မြောင်နယ်မှာ စစ်အုပ်စု ရေယာဉ်တွေကို တိုက်ခိုက်၊ သင်္ဘောနှစ်စီး နစ်မြုပ်ပြီး စကစ (၂၀)ကျော် သေဟုဆို၊
MFP ၊ စက်တင်ဘာ – ၇
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ်ထဲ လှည့်ပတ်ကာ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်း နေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို မနေ့က ညနေပိုင်း ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ သင်္ဘောနှစ်စီး နစ်မြုပ်ပြီး စကစ (၂၀)ကျော် သေတယ်လို့ Wolf Brothers တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၆)ရက် ညနေ(၃)နာရီကျော်က မြောင်မြို့နယ် ကျောက်တန်းရွာအနီး မြစ်ကြောင်းအတိုင်း သွားလာနေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို Wolf Brothers ၊ MGN TIGER အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၂) နှင့် ဒေသကာကွယ်ရေး မဟာမိတ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစ ဘက်မှ သင်္ဘောနှစ်စီး နစ်မြုပ်သွားခဲ့ပြီး စခ အကောင်ရေ (၂၅)ကောင်ခန့် အဝီစိသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ တိုက်ပွဲသတင်း အသေးစိတ် အချက်အလက်များကို မိဘပြည်သူများအား ဆက်လက် အသိပေး အကြောင်းကြားပါမည်” လို့ ဖော်ပြပါတယ်။
မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက ရေယာဉ်လေးစီးနဲ့ လှည့်လည် သောင်းကျန်းနေချိန် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရေယာဉ် လေးစီးအနက် နှစ်စီး နစ်မြုပ်ပြီး စကစတွေ အများအပြား သေတာလို့ Wolf Brothers တပ်ဖွဲ့က MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မြောင်နယ်ရဲ့ ဧရာဝတီမြစ် တဖက်ကမ်း မြင်းခြံနယ် ဆီမီးခုံဆိပ်ကမ်းမှာ စစ်သင်္ဘောတွေ အထိုင်ချထားကာ အဲ့ဒီကတဆင့် ဧရာဝတီမြစ်ထဲ လှည့်လည်ပြီး ကုန်တင်သင်္ဘောတွေ၊ ဒေသခံပြည်သူတွေရဲ့ စက်လှေတွေ၊ ရေယာဉ်တွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
ေျမာင္နယ္မွာ စစ္အုပ္စု ေရယာဥ္ေတြကို တိုက္ခိုက္၊ သေဘၤာႏွစ္စီး နစ္ျမဳပ္ၿပီး စကစ (၂၀)ေက်ာ္ ေသဟုဆို၊
MFP ၊ စက္တင္ဘာ – ၇
စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ ဧရာဝတီျမစ္ထဲ လွည့္ပတ္ကာ လက္နက္ျပ မိုက္ေၾကးခြဲ ဆက္ေၾကးေတာင္း ေနတဲ့ စစ္အုပ္စု ေရယာဥ္ေတြကို မေန႕က ညေနပိုင္း ေဒသကာကြယ္ေရး တပ္ေတြက တိုက္ခိုက္ခဲ့ရာ သေဘၤာႏွစ္စီး နစ္ျမဳပ္ၿပီး စကစ (၂၀)ေက်ာ္ ေသတယ္လို႔ Wolf Brothers တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။
စက္တင္ဘာ(၆)ရက္ ညေန(၃)နာရီေက်ာ္က ေျမာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာအနီး ျမစ္ေၾကာင္းအတိုင္း သြားလာေနတဲ့ စစ္အုပ္စု ေရယာဥ္ေတြကို Wolf Brothers ၊ MGN TIGER အဖြဲ႕၊ ျမင္းၿခံခရိုင္ တပ္ရင္း (၂) ႏွင့္ ေဒသကာကြယ္ေရး မဟာမိတ္ေတြက ပူးေပါင္း တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
မဟာမိတ္မ်ားႏွင့္အတူ ပူးေပါင္းတိုက္ခိုက္ခဲ့ရာ စကစ ဘက္မွ သေဘၤာႏွစ္စီး နစ္ျမဳပ္သြားခဲ့ၿပီး စခ အေကာင္ေရ (၂၅)ေကာင္ခန႔္ အဝီစိသို႔ ပို႔ေဆာင္ေပးနိုင္ခဲ့သည္။ တိုက္ပြဲသတင္း အေသးစိတ္ အခ်က္အလက္မ်ားကို မိဘျပည္သူမ်ားအား ဆက္လက္ အသိေပး အေၾကာင္းၾကားပါမည္ လို႔ ေဖာ္ျပပါတယ္။
မေန႕က ညေနပိုင္းမွာ စစ္အုပ္စုက ေရယာဥ္ေလးစီးနဲ႕ လွည့္လည္ ေသာင္းက်န္းေနခ်ိန္ တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး ေရယာဥ္ ေလးစီးအနက္ ႏွစ္စီး နစ္ျမဳပ္ၿပီး စကစေတြ အမ်ားအျပား ေသတာလို႔ Wolf Brothers တပ္ဖြဲ႕က MFP ကို ေျပာပါတယ္။
စစ္အုပ္စုဟာ ေျမာင္နယ္ရဲ႕ ဧရာဝတီျမစ္ တဖက္ကမ္း ျမင္းၿခံနယ္ ဆီမီးခုံဆိပ္ကမ္းမွာ စစ္သေဘၤာေတြ အထိုင္ခ်ထားကာ အဲ့ဒီကတဆင့္ ဧရာဝတီျမစ္ထဲ လွည့္လည္ၿပီး ကုန္တင္သေဘၤာေတြ၊ ေဒသခံျပည္သူေတြရဲ႕ စက္ေလွေတြ၊ ေရယာဥ္ေတြကို လက္နက္ျပ မိုက္ေၾကးခြဲ ဆက္ေၾကးေတာင္းေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။