ခုလိုကာလမျိုးမှာမသမာသူတွေကြောင့် မိသားစုနည်းရင် အိမ်နေရင်းတောင် အန္တာရာယ် ရှိပါတယ်

ခုလိုကာလမျိုးမှာမသမာသူတွေကြောင့် မိသားစုနည်းရင် အိမ်နေရင်းတောင် အန္တာရာယ် ရှိပါတယ်

ဒီမနက် အမျိုးသားကိစ္စရှိလို့ အပြင်သွားချိန် ယောက်ျားတစ်ယောက် အခန်းတံခါးလာခေါက်ပါတယ်….

မှန်ဘီလူးက ချောင်းကြည့်တော့ ကိုယ်မသိတဲ့မျက်နှာ စိမ်းဖြစ်နေတာရယ်…တစ်ယောက်ထဲရှိနေချိန်ဖြစ်တာမို့ တံခါးမဖွင့်ပါဘူး….

ခေါင်းလောင်းကိုအကြိမ်ကြိမ်ခေါက်တယ်….မဖွင့်တဲ့အခါ တံခါးကို ကြိမ်ဖန်များစွာကြမ်းကြမ်းခေါက်တယ်…..

အမျိုးသားကိုဖုန်းဆက်တော့ သူကလဲလမ်းရောက်နေပြီဖြစ်လို့ မဖွင့်ပေးရင်ပြန်မယ်အထင်နဲ့ ထားလိုက်ပါတယ်…..

ဆူညံနေအောင်ကြိမ်ဖန်များစွာထပ်ခေါက်နေဆဲပဲ….
ဒါနဲ့အကြံထုတ်ရင်း ၀ရံတာတံခါးတွေအကုန်ဖွင့်ချပလိုက်တယ်….

အောက်ထပ်က စက်ချုပ်နေတဲ့ ညီမ၂ယောက်ကိုဖုန်းဆက်ခေါ်လိုက်တယ်…..ညီမ ၂ယောက်တက်လာချိန်မှာ သူ့လူနောက်တစ်ယောက်က ပထမထပ်မှာ လှေကားဒေါင့်မှာ ပုန်းပြီး စောင့်နေမှန်းသိလိုက်ရတယ်

ဟိုနှစ်ယောက်တက်လာတော့မှ တံခါးဖွင့်လိုက်ပြီး…
ဘာကိစ္စရှိလို့လဲမေးတော့…..ပစ္စည်း လာယူတာတဲ့
ဘာပစ္စည်းမှ ယူဖို့ချိန်းမထားပါဘူးလို့…..အခန်းထဲကိုသူကြည့်တဲ့အချိန် အိတ်လေးတွေကိုတွေ့သွားတော့အိတ်အဝါလေးတွေလာယူတာပါတဲ့….

ဘယ်သူနဲ့မှပစ္စည်းပေးဖို့ချိန်းမထားဘူးနော်လို့ဘယ်သူယူခိုင်းတာလဲမေးတော့မဖြေနိုင်ဘဲ….ဒီလိုပဲ၀င်ယူလိုက်တာတဲ့….

အမတို့က ပစ္စည်း ကိုဒီမှာမရောင်းပါဘူး….မှာထားတယ်ဆိုရင်တောင် deli နဲ့ပဲပို့ပါတယ်….သြော်ဟုတ်လားဘာညာပြောရင်း ပေကတ်ကတ် ဆက်ရှိနေပါသေးတယ်….

ဆက်ရှိနေချိန် ဖုန်း၀င်လာတယ် ၀င်လာတဲ့ဖုန်းကိုမကိုင်ဘဲပိတ်ချလိုက်ပါတယ်….ကြည့်ရတာ အဖွဲ့နဲ့လှုပ်ရှားနေသလိုပါပဲ…ညီမ၂ယောက်ကို အိမ်ထဲ၀င်ခိုင်းပြီးတံခါးပိတ်လိုက်မှထွက်သွားပါတယ်

ဘယ်လောက်ကြာအောင်လေ့လာပြီးပြီလဲမသိနိုင်ပါဘူး….ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မအမျိုးသား မနက်ပိုင်း စျေးသွားချိန်မှာမလာဘဲ…..အမျိုးသားကားနဲ့ထွက်သွားပြီးတာနဲ့အိမ်မှာလူနဲတယ်အထင်နဲ့
ချက်ချင်းရောက်ချလာတာမျိုးပါ….


Masked thief using lock picker to open locked door

အောက်ထပ်မှာ ညီမတွေရှိနေတာကို သိပုံမရဘူး…
အ၀င်အထွက်ရှိနေတဲ့ deli မောင်လေးကိုလဲသိနေပုံပါပဲ……
အမျိုးသားရောdeliမောင်လေးရောအတူထွက်သွားတာကိုမြင်လိုက်လို့ တက္​လာတဲ့ပုံစံပါ…..ကျွန်မက သတိနဲ့နေနေတာရယ်ပါးပါးနပ်နပ်ရှိတာရယ်ကြောင့်သာ ဘာမှ ဖြစ်မသွားတာပါ….

ဘယ်သူတံခါးလာခေါက်ခေါက် မသိတဲ့လူဆိုလုံး၀ မဖွင့်ပေးပါနဲ့အိမ်တံခါး သေချာသော့ခတ်ကြပါရှင်…