ရန်သူကိုအချိန်ပေး၍မရတော့သောကြောင့် လာမည့်နှစ်တွင် တော်လှန်ရေးအဆုံးအဖြတ်ရယူမည်ဟု NUGကာကွယ်ရေးဝန်ကြီးပြော
——————————
စက်တင်ဘာ ၇၊ ၂၀၂၂
ရန်သူကိုအချိန်ပေးလို့မရတော့တာကြောင့် ရှေ့လာမယ့်နှစ်အတွင်း တော်လှန် ရေးရဲ့အဆုံးအဖြတ်ကိုရယူဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ဟု NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီနေ့မှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ခုခံတော်လှန်စစ်ကြေညာခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ ဒီနေ့စက်တင် ဘာ(၇)ရက်မှာ PDF ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်ရဲ့ပြောကြားချက်မှာ ထည့်သွင်းပြောလိုက်တာပါ။
“တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ရေခံမြေခံအားလုံးကို ငါတို့တည်ဆောက်နိုင်ခဲ့ပြီဖြစ်တယ်။ ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေး ကြီးလိမ့်မယ်။ ရန်သူကိုအချိန်ပေးလို့ မရဘူးဆိုတာသေချာတယ်။ ဒီ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရNUGနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကိုရယူဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်။ ငါတို့အားလုံး တစ်သံတည်းညီပြီး တစ်ချီတည်းရုန်းကြရလိမ့်မယ်” လို့ ဝန်ကြီးဦးရည်မွန်က ရဲဘော်တွေကို အသိပေးပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဒေသတိုင်းမှာပျံ့နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို CODအောက်မှာစုစည်းနိုင်ဖို့ အရေးကြီးကြောင်းနဲ့ မြေပြင်မှာလည်း အချိတ်အ ဆက်မမိသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီး စုစည်းနိုင်ရေးကြိုးပမ်းနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးလုပ်ဆောင်နေရတာကြောင့် လက်နက်တပ်ဆင်နိုင်စွမ်း အကန့်အသတ်ရှိနေသေးပေမယ့် လက်ရှိမှာ လက်နက်ခဲယမ်းရရှိရေးလမ်းကြောင်းဟာ အရင်ကထက်ပိုပြီးလမ်းပွင့်လာပြီလို့ ဝန်ကြီးကပြောပါတယ်။
ပုံစာ-ကာကွယ်ရေးဝန်ကြီးနှင့် PDFရဲဘော်များ
Zawgyi(version)
ရန္သူကိုအခ်ိန္ေပး၍မရေတာ့ေသာေၾကာင့္ လာမည့္ႏွစ္တြင္ ေတာ္လွန္ေရးအဆုံးအျဖတ္ရယူမည္ဟု NUGကာကြယ္ေရးဝန္ႀကီးေျပာ
——————————
စက္တင္ဘာ ၇၊ ၂၀၂၂
ရန္သူကိုအခ်ိန္ေပးလို႔မရေတာ့တာေၾကာင့္ ေရွ႕လာမယ့္ႏွစ္အတြင္း ေတာ္လွန္ ေရးရဲ႕အဆုံးအျဖတ္ကိုရယူဖို႔ စိတ္ပိုင္းျဖတ္ၿပီးျဖစ္ဟု NUGကာကြယ္ေရးဝန္ႀကီးဦးရည္မြန္က ဒီေန႕မွာထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ခုခံေတာ္လွန္စစ္ေၾကညာျခင္း တစ္ႏွစ္ျပည့္အထိမ္းအမွတ္ျဖစ္တဲ့ ဒီေန႕စက္တင္ ဘာ(၇)ရက္မွာ PDF ရဲေဘာ္ေတြကို ကာကြယ္ေရးဝန္ႀကီးဝန္ႀကီး ဦးရည္မြန္ရဲ႕ေျပာၾကားခ်က္မွာ ထည့္သြင္းေျပာလိုက္တာပါ။
ေတာ္လွန္ေရးေအာင္ဖို႔ လိုအပ္တဲ့ေရခံေျမခံအားလုံးကို ငါတို႔တည္ေဆာက္နိုင္ခဲ့ၿပီျဖစ္တယ္။ ေရွ႕လာမယ့္ႏွစ္ကေတာ့ ေတာ္လွန္ေရးအတြက္ အထူးအေရး ႀကီးလိမ့္မယ္။ ရန္သူကိုအခ်ိန္ေပးလို႔ မရဘူးဆိုတာေသခ်ာတယ္။ ဒီ့အတြက္အမ်ိဳးသားညီၫြတ္ေရးအစိုးရNUGနဲ႕ မဟာမိတ္မ်ားအားလုံး လာမယ့္တစ္ႏွစ္အတြင္း ေတာ္လွန္ေရးရဲ႕အဆုံးအျဖတ္ကိုရယူဖို႔ စိတ္ပိုင္းျဖတ္ၿပီးျဖစ္တယ္ဆိုတာလည္း အသိေပးလိုတယ္။ ငါတို႔အားလုံး တစ္သံတည္းညီၿပီး တစ္ခ်ီတည္း႐ုန္းၾကရလိမ့္မယ္ လို႔ ဝန္ႀကီးဦးရည္မြန္က ရဲေဘာ္ေတြကို အသိေပးေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ ေဒသတိုင္းမွာပ်ံ့ႏွံ႕ေပၚေပါက္လာတဲ့ ေတာ္လွန္ေရးအင္အားစုေတြကို CODေအာက္မွာစုစည္းနိုင္ဖို႔ အေရးႀကီးေၾကာင္းနဲ႕ ေျမျပင္မွာလည္း အခ်ိတ္အ ဆက္မမိေသးတဲ့ ကာကြယ္ေရးအဖြဲ႕ေတြနဲ႕ ခရိုင္ကြပ္ကဲေရးအဖြဲ႕ေတြ ေတြ႕ဆုံေဆြးႏြေးၿပီး စုစည္းနိုင္ေရးႀကိဳးပမ္းေနေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ပါတယ္။
ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႕ ရန္ပုံေငြရရွိမႈအေပၚမူတည္ၿပီးလုပ္ေဆာင္ေနရတာေၾကာင့္ လက္နက္တပ္ဆင္နိုင္စြမ္း အကန႔္အသတ္ရွိေနေသးေပမယ့္ လက္ရွိမွာ လက္နက္ခဲယမ္းရရွိေရးလမ္းေၾကာင္းဟာ အရင္ကထက္ပိုၿပီးလမ္းပြင့္လာၿပီလို႔ ဝန္ႀကီးကေျပာပါတယ္။
ပုံစာ-ကာကြယ္ေရးဝန္ႀကီးႏွင့္ PDFရဲေဘာ္မ်ား