခြင်း၊ ငွေကြေးများအတင်း အဓမ္မတောင်းယူခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရုပ်သံကြည့်ရန်👇👇👇👇

ရုပ်သံ – SOF

Zawgyi(version)

SOFအထူးတပ္ဖြဲ႕က ေပါင္ၿမိဳ႕နယ္ရဲစခန္းႏွင့္ ပ်ဴအဖြဲ႕ကို တိုက္ခိုက္၊ ရဲအမ်ားအျပားဒဏ္ရာရၿပီး ပ်ဴေခါင္းေဆာင္ႏွင့္ ရာအိမ္မႉးတစ္ဦးေသဟုဆို

ေက်ာ္ေဇာ/People’s Spring

SOF အထူးစစ္ဆင္ေရးတပ္ဖြဲ႕ ေတာင္ပိုင္းစစ္ေဒသကြပ္ကဲေရးလက္ေအာက္ခံတပ္ရင္းမ်ားက မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ရဲစခန္းႏွင့္ ပ်ဴေစာထီးအဖြဲ႕ကို ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ယေန႕(စက္တင္ဘာ ၇)ထုတ္ျပန္သည္။

စစ္ေရးတိုက္ခိုက္မႈမ်ားအနက္ စစ္ေကာင္စီလက္ ေအာက္ခံ ေပါင္ၿမိဳ႕နယ္ရဲစခန္းကို စက္တင္ဘာ ၄ရက္ ညေန ၆ နာရီခန့္တြင္ M79၊ M16 ရိုင္ဖယ္ စသည့္လက္နက္မ်ားအသုံးျပဳ၍ ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

အဆိုပါ တိုက္ခိုက္မႈကို KNLA တပ္မဟာ (၁)၊ တပ္ရင္း (၂)လက္ေအာက္ခံ PDF တပ္မ်ားႏွင့္ ပူးေပါင္းတိုက္ ခိုက္ခဲ့ျခင္းျဖစ္ၿပီး ရန္သူအမ်ားအျပားထိခိုက္ကာ အေဆာက္အအုံႏွင့္ ကားမ်ားပ်က္စီးၿပီး ထိခိုက္ေသဆုံးမႈအေျခအေနအား မသိရေသးဟု ဆိုသည္။

အလားတူ စက္တင္ဘာ ၆ ရက္ ည ၈ နာရီ မိနစ္ ၂၀ခန့္ကလည္း ေပါင္ၿမိဳ႕နယ္ ကြၽဲၿခံေက်း႐ြာ ေကာ့ကရင္းလမ္းဝရွိ စစ္ေကာင္စီလက္ေအာက္ခံ ပ်ဴေစာထီးအဖြဲ႕မ်ား ကင္းပုန္းခ်ထားသည့္ေနရာအား M16 ရိုင္ဖယ္မ်ားျဖင့္ အနီးကပ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း SOF က ေဖာ္ျပသည္။

ယင္းတိုက္ခိုက္မႈတြင္ ပ်ဴေစာထီးေခါင္းေဆာင္ အာစိန္ႏွင့္ ရာအိမ္မႉးဦးစိုးသန္း တို႔ေသဆုံးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရသြားသည္ဟု ထုတ္ျပန္သည္။

အထက္ပါ စစ္ေရးတိုက္ခိုက္မႈမ်ားသည္ ေတာင္ပိုင္းစစ္ေဒသခြဲ၏ နန္းထိုက္ေအာင္စစ္ဆင္ေရးအစိပ္အပိုင္းမ်ားျဖစ္ၿပီး တိုက္ပြဲဝင္ရဲေဘာ္မ်ားအားလုံး အထိအခိုက္မရွိ လုံၿခဳံရာသို႔ ေဘးကင္းစြာေရာက္ရွိၿပီျဖစ္ေၾကာင္း အသိေပးသည္။

ယခုကဲ့သို႔ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရျခင္းမွာ ေပါင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ားႏွင့္ ပ်ဴေစာထီးမ်ားက ၿမိဳ႕နယ္တြင္းရွိ လူငယ္မ်ားအား မတရားဖမ္း ဆီးႏွိပ္စက္ျခင္း၊ ေငြေၾကးမ်ားအတင္း အဓမၼေတာင္းယူျခင္းတို႔ေၾကာင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

႐ုပ္သံ – SOF