PDF တွေရွာထဲဝင်လာရင် သတင်းပေးရန် သတင်းမပေးလျှင် ရွာထဲကိုလက်နက်ကြီးနဲ့ပစ်မယ်ဟုစစ်တပ်ကခြိမ်းခြောက်…see more

တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်

မိုးဦး/People’s Spring

ဖားအံမြို့နယ်မှာ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တွေက ဒေသခံရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး KNU/KNLA အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ရွာထဲဝင်ရောက်လာရင် သတင်းပေးပို့ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

သတင်းမပေးရင် ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ခြိမ်းခြောက်တယ်လို့လည်းဆိုပါတယ်။

စက်တင်ဘာလ (၄)ရက်က စစ်ကောင်စီလက်အောက်ခံ(BGF – ၁၀၁၄)တပ်ရင်းက ကေအဲန်ယူ-ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္ထိလာ(ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နယ်ခြားစောင့်တပ်က ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံရာမှဋ KNU/ KNLA နဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာတာကို လက်မခံဖို့၊ ဝင်ရောက်လာခြင်းရှိပါက အချိန်နဲ့တပြေးညီ သတင်းပို့ဖို့နဲ့ သတင်းမပေးပါက ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျတ်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၄)နာရီ (၅၀)မိနစ်မှာ (BGF – ၁၀၁၄) တပ်ရင်းရဲ့ ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်ကနေ ကျုံခနကျေးရွာထဲကို လက်နက်ကြီးလေးချက်ပစ်ခတ်ခဲ့ပြီး လူနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၂၇)ရက်နေ့ ညခုနှစ်နာရီကလည်း ညောင်ကုန်း BGF ဂိတ်က လက်နက်ကြီး (၆၀-မမ)နဲ့ ပစ်ခတ်ခဲ့မှုတွေရှိပြီး ကျုံခနနဲ့ ညောင်ကုန်းရွာကြား ကျရောက်ပေါက်ကွဲခဲ့ကာ အဲ့ဒီနေ့ည (၁၂)နာရီကျော်မှာလည်း ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်မှုတွေရှိခဲ့လို့ ကျုံခနရွာနဲ့ ညောင်ကုန်းရွာကြား(၁၀)လုံး၊ နောနော့ဝါးကျေးရွာထဲ တစ်လုံး ကျရောက်ခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းက အပြစ်မဲ့ပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်ခြိမ်းခြောက်နေတာတွေကြောင့် ဒေသခံလူထုဟာ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Zawgyi(version)

ေတာ္လွန္ေရးအအဖြဲ႕ေတြ႐ြာထဲလာရင္ သတင္းေပးဖို႔ ႐ြာသားေတြကိုစစ္တပ္က ၿခိမ္းေျခာက္

မိုးဦး/People’s Spring

ဖားအံၿမိဳ႕နယ္မွာ နယ္ျခားေစာင့္တပ္(BGF) တပ္ဖြဲ႕ေတြက ေဒသခံ႐ြာလူႀကီးေတြကို ေခၚယူေတြ႕ဆုံၿပီး KNU/KNLA အပါအဝင္ မိတ္ဖက္ေတာ္လွန္ေရးအဖြဲ႕ဝင္ေတြ ႐ြာထဲဝင္ေရာက္လာရင္ သတင္းေပးပို႔ဖို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တယ္လို႔ ေကအဲန္ယူက သတင္းထုတ္ျပန္ပါတယ္။

သတင္းမေပးရင္ ႐ြာကို လက္နက္ႀကီးနဲ႕ ပစ္ခတ္ဖ်က္ဆီးမယ္လို႔ၿခိမ္းေျခာက္တယ္လို႔လည္းဆိုပါတယ္။

စက္တင္ဘာလ (၄)ရက္က စစ္ေကာင္စီလက္ေအာက္ခံ(BGF – ၁၀၁၄)တပ္ရင္းက ေကအဲန္ယူ-ဖားအံၿမိဳ႕နယ္ တေကာင္ဘိုးေက်းနယ္အုပ္စုအတြင္းရွိ တစ္လသူႀကီးေတြကို မိတၳိလာ(ဘုရားကုန္း) BGF တပ္ခြဲ(၂)စခန္းကို ေခၚယူခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

နယ္ျခားေစာင့္တပ္က ႐ြာလူႀကီးေတြကို ေခၚယူေတြ႕ဆုံရာမွဋ KNU/ KNLA နဲ႕ မိတ္ဖက္ေတာ္လွန္ေရးအဖြဲ႕ဝင္ေတြ ေက်း႐ြာအတြင္း ဝင္ေရာက္လာတာကို လက္မခံဖို႔၊ ဝင္ေရာက္လာျခင္းရွိပါက အခ်ိန္နဲ႕တေျပးညီ သတင္းပို႔ဖို႔နဲ႕ သတင္းမေပးပါက ေက်း႐ြာကို လက္နက္ႀကီးနဲ႕ ပစ္ခတ္ဖ်တ္ဆီးပစ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီေနာက္ စက္တင္ဘာလ(၄)ရက္ေန႕ ညေန(၄)နာရီ (၅၀)မိနစ္မွာ (BGF – ၁၀၁၄) တပ္ရင္းရဲ႕ ေညာင္ကုန္း BGF စစ္ေဆးေရးဂိတ္ကေန က်ဳံခနေက်း႐ြာထဲကို လက္နက္ႀကီးေလးခ်က္ပစ္ခတ္ခဲ့ၿပီး လူေနအိမ္ႏွစ္လုံး ထိမွန္ပ်က္စီးခဲ့တယ္လို႔ ေကအဲန္ယူကဆိုပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ၾသဂုတ္လ(၂၇)ရက္ေန႕ ညခုႏွစ္နာရီကလည္း ေညာင္ကုန္း BGF ဂိတ္က လက္နက္ႀကီး (၆၀-မမ)နဲ႕ ပစ္ခတ္ခဲ့မႈေတြရွိၿပီး က်ဳံခနနဲ႕ ေညာင္ကုန္း႐ြာၾကား က်ေရာက္ေပါက္ကြဲခဲ့ကာ အဲ့ဒီေန႕ည (၁၂)နာရီေက်ာ္မွာလည္း ရမ္းသမ္းပစ္ခတ္ၿခိမ္းေျခာက္မႈေတြရွိခဲ့လို႔ က်ဳံခန႐ြာနဲ႕ ေညာင္ကုန္း႐ြာၾကား(၁၀)လုံး၊ ေနာေနာ့ဝါးေက်း႐ြာထဲ တစ္လုံး က်ေရာက္ခဲ့တာျဖစ္ပါတယ္။

အခုလို စစ္ေကာင္စီလက္ေအာက္ခံ BGF ၁၀၁၄ တပ္ရင္းက အျပစ္မဲ့ျပည္သူေတြကို ေခၚယူၿခိမ္းေျခာက္တာ၊ လက္နက္ႀကီးေတြနဲ႕ ေက်း႐ြာေတြထဲ ပစ္ခတ္ၿခိမ္းေျခာက္ေနတာေတြေၾကာင့္ ေဒသခံလူထုဟာ ထိတ္လန့္ေၾကာက္႐ြံ႕ေနၾကရတယ္လို႔ ေကအဲန္ယူရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။