ပြည်သူ ၆ ဦးကိုသတ်သွားတဲ့စစ်ကောင်စီတပ်ကို လက်စားချေတဲ့အနေနဲ့ PDFကတန်ပြန်တိုက်ခိုက်လို့ အများအပြားသေ(ရုပ်သံ)

ပြည်သူ ၆ ဦးကိုသတ်ခဲ့တဲ့ ကျောက်ရစ်စခန်းက စစ်ကောင်စီတပ်တွေကို PDF က တန်ပြန်တိုက်ခိုက် ( ရုပ်/သံ )

မြောင်၊ စက်တင်ဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက စက်တင်ဘာလ ၆ ရက် မနေ့က ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၄၀ နီးပါးရှိနေတဲ့ အဲ့ဒီစခန်းကို မနေ့ည ၉ နာရီလောက်မှာ ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ TTA-ပြောက်ကျားတပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“40 ၃ လုံးနဲ့သွားထုတာ၊ ၂ လုံးကတော့ရဲစခန်းထဲ ဒဲ့ကျတယ်၊ ၁ လုံးကတော့ ရဲစခန်းအနီးနားကပ်ရပ် ဆေးရုံးအဟောင်းကိုကျတာ၊ အထိအခိုက်အကျအဆုံးတော့ ကျ‌နော်တို့စုံစမ်းနေဆဲပါ၊ အထိအခိုက်ကရှိတယ်၊ သေတာတွေလည်းရှိတယ်၊” လို့ ဆိုပါတယ်။

အဲ့ဒီစခန်းက တပ်သားတွေအနေနဲ့ ၁ လအတွင်း ဒေသခံပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့တာကြောင့် ခုလိုတန်ပြန်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တိုက်ခိုက်ပြီးနောက် စခန်းနဲ့အနီးတဝိုက်ဒေသတွေကို စစ်ကောင်စီက ရဟက်ယာဥ်တွေနဲ့ အင်အားတွေထပ်မံဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)


မြောင်၊ စက်တင်ဘာ ၇၊ ၂၀၂၂။






#မြေလတ်အသံ