မုံရွာမြို့ရှိ နမခ တပ်အတွင်းတို့ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်…see more

မုံရွာတွင် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို

၇ ၊ စက်တင်ဘာ ၊ ၂၀၂၂-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံး မှုရှိနိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့က ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများကို စက်တင်ဘာ ၄ရက်နှင့် ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၇၈မမ၊၁၂၀မမ၊ ၆၀မမ၊၄၀မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ဘုတလင်မြို့နယ် ဇီးတောရွာတောင်ဘက်တွင်ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းကို စစ်တင်ဘာ ၄ရက် ညနေ ၃နာရီခန့်တွင် ၇၈မမ ၂လုံး ၊ ၁၂၀မမ ၅လုံး ၊ ၆၀မမ ၉လုံး ၊၄၀မမ ၁လုံး စုစုပေါင်းလက်ကြီးကျည် ၁၇လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်းဖော်ပြထားသည်။ တိုက်ခိုက်မှု၊ ထိခိုက်မှုများနှင့် စပ်လျဉ်း၍ ချင်းတွင်းရိုးမက သီးခြားအတည်ပြုချက်များ မရရှိသေးပေ။

ထို့အပြင် မုံရွာမြို့ရှိ နမခ တပ်အတွင်းသို့ စက်တင်ဘာ ၅ ရက်ည ၈နာရီအချိန်တွင် ၁၂၀မမ ၉လုံး ၊ ၆၀မမ ၁၂လုံး စုစုပေါင်းလက်နက်ကြီးကျည် ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် -၆ (လစရ-၆)ထဲသို့ ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူများစွာရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ် ကဖော်ပြထားသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် နမခ တပ်အတွင်းမှ ဆူညံသံများထွက်ပေါ်ခဲ့ပြီး စစ်ကောင် စီတပ်များက ရမ်းသမ်းပစ်ခတ်သော်လည် ဒေသခံကာကွယ်ရေးတပ် ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄၊ Fight For People – F.F.P၊ FUTURE STAR -LPDF COBRA SPECIAL FORCES ( csf. LPDF. )၊ MONYWA BLACK BOYS – M.B.B တို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Click – 👇👇👇

Youtube- https://youtu.be/9AJ8nAotbLA
Website – https://www.chindwinyomanews.com

Zawgyi(version)

မုံ႐ြာတြင္ စစ္ေကာင္စီတပ္ကို လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ဟုဆို

၇ ၊ စက္တင္ဘာ ၊ ၂၀၂၂-ခ်င္းတြင္းရိုးမ

စစ္ကိုင္းတိုင္း၊မုံ႐ြာခရိုင္တြင္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားပူးေပါင္းကာ စစ္ေကာင္စီ စစ္ေၾကာင္းႏွင့္ တပ္စခန္းကို လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာထိခိုက္ေသဆုံး မႈရွိနိုင္ေၾကာင္း ေဒသခံကာကြယ္ေရးအဖြဲ႕က ေဖာ္ျပထားသည္။

အဆိုပါတိုက္ခိုက္မႈမ်ားကို စက္တင္ဘာ ၄ရက္ႏွင့္ ၅ ရက္ေန႕တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ၇၈မမ၊၁၂၀မမ၊ ၆၀မမ၊၄၀မမ စသည့္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းေဖာ္ျပထားသည္။

ဘုတလင္ၿမိဳ႕နယ္ ဇီးေတာ႐ြာေတာင္ဘက္တြင္ေရာက္ရွိေနေသာ စစ္ေကာင္စီစစ္ေၾကာင္းကို စစ္တင္ဘာ ၄ရက္ ညေန ၃နာရီခန႔္တြင္ ၇၈မမ ၂လုံး ၊ ၁၂၀မမ ၅လုံး ၊ ၆၀မမ ၉လုံး ၊၄၀မမ ၁လုံး စုစုေပါင္းလက္ႀကီးက်ည္ ၁၇လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ထိခိုက္ဒဏ္ရာရရွိသူမ်ားစြာရွိခဲ့ေၾကာင္းေဖာ္ျပထားသည္။ တိုက္ခိုက္မႈ၊ ထိခိုက္မႈမ်ားႏွင့္ စပ္လ်ဥ္း၍ ခ်င္းတြင္းရိုးမက သီးျခားအတည္ျပဳခ်က္မ်ား မရရွိေသးေပ။

ထို႔အျပင္ မုံ႐ြာၿမိဳ႕ရွိ နမခ တပ္အတြင္းသို႔ စက္တင္ဘာ ၅ ရက္ည ၈နာရီအခ်ိန္တြင္ ၁၂၀မမ ၉လုံး ၊ ၆၀မမ ၁၂လုံး စုစုေပါင္းလက္နက္ႀကီးက်ည္ ၂၁ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ လွ်ပ္စစ္ႏွင့္ စက္မႈအင္ဂ်င္နီယာတပ္ -၆ (လစရ-၆)ထဲသို႔ က်ခဲ့ၿပီး ထိခိုက္ဒဏ္ရာရွိသူမ်ားစြာရွိခဲ့ေၾကာင္း ေဒသခံကာကြယ္ေရးတပ္ ကေဖာ္ျပထားသည္။

အဆိုပါပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ နမခ တပ္အတြင္းမွ ဆူညံသံမ်ားထြက္ေပၚခဲ့ၿပီး စစ္ေကာင္ စီတပ္မ်ားက ရမ္းသမ္းပစ္ခတ္ေသာ္လည္ ေဒသခံကာကြယ္ေရးတပ္ ဖြဲ႕ဝင္မ်ားအထိအခိုက္မရွိျပန္လည္ ဆုတ္ခြါနိုင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ယင္းတိုက္ခိုက္မႈကို မုံ႐ြာခရိုင္ျပည္သူကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) တပ္ရင္း – ၂ တပ္ခြဲ – ၄၊ Fight For People – F.F.P၊ FUTURE STAR -LPDF COBRA SPECIAL FORCES ( csf. LPDF. )၊ MONYWA BLACK BOYS – M.B.B တို႔ပူးေပါင္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

Click –

Youtube- https://youtu.be/9AJ8nAotbLA
Website – https://www.chindwinyomanews.com