ဟုမ္မလင်းတွင် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို ဖမ်းဆီး ခေါင်းဖြတ် သတ် ဖြတ် သည့် ဗီဒီယို များ ဖြန့်ချိ ၊ လူ ၂၀ ထက်မနည်း ခေါင်းဖြတ်အသတ်ခံရမှု ပြည်သူများက ပကဖ ထံ တိုင်ကြား
ရန်ကုန်၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီဘက်တွင် ရပ်တည်နေသော စိုင်းပြူး ဦးဆောင်သည့် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို PDF ဟု စွပ်စွဲ ဖမ်းဆီး ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများကို ဖြန့်ချိလျက်ရှိပြီး ဩဂုတ်လတစ်လတည်းတွင်ပင် လူငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ခေါင်းဖြတ်အသတ်ခံရကြောင်း ဒေသ ကာကွယ်ရေးတပ်များနှင့် ပြည်သူများထံမှ သိရှိရသည်။
စစ်ကောင်စီတပ်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စိုင်းပြူး ဦးဆောင်သော SNA ရှမ်းနီတပ်ဖွဲ့က PDF ဟု စွပ်စွဲပြီး ဒေသခံလူငယ်များ၊ ပြည်သူများကို ဖမ်း ဆီး ခေါင်းဖြတ်သတ်မှုများ ကျူးလွန်နေကြောင်း၊ ဒေသ ခံပြည်သူများက ခန္တီးခရိုင်တပ်ရင်း(၁) ထံသို့ သက်သေ အထောက် အထား ဗီဒီယိုများနှင့်တကွ တိုင် ကြားလာကြောင်း ခန္တီးခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။
“ဖြစ်စဥ်ကတော့ ၊ဟုမ္မလင်းမြို့နယ် ၊ဟုမ္မလင်း-ဖောင်းပြင်ကြားဗျူဟာလမ်းပေါ်က နန့်နန်းရွာမှာအခြေပြုတပ်စွဲထားတဲ့ SNA တပ်မဟာ ၇၅၃ အရာရှိစိုင်းပြူး ဦးဆောင်တဲ့တပ်ဖွဲ့က နယ်မြေတွင်းရှိ ပြည်သူများကို တရားမယ့်အနိုင်ကျင့် သတ်ဖြတ်မှုကျူးလွန်တယ် လို့ ပြည်သူတွေက သတင်းပေးတိုင်ကြားတာပါ။ အသတ်ခံရသူတွေ ဘယ်သူ ဘယ်ဝါ ဆိုတာအတိ အကျမသိရသေးပါ။
နန့်နန်းမှာ နိုင်ငံအတွင်းဒေသအသီးသီးကရွှေမျှောလာရောက်လုပ်ကိုင်သူ၊ ရွှေမှော်တွေမှာ စျေးရောင်းသူတွေ၊ရွှေမျှောလုပ်သားတွေအများအပြားရှိတဲ့အတွက် SNA က မထင်ရင် မထင်သလို သူတို့နဲ့အဆင်မပြေသူတွေကို အနိုင်ကျင့်သတ်ဖြတ်မှုတွေ လက်လွတ်စပယ် ကျူးလွန်နေတယ်။ ၈ လပိုင်းအတွင်းမှာကို အမည်မသိရသေးတဲ့ပြည်သူ ၂၀ ခန့်ကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ဆိုပါတယ်” ဟု ခန္တီးခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။
လူငယ်များကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများကို SNA အဖွဲ့ဝင်များက ဖြန့်ချိလျက်ရှိကြောင်း၊ အချင်းချင်း ဖြန့်ချိရာမှ လူမှုကွန်ရက်အထိပါ ပြန့်နှံ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဟုမ္မလင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော HPDF 124 ကလည်း SNA ရှမ်းနီတပ်ဖွဲ့၏ လူငယ်များကို ခေါင်းဖြတ် သတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက် သေအထောက်အထား ဗီဒီယိုများစွာရရှိထားကြောင်း ၊ SNA သည် စစ်တပ် ပျူစောထီးများနှင့် ပူးပေါင်း၍ ဒေသခံပြည်သူများကို သတ်ဖြတ်လျက်ရှိကြောင်း ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းထွက်ရှိလာသော ရှမ်းနီ SNA အဖွဲ့၏ ထုတ်ပြန်ချက်တွင် နောင်ပတ်ဆရာတော် ဦးဂန္ဓမာ (ရှမ်းနီဦးဇင်း)ကို KIA နှင့် PDF က စက် တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်သည်ဟု စွပ်စွဲထားပြီး ပြန်လည် လက်တုံ့ပြန်မည်ဟု ကြေညာထားသည်။
ဓာတ်ပုံ- SNA တပ်ဖွဲ့ဝင်များက PDF ဟုစွပ်စွဲပြီး လူငယ်များကို ခေါင်းဖြတ် သတ်ဖြတ်မှု ကျူးလွန်နေစဉ်။
(ရန်ကုန်ခေတ်သစ်အနေဖြင့် SNA တပ်ဖွဲ့ဝင်များ ကျူးလွန်ထားသော ခေါင်း ဖြတ်သတ်သည့် ဗီဒီယိုများစွာရရှိထားသော်လည်း အများပြည်သူ ကြည့်ရှုရန် မသင့်တော်သဖြင့် ပြန်လည် ဖော်ပြနိုင်ခြင်းမရှိပေ)
Zawgyi(version)
ဟုမၼလင္းတြင္ SNA ရွမ္းနီတပ္ဖြဲ႕က လူငယ္မ်ားကို ဖမ္းဆီး ေခါင္းျဖတ္ သတ္ ျဖတ္ သည့္ ဗီဒီယို မ်ား ျဖန႔္ခ်ိ ၊ လူ ၂၀ ထက္မနည္း ေခါင္းျဖတ္အသတ္ခံရမႈ ျပည္သူမ်ားက ပကဖ ထံ တိုင္ၾကား
ရန္ကုန္၊ စက္တင္ဘာ ၆
စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီဘက္တြင္ ရပ္တည္ေနေသာ စိုင္းျပဴး ဦးေဆာင္သည့္ SNA ရွမ္းနီတပ္ဖြဲ႕က လူငယ္မ်ားကို PDF ဟု စြပ္စြဲ ဖမ္းဆီး ေခါင္းျဖတ္သတ္သည့္ ဗီဒီယိုမ်ားကို ျဖန႔္ခ်ိလ်က္ရွိၿပီး ဩဂုတ္လတစ္လတည္းတြင္ပင္ လူငယ္မ်ား အပါအဝင္ ျပည္သူ ၂၀ ဦးထက္မနည္း ေခါင္းျဖတ္အသတ္ခံရေၾကာင္း ေဒသ ကာကြယ္ေရးတပ္မ်ားႏွင့္ ျပည္သူမ်ားထံမွ သိရွိရသည္။
စစ္ေကာင္စီတပ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ စိုင္းျပဴး ဦးေဆာင္ေသာ SNA ရွမ္းနီတပ္ဖြဲ႕က PDF ဟု စြပ္စြဲၿပီး ေဒသခံလူငယ္မ်ား၊ ျပည္သူမ်ားကို ဖမ္း ဆီး ေခါင္းျဖတ္သတ္မႈမ်ား က်ဴးလြန္ေနေၾကာင္း၊ ေဒသ ခံျပည္သူမ်ားက ခႏၱီးခရိုင္တပ္ရင္း(၁) ထံသို႔ သက္ေသ အေထာက္ အထား ဗီဒီယိုမ်ားႏွင့္တကြ တိုင္ ၾကားလာေၾကာင္း ခႏၱီးခရိုင္တပ္ရင္း(၁)မွ တာဝန္ရွိသူက ေျပာသည္။
“ျဖစ္စဥ္ကေတာ့ ၊ဟုမၼလင္းၿမိဳ႕နယ္ ၊ဟုမၼလင္း-ေဖာင္းျပင္ၾကားဗ်ဴဟာလမ္းေပၚက နန့္နန္း႐ြာမွာအေျချပဳတပ္စြဲထားတဲ့ SNA တပ္မဟာ ၇၅၃ အရာရွိစိုင္းျပဴး ဦးေဆာင္တဲ့တပ္ဖြဲ႕က နယ္ေျမတြင္းရွိ ျပည္သူမ်ားကို တရားမယ့္အနိုင္က်င့္ သတ္ျဖတ္မႈက်ဴးလြန္တယ္ လို႔ ျပည္သူေတြက သတင္းေပးတိုင္ၾကားတာပါ။ အသတ္ခံရသူေတြ ဘယ္သူ ဘယ္ဝါ ဆိုတာအတိ အက်မသိရေသးပါ။
နန့္နန္းမွာ နိုင္ငံအတြင္းေဒသအသီးသီးကေ႐ႊေမွ်ာလာေရာက္လုပ္ကိုင္သူ၊ ေ႐ႊေမွာ္ေတြမွာ ေစ်းေရာင္းသူေတြ၊ေ႐ႊေမွ်ာလုပ္သားေတြအမ်ားအျပားရွိတဲ့အတြက္ SNA က မထင္ရင္ မထင္သလို သူတို႔နဲ႕အဆင္မေျပသူေတြကို အနိုင္က်င့္သတ္ျဖတ္မႈေတြ လက္လြတ္စပယ္ က်ဴးလြန္ေနတယ္။ ၈ လပိုင္းအတြင္းမွာကို အမည္မသိရေသးတဲ့ျပည္သူ ၂၀ ခန့္ကိုသတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္ခဲ့တယ္လို႔ဆိုပါတယ္” ဟု ခႏၱီးခရိုင္တပ္ရင္း(၁)မွ တာဝန္ရွိသူက ေျပာသည္။
လူငယ္မ်ားကို ေခါင္းျဖတ္သတ္သည့္ ဗီဒီယိုမ်ားကို SNA အဖြဲ႕ဝင္မ်ားက ျဖန႔္ခ်ိလ်က္ရွိေၾကာင္း၊ အခ်င္းခ်င္း ျဖန႔္ခ်ိရာမွ လူမႈကြန္ရက္အထိပါ ျပန႔္ႏွံ႕လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဟုမၼလင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕ျဖစ္ေသာ HPDF 124 ကလည္း SNA ရွမ္းနီတပ္ဖြဲ႕၏ လူငယ္မ်ားကို ေခါင္းျဖတ္ သတ္သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ ေသအေထာက္အထား ဗီဒီယိုမ်ားစြာရရွိထားေၾကာင္း ၊ SNA သည္ စစ္တပ္ ပ်ဴေစာထီးမ်ားႏွင့္ ပူးေပါင္း၍ ေဒသခံျပည္သူမ်ားကို သတ္ျဖတ္လ်က္ရွိေၾကာင္း ေျပာဆိုသည္။
စက္တင္ဘာလ ၆ ရက္ေန႕ ညပိုင္းထြက္ရွိလာေသာ ရွမ္းနီ SNA အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေနာင္ပတ္ဆရာေတာ္ ဦးဂႏၶမာ (ရွမ္းနီဦးဇင္း)ကို KIA ႏွင့္ PDF က စက္ တင္ဘာလ ၄ ရက္ေန႕တြင္ ဖမ္းဆီး ေခၚေဆာင္ သတ္ျဖတ္သည္ဟု စြပ္စြဲထားၿပီး ျပန္လည္ လက္တုံ႕ျပန္မည္ဟု ေၾကညာထားသည္။
ဓာတ္ပုံ- SNA တပ္ဖြဲ႕ဝင္မ်ားက PDF ဟုစြပ္စြဲၿပီး လူငယ္မ်ားကို ေခါင္းျဖတ္ သတ္ျဖတ္မႈ က်ဴးလြန္ေနစဥ္။
(ရန္ကုန္ေခတ္သစ္အေနျဖင့္ SNA တပ္ဖြဲ႕ဝင္မ်ား က်ဴးလြန္ထားေသာ ေခါင္း ျဖတ္သတ္သည့္ ဗီဒီယိုမ်ားစြာရရွိထားေသာ္လည္း အမ်ားျပည္သူ ၾကည့္ရႈရန္ မသင့္ေတာ္သျဖင့္ ျပန္လည္ ေဖာ္ျပနိုင္ျခင္းမရွိေပ)