ရွာတွေကို မီးရှို့နေတဲ့ ပျူတွေနေတဲ့အိမ်ကို ဒရုန်းနဲ့မီးလောင်ဗုံးချလို့…see more

တန့်ဆည်နယ် ချောင်ဆုံရွာရှိ ပျူစောထီးများစခန်းချထားသည့်နေအိမ်ကို ဒရုန်းဖြင့် မီးလောင်ဗုံးချ၊ နေအိမ်နှစ်လုံးမီးလောင်

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်ဆုံ(တောင်)ကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချလေ့ရှိသည့် ပျူခေါင်းဆောင်စိန်ချိုနေအိမ်အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၇) ထုတ်ပြန် သည်။

ယမန်နေ့နေ့လယ် ၂ နာရီဝန်းကျင်က ချောင်းဆုံ (တောင်)ရွာမှ ပျူစောထီးခေါင်းဆောင် စိန်ချိုဆိုသူ၏ နေအိမ်အား ဒရုန်းဖြင့် မီးလောင်ဗုံးနှစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူခေါင်းဆောင် စိန်ချို၏ နေအိမ်နှစ်လုံး မီးလောင်းပျက်စီးသွားပြီး အထိုင်ချထားသော ပျူစောထီးများ ထိခိုက်မှုရှိနိုင်သည်ဟု တန့်ဆည်(ပ.က.ဖ)က ဆိုသည်။

စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲလေ့ရှိသော ပျူခေါင်းဆောင် စိန်ချိုဆိုသူ၏နေအိမ်အား ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကများက စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးသေဆုံးခဲ့သည်။

(ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုနေအိမ်အား ဒရုန်းဖြင့် မီးလုံးဗုံးများကြဲချနေစဥ်_ ဓာတ်ပုံ – တန့်ဆည် -ပ.က.ဖ))

Zawgyi(version)

တန့္ဆည္နယ္ ေခ်ာင္ဆုံ႐ြာရွိ ပ်ဴေစာထီးမ်ားစခန္းခ်ထားသည့္ေနအိမ္ကို ဒ႐ုန္းျဖင့္ မီးေလာင္ဗုံးခ်၊ ေနအိမ္ႏွစ္လုံးမီးေလာင္

ေက်ာ္ေဇာ/People’s Spring

စစ္ကိုင္းတိုင္း တန့္ဆည္ၿမိဳ႕နယ္ ေခ်ာင္ဆုံ(ေတာင္)ေက်း႐ြာရွိ ပ်ဴေစာထီးႏွင့္ စစ္ေကာင္စီတပ္မ်ား အထိုင္ခ်ေလ့ရွိသည့္ ပ်ဴေခါင္းေဆာင္စိန္ခ်ိဳေနအိမ္အား ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း တန့္ဆည္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕က ယေန႕(စက္တင္ဘာ ၇) ထုတ္ျပန္ သည္။

ယမန္ေန႕ေန႕လယ္ ၂ နာရီဝန္းက်င္က ေခ်ာင္းဆုံ (ေတာင္)႐ြာမွ ပ်ဴေစာထီးေခါင္းေဆာင္ စိန္ခ်ိဳဆိုသူ၏ ေနအိမ္အား ဒ႐ုန္းျဖင့္ မီးေလာင္ဗုံးႏွစ္လုံးခ်၍ တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပသည္။

အဆိုပါတိုက္ခိုက္မႈေၾကာင့္ ပ်ဴေခါင္းေဆာင္ စိန္ခ်ိဳ၏ ေနအိမ္ႏွစ္လုံး မီးေလာင္းပ်က္စီးသြားၿပီး အထိုင္ခ်ထားေသာ ပ်ဴေစာထီးမ်ား ထိခိုက္မႈရွိနိုင္သည္ဟု တန့္ဆည္(ပ.က.ဖ)က ဆိုသည္။

စစ္ေကာင္စီတပ္မ်ားႏွင့္ ပ်ဴေစာထီးမ်ား အထိုင္ခ်တပ္စြဲေလ့ရွိေသာ ပ်ဴေခါင္းေဆာင္ စိန္ခ်ိဳဆိုသူ၏ေနအိမ္အား ၿပီးခဲ့သည့္ ၾသဂုတ္ ၅ ရက္ကလည္း ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ကမ်ားက စီးနင္းတိုက္ခိုက္ခဲ့ရာ ပ်ဴေစာထီးတစ္ဦးေသဆုံးခဲ့သည္။

(ေခ်ာင္းဆုံ(ေတာင္)႐ြာမွ ပ်ဴေခါင္းေဆာင္ စိန္ခ်ိဳေနအိမ္အား ဒ႐ုန္းျဖင့္ မီးလုံးဗုံးမ်ားႀကဲခ်ေနစဥ္_ ဓာတ္ပုံ – တန့္ဆည္ -ပ.က.ဖ))