ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင်ပြော
ရုရှားနိုင်ငံတွင် ကျင်းပနေသော စီးပွားရေးဖိုရမ်အတွင်း သမ္မတပူတင်နှင့် ယနေ့ (စက်တင်ဘာ ၇) တွေ့ဆုံစဉ် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင်က မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုလိုက်သည်။
ရုရှားနိုင်ငံအနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကတည်းက ခက်ခဲသောအချိန်ကာလကို ဖြတ်သန်း နေခဲ့ရပြီး ရုရှားသမ္မတသည် နိုင်ငံတကာအခင်းအကျင်းတွင် တည်ငြိမ်မှုရှိအောင် ဖန်တီးပေးနေသူ ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်ဟု ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ရေးသားသည်။
“ရုရှားနိုင်ငံခေါင်းဆောင် အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။ အကြောင်းက တော့ တစ်ကမ္ဘာလုံးမှာ တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နေတာဖြစ်တဲ့အတွက်ပါ” ဟု ရုရှားသမ္မတ တွေ့စဉ် မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးဖိုရမ်အတွင်း သီးသန့်တွေ့ဆုံရာတွင် မင်းအောင်လှိုင်က လက်အုပ်ချီထွက်လာကာ သမ္မတပူတင်ကို အားရဝမ်းသာလက်ဆွဲနှုတ် ဆက်သည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။
ရုရှားနိုင်ငံသို့ ၁၀ ကြိမ်ထက်မနည်း ရှောက်ရှိပြီးဖြစ်သော မြန်မာစစ်ခေါင်းဆောင်အနေဖြင့် သမ္မတ ပူတင်ကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။ မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်း ရုရှားသို့ သုံးကြိမ်မြောက်ရောက်ရှိနေခြင်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေး အကောင်းဘက်မှတိုးတက်နေကြောင်း၊ ခြောက်လတာအတွင်း နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆကျော် တိုးတက်လာသည်ဟု မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ရုရှားသမ္မတပူတင်က ပြောသည်ဟု TASS က ရေးသားသည်။
ယခုလ ၅ ရက်မှ ၈ ရက်နေ့အထိ ရုရှားတွင် ကျင်းပနေသော စီးပွားရေးဖိုရိမ်တွင် နိုင်ငံတကာမှ အထင်ကရ ခေါင်းဆောင်များတက်ရောက်ခြင်း မရှိပေ။ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ကြောင့် ရုရှားနိုင်ငံကို အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး သမ္မတပူတင်သည်လည်း ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခံထားရသည်။
Zawgyi(version)
႐ုရွားသမၼတပူတင္ကို ကမၻာ့ေခါင္းေဆာင္ႀကီးဟု မင္းေအာင္လွိုင္ေျပာ
႐ုရွားနိုင္ငံတြင္ က်င္းပေနေသာ စီးပြားေရးဖိုရမ္အတြင္း သမၼတပူတင္ႏွင့္ ယေန႕ (စက္တင္ဘာ ၇) ေတြ႕ဆုံစဥ္ ကမၻာ့ေခါင္းေဆာင္ႀကီးျဖစ္သည္ဟု အာဏာသိမ္းေခါင္းေဆာင္က မင္းေအာင္လွိုင္က ျမႇောက္ပင့္ေျပာဆိုလိုက္သည္။
႐ုရွားနိုင္ငံအေနျဖင့္ လြန္ခဲ့သည့္ႏွစ္ေပါင္း ၃၀ ကတည္းက ခက္ခဲေသာအခ်ိန္ကာလကို ျဖတ္သန္း ေနခဲ့ရၿပီး ႐ုရွားသမၼတသည္ နိုင္ငံတကာအခင္းအက်င္းတြင္ တည္ၿငိမ္မႈရွိေအာင္ ဖန္တီးေပးေနသူ ျဖစ္ေၾကာင္း မင္းေအာင္လွိုင္က ေျပာဆိုသည္ဟု ႐ုရွားနိုင္ငံပိုင္ သတင္းဌာန TASS က ေရးသားသည္။
႐ုရွားနိုင္ငံေခါင္းေဆာင္ အျဖစ္သာမက ကမၻာ့ေခါင္းေဆာင္ႀကီးလည္းျဖစ္ပါတယ္။ အေၾကာင္းက ေတာ့ တစ္ကမၻာလုံးမွာ တည္ၿငိမ္မႈရွိေအာင္ ထိန္းခ်ဳပ္ေနတာျဖစ္တဲ့အတြက္ပါ ဟု ႐ုရွားသမၼတ ေတြ႕စဥ္ မင္းေအာင္လွိုင္က ေျပာသည္။
စီးပြားေရးဖိုရမ္အတြင္း သီးသန့္ေတြ႕ဆုံရာတြင္ မင္းေအာင္လွိုင္က လက္အုပ္ခ်ီထြက္လာကာ သမၼတပူတင္ကို အားရဝမ္းသာလက္ဆြဲႏႈတ္ ဆက္သည္ကို ႐ုပ္သံဖိုင္တြင္ ေတြ႕ရသည္။
႐ုရွားနိုင္ငံသို႔ ၁၀ ႀကိမ္ထက္မနည္း ေရွာက္ရွိၿပီးျဖစ္ေသာ ျမန္မာစစ္ေခါင္းေဆာင္အေနျဖင့္ သမၼတ ပူတင္ကို ပထမဆုံးအႀကိမ္ေတြ႕ဆုံခြင့္ရျခင္းျဖစ္သည္။ မင္းေအာင္လွိုင္အေနျဖင့္ အာဏာသိမ္းၿပီး ေနာက္ပိုင္း ႐ုရွားသို႔ သုံးႀကိမ္ေျမာက္ေရာက္ရွိေနျခင္းျဖစ္သည္။
ႏွစ္နိုင္ငံဆက္ဆံေရး အေကာင္းဘက္မွတိုးတက္ေနေၾကာင္း၊ ေျခာက္လတာအတြင္း ႏွစ္နိုင္ငံကုန္သြယ္မႈ ႏွစ္ဆေက်ာ္ တိုးတက္လာသည္ဟု မင္းေအာင္လွိုင္ႏွင့္ေတြ႕ဆုံစဥ္ ႐ုရွားသမၼတပူတင္က ေျပာသည္ဟု TASS က ေရးသားသည္။
ယခုလ ၅ ရက္မွ ၈ ရက္ေန႕အထိ ႐ုရွားတြင္ က်င္းပေနေသာ စီးပြားေရးဖိုရိမ္တြင္ နိုင္ငံတကာမွ အထင္ကရ ေခါင္းေဆာင္မ်ားတက္ေရာက္ျခင္း မရွိေပ။ ယူကရိန္းနိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္မႈ ေၾကာင့္ ႐ုရွားနိုင္ငံကို အေနာက္အင္အားႀကီးနိုင္ငံမ်ားက ျပင္းထန္ေသာ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ထားၿပီး သမၼတပူတင္သည္လည္း ျပင္းထန္စြာ ေဝဖန္ျပစ္တင္ခံထားရသည္။