မုံရွာတွင် အလုပ်မှအပြန်ပျောက်ဆုံးသွားသည့် လူငယ်(၂)ဦးအား သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက် ပြန်လည်တွေ့ရှိ
————————–
သြဂုတ် ၂၂၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုံမြောက်မှာ အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ လူငယ်(၂)ဦးကို နောက် တစ်ရက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးပြီးပြန်တွေ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက နေသိရ ပါတယ်။
သြဂုတ်လ(၁၉)ရက်ညက အလုပ်ကအပြန် သူတို့(၂)ဦးပျောက်ဆုံးသွားတာဖြစ်ပြီး ပျောက်လို့လိုက်ရှာကနေ ဒီနေ့မှာ ဒဏ်ရာတွေနဲ့အတူ ဆေးရုံမှာအလောင်းကိုပြန်တွေ့ရတာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါ တယ်။
“အလောင်းတွေက ညနေမိုင်းကွဲချိန်အိမ်ကိုပြန်ရောက်လာတယ်။ မျက်လုံးတွေထိုးဖောက်ခံထားရပြီး တကိုယ်လုံးလည်း ရိုက်နှက်ခံထားရတယ်။ နာရေးအိမ်လည်းဘယ်သူမှမသွားရဲကြဘူး။
အလောင်းတွေ ရောက်လာချိန်မှာ အိမ်စီးကားတစ်စီးနဲ့လာချောင်းသေးတယ်”လို့ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက BVJကို ပြောပါတယ်။
သေဆုံးသူ(၂)ဦးဟာ သမီးယောက်ဖတော်စပ်ပြီး သေဆုံးသူ(၂)ဦးစလုံးမှာ ခြေလက်တွေလည်းရိုက်ချိုးခံထားရတယ်လို့လည်း သိရပါတယ်။
Zawgyi(version)
မုံ႐ြာတြင္ အလုပ္မွအျပန္ေပ်ာက္ဆုံးသြားသည့္ လူငယ္(၂)ဦးအား ေသနတ္ဒဏ္ရာမ်ားျဖင့္ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိ
————————–
ၾသဂုတ္ ၂၂၊ ၂၀၂၂
စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕ စက္မႈဇုံေျမာက္မွာ အလုပ္သြားလုပ္ရင္း ေပ်ာက္ဆုံးသြားတဲ့ လူငယ္(၂)ဦးကို ေနာက္ တစ္ရက္မွာ ေသနတ္ဒဏ္ရာေတြနဲ႕ ေသဆုံးၿပီးျပန္ေတြ႕တယ္လို႔ မိသားစုနဲ႕နီးစပ္တဲ့အသိုင္းအဝိုင္းက ေနသိရ ပါတယ္။
ၾသဂုတ္လ(၁၉)ရက္ညက အလုပ္ကအျပန္ သူတို႔(၂)ဦးေပ်ာက္ဆုံးသြားတာျဖစ္ၿပီး ေပ်ာက္လို႔လိုက္ရွာကေန ဒီေန႕မွာ ဒဏ္ရာေတြနဲ႕အတူ ေဆး႐ုံမွာအေလာင္းကိုျပန္ေတြ႕ရတာျဖစ္တယ္လို႔ အဲ့ဒီရပ္ကြက္မွာေနထိုင္သူတစ္ဦးက ေျပာပါ တယ္။
အေလာင္းေတြက ညေနမိုင္းကြဲခ်ိန္အိမ္ကိုျပန္ေရာက္လာတယ္။ မ်က္လုံးေတြထိုးေဖာက္ခံထားရၿပီး တကိုယ္လုံးလည္း ရိုက္ႏွက္ခံထားရတယ္။ နာေရးအိမ္လည္းဘယ္သူမွမသြားရဲၾကဘူး။
အေလာင္းေတြ ေရာက္လာခ်ိန္မွာ အိမ္စီးကားတစ္စီးနဲ႕လာေခ်ာင္းေသးတယ္လို႔ ရပ္ကြက္တြင္းေနထိုင္သူတစ္ဦးက BVJကို ေျပာပါတယ္။
ေသဆုံးသူ(၂)ဦးဟာ သမီးေယာက္ဖေတာ္စပ္ၿပီး ေသဆုံးသူ(၂)ဦးစလုံးမွာ ေျခလက္ေတြလည္းရိုက္ခ်ိဳးခံထားရတယ္လို႔လည္း သိရပါတယ္။