လုံးဝကို Amazing ရလဒ်ပါ။ ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ 1.7 သန်းကျော် Fundraise လုပ်နိုင်ခဲ့ပါတယ်။
မြန်မာပြည်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ကိုထိန်လင်းရဲ့ လက်ရာလေးအပေါ် ကိုထိန်လင်းက ဒေါ်လာနှစ်ထောင်၊ သုံးထောင်လောက်တော့ ဖြစ်နိုင်ပါတယ်နော်ဆိုတဲ့ မျှော်လင့်ချက်လေးကို ကိုယ်က နှစ်သိန်း၊ သုံးသိန်းထိ ဖြစ်စေရမယ်လို့ အာမခံခဲ့တယ်။ ပြည်သူက ချစ်ခြင်းမေတ္တာအားဖြင့် အမေရိကန်ဒေါ်လာ 1.7 Million အထိ မြှင့်တင်ပေးနိုင်ခဲ့တယ်။
တကယ်ကို ပီတိဖြစ်ရတဲ့ အခိုက်အတန့်ပါပဲ။ နောက်ထပ် Milestone တစ်ခုအနေနဲ့ ဂုဏ်ယူရသလို ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ဒီမိသားစုလေးနဲ့ ဒီမျိုးဆက်အပေါ် ချစ်ခြင်းမေတ္တာအားကို ထုနဲ့ထည်နဲ့ မြင်တွေ့ရတဲ့အတွက် အင်မတန်ကို ကြည်နူးပျော်ရွှင်ရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ကိုထိန်လင်းရဲ့ ကြည်နူးမှုကို တွေးကြည့်ရင်း ပိုပျော်ရွှင်ရတယ်။
ဆန်ရေဟာ ဒီတော်လှန်ရေးကာလမှာ တကယ့်ကို မှတ်တိုင်လေးတစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။ နာကျင်မှုတွေ ပင်ပန်းမှုတွေ ဒေါသအမျက်တွေကြားက ရှားရှားပါးပါး ချစ်ခြင်းမေတ္တာကို အပြန်အလှန် ပြသကြတဲ့ပွဲ။
စည်းလုံးမှုနဲ့ မြဲမြံမှုကို ပြသကြတဲ့ပွဲ။ တစ်ဦးကစေတနာ၊ အားလုံးက မေတ္တာကို အဓမ္မတွေ တုန်ဟီးစေတဲ့အထိ အလံလွှင့်ထူနိုင်တဲ့ ပွဲပါပဲ။
ရည်မှန်းချက်ကို အပြတ်အသတ်ကျော်လွန်သည်အထိ မေတ္တာအားဖြင့် ပါဝင်ပေးကြသော ပြည်တွင်း၊ပြည်ပ မြန်မာပြည်ဖွား ညီအစ်ကိုမောင်နှမများ၊ လက်မှတ်များ အင်တိုက်အားတိုက် ရောင်းချပေးပါသော CRPH OFP Fundraiser များ၊ ပြည်တွင်းပြည်ပ Fundraiser များ၊ အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးကြသော Organizer များ၊ Social Influencerများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
စက်တင်ဘာ (၇) ရက်နေ့ မြန်မာအချိန်ည(၈) နာရီတွင် ကိုထိန်လင်းကိုယ်တိုင် ကံထူးသူကို Live ဖြင့်ရွေးချယ်ပေးမှာဖြစ်ပြီး ပြည်သူ့ဘက်သားမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါသည်။
ပြင်းပြသော စိတ်ဆန္ဒထက် အင်အားကြီးသောအရာ မရှိ။ ပြည်သူလူထု၏ ပြင်းပြသော စိတ်ဆန္ဒဖြင့် အရေးတော်ပုံ အောင်ကိုအောင်ရမယ်။
💪💪💪
Zawgyi(version)
လုံးဝကို Amazing ရလဒ္ပါ။ ဆန္ေရပေရာ့ဂ်က္ကေန အေမရိကန္ေဒၚလာ 1.7 သန္းေက်ာ္ Fundraise လုပ္နိုင္ခဲ့ပါတယ္။
ျမန္မာျပည္အတြက္ ရည္႐ြယ္ဖန္တီးထားတဲ့ ကိုထိန္လင္းရဲ႕ လက္ရာေလးအေပၚ ကိုထိန္လင္းက ေဒၚလာႏွစ္ေထာင္၊ သုံးေထာင္ေလာက္ေတာ့ ျဖစ္နိုင္ပါတယ္ေနာ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးကို ကိုယ္က ႏွစ္သိန္း၊ သုံးသိန္းထိ ျဖစ္ေစရမယ္လို႔ အာမခံခဲ့တယ္။ ျပည္သူက ခ်စ္ျခင္းေမတၱာအားျဖင့္ အေမရိကန္ေဒၚလာ 1.7 Million အထိ ျမႇင့္တင္ေပးနိုင္ခဲ့တယ္။
တကယ္ကို ပီတိျဖစ္ရတဲ့ အခိုက္အတန့္ပါပဲ။ ေနာက္ထပ္ Milestone တစ္ခုအေနနဲ႕ ဂုဏ္ယူရသလို ျပည္သူေတြရဲ႕ စိတ္အားထက္သန္မႈနဲ႕ ဒီမိသားစုေလးနဲ႕ ဒီမ်ိဳးဆက္အေပၚ ခ်စ္ျခင္းေမတၱာအားကို ထုနဲ႕ထည္နဲ႕ ျမင္ေတြ႕ရတဲ့အတြက္ အင္မတန္ကို ၾကည္ႏူးေပ်ာ္႐ႊင္ရပါတယ္။ ကာယကံရွင္ျဖစ္တဲ့ ကိုထိန္လင္းရဲ႕ ၾကည္ႏူးမႈကို ေတြးၾကည့္ရင္း ပိုေပ်ာ္႐ႊင္ရတယ္။
ဆန္ေရဟာ ဒီေတာ္လွန္ေရးကာလမွာ တကယ့္ကို မွတ္တိုင္ေလးတစ္ခု စိုက္ထူနိုင္ခဲ့ပါၿပီ။ နာက်င္မႈေတြ ပင္ပန္းမႈေတြ ေဒါသအမ်က္ေတြၾကားက ရွားရွားပါးပါး ခ်စ္ျခင္းေမတၱာကို အျပန္အလွန္ ျပသၾကတဲ့ပြဲ။
စည္းလုံးမႈနဲ႕ ၿမဲၿမံမႈကို ျပသၾကတဲ့ပြဲ။ တစ္ဦးကေစတနာ၊ အားလုံးက ေမတၱာကို အဓမၼေတြ တုန္ဟီးေစတဲ့အထိ အလံလႊင့္ထူနိုင္တဲ့ ပြဲပါပဲ။
ရည္မွန္းခ်က္ကို အျပတ္အသတ္ေက်ာ္လြန္သည္အထိ ေမတၱာအားျဖင့္ ပါဝင္ေပးၾကေသာ ျပည္တြင္း၊ျပည္ပ ျမန္မာျပည္ဖြား ညီအစ္ကိုေမာင္ႏွမမ်ား၊ လက္မွတ္မ်ား အင္တိုက္အားတိုက္ ေရာင္းခ်ေပးပါေသာ CRPH OFP Fundraiser မ်ား၊ ျပည္တြင္းျပည္ပ Fundraiser မ်ား၊ အဖက္ဖက္မွ ဝိုင္းဝန္းပံ့ပိုးေပးၾကေသာ Organizer မ်ား၊ Social Influencerမ်ား အားလုံးကို အထူးေက်းဇူးတင္ရွိေၾကာင္း မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။
စက္တင္ဘာ (၇) ရက္ေန႕ ျမန္မာအခ်ိန္ည(၈) နာရီတြင္ ကိုထိန္လင္းကိုယ္တိုင္ ကံထူးသူကို Live ျဖင့္ေ႐ြးခ်ယ္ေပးမွာျဖစ္ၿပီး ျပည္သူ႕ဘက္သားမီဒီယာမ်ားမွ တိုက္ရိုက္ထုတ္လႊင့္ျပသေပးသြားမွာ ျဖစ္ပါသည္။
ျပင္းျပေသာ စိတ္ဆႏၵထက္ အင္အားႀကီးေသာအရာ မရွိ။ ျပည္သူလူထု၏ ျပင္းျပေသာ စိတ္ဆႏၵျဖင့္ အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမယ္။