လေယာဥ်ပစ်ကူ ခေါ်မိတဲ့ စစ်ခွေးဗိုလ်ကြီးတစ်ဦး၏ နောင်တ😂…see more

ကသာ၊ ဘန့်ဘွေးကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦးသေဆုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲစဉ် ကိုယ့်လူကိုယ်ပေါ် ကျဲချမှု ကြောင့် စစ်သား ၈ ဦးထပ်သေ

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ(ရွာဟောင်း) တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၄ ဦးသေဆုံးပြီး တိုက်လေယာဉ်များဖြင့် ဗုံးလာကျဲစဉ် စစ်သားများအပေါ် ဗုံး ပြန်ကျပြီး စစ်သား ၈ ဦး ထပ်မံ သေဆုံးကာ စုစု ပေါင်း ၄၂ ဦးသေဆုံးသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကသာ ပကဖ ပြန်ကြားရေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကသာမြို့နယ် အရှေ့ဘက်ကမ်း၊ ဘန့်ဘွေးကုန်း ကျေးရွာတွင် တပ်စွဲထားသော ငါးအိုး ၁၂၁ တပ်ကို မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် KIAရင်း-၁၂ လက်အောက်ခံ KachinPDF ၊ ကသာမြို့နယ် ပကဖ၊ တိုက်နယ်၊ရပ်ကျေး ပကဖများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ကြာချိန် (၂)နာရီကျော်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်များ ရွာတွင်း ပိတ်မိနေသောကြောင့် ကသာမြို့ စစ်တပ် ၃၀၉ တပ်က ၁၂၀ မမ ဖြင့် ဧရာဝတီမြစ်ကို ကျော်၍ ပစ်ကူပေးခဲ့ကြောင်း၊ ယင်းနောက် မြစ်ကြီးနားမှ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဘန့်ဘွေးကုန်း ရွာကို နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးလာကျဲချကြောင်း၊ သိရှိရသည်။

မြေပြင်မှ ပြည်သူများနှင့် ရှေ့တန်းရဲဘော်များ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးကြောင်း၊ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲစဉ် သူ့တပ်ပေါ် သူပြန်ကျပြီး ၈ ဦးသေဆုံးကြောင်း၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘန့်ဘွေးကုန်း ဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် အလောင်းများ သယ်ယူနေပြီး လှေပေါ်တွင် ပုံထပ်နေကြောင်း သိရှိရသည်။

“အဲဒီရွာ ဘန့်ဘွေးကုန်း က ရွာဟောင်းဗျ။ ပြည်သူတွေ က အရင်ကတည်းက အဲဒီမှာ သိပ်မနေဘူး။ မနက်၅ နာရီ ၃၀ မိနစ်မှာ ကိုယ့်ဘက်က စပြီးလက်နက်ကြီးနဲ့ထုတာ။

တိုက်ပွဲ ကြာချိန်က ၃ နာရီ ၃၀ မိနစ်ကြတယ်။ သူတို့လူတွေ ပိတ်မိနေတော့ ကသာ ၃၀၉ တပ်ကလည်း ၁၂၀ မမနဲ့လှမ်းထုတယ်။ သူတို့လေယာဉ်နဲ့မှားပစ်တာက ရွာပြင်မှာ PDF တွေ ပြန်လာမယ်အထင်နဲ့ ကင်းပုန်းဝပ်နေတဲ့ သူတို့လူတွေကို သူတို့ ဗုံးပြန်ကျဲတယ်။ အဲဒီ စစ်ကြောင်းက စုစုပေါင်း ၄၈ ကောင် အဲ့ရွာထဲဝင်သွားတာ။

အခု စက်လှေပေါ်ပါသွားတာ အရှင် ၆ ကောင်ပဲပါသွားတယ်လို့ မြေပြင်ကအတည် ပြုတယ်။ ၄၂ ကောင်သေတာပေါ့။ ကျွန်တော်တို့တပ်ပေါင်းစုကလည်း အတော်ဗျင်းထားတာကောပါတယ်။ ဒီနေ့ လက်လုပ် Mytel လျှော့ပြောင်းတွေကော ခွေးစာကျွေးကြတယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကသာ ပကဖမှ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Zawgyi(version)

ကသာ၊ ဘန႔္ေဘြးကုန္းေက်း႐ြာတြင္ တိုက္ပြဲျဖစ္ၿပီး စစ္သား ၃၄ ဦးေသဆုံး၊ တိုက္ေလယာဥ္ျဖင့္ ဗုံးလာက်ဲစဥ္ ကိုယ့္လူကိုယ္ေပၚ က်ဲခ်မႈ ေၾကာင့္ စစ္သား ၈ ဦးထပ္ေသ

ရန္ကုန္၊ ဩဂုတ္ ၂၂

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၊ ဘန႔္ေဘြးကုန္းေက်း႐ြာ(႐ြာေဟာင္း) တြင္ ယေန႕ တိုက္ပြဲျဖစ္ပြားၿပီး စစ္သား ၃၄ ဦးေသဆုံးၿပီး တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးလာက်ဲစဥ္ စစ္သားမ်ားအေပၚ ဗုံး ျပန္က်ၿပီး စစ္သား ၈ ဦး ထပ္မံ ေသဆုံးကာ စုစု ေပါင္း ၄၂ ဦးေသဆုံးသြားေၾကာင္း ကသာၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ – ကသာ ပကဖ ျပန္ၾကားေရး က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ၾသဂုတ္လ ၂၂ ရက္ေန႕ နံနက္ ၅ နာရီ ၃၀ မိနစ္အခ်ိန္ ကသာၿမိဳ႕နယ္ အေရွ႕ဘက္ကမ္း၊ ဘန႔္ေဘြးကုန္း ေက်း႐ြာတြင္ တပ္စြဲထားေသာ ငါးအိုး ၁၂၁ တပ္ကို မဟာမိတ္တပ္ေပါင္းစုမ်ားျဖစ္ၾကသည့္ KIAရင္း-၁၂ လက္ေအာက္ခံ KachinPDF ၊ ကသာၿမိဳ႕နယ္ ပကဖ၊ တိုက္နယ္၊ရပ္ေက်း ပကဖမ်ား ပူးေပါင္း၍ တိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ပြဲ ၾကာခ်ိန္ (၂)နာရီေက်ာ္ၾကာျမင့္ ခဲ့ၿပီး စစ္ေကာင္စီတပ္မ်ား ႐ြာတြင္း ပိတ္မိေနေသာေၾကာင့္ ကသာၿမိဳ႕ စစ္တပ္ ၃၀၉ တပ္က ၁၂၀ မမ ျဖင့္ ဧရာဝတီျမစ္ကို ေက်ာ္၍ ပစ္ကူေပးခဲ့ေၾကာင္း၊ ယင္းေနာက္ ျမစ္ႀကီးနားမွ ဂ်က္ဖိုက္တာ(၂)စီးျဖင့္ ဘန႔္ေဘြးကုန္း ႐ြာကို ေန႕လည္ ၁၂ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ဗုံးလာက်ဲခ်ေၾကာင္း၊ သိရွိရသည္။

ေျမျပင္မွ ျပည္သူမ်ားႏွင့္ ေရွ႕တန္းရဲေဘာ္မ်ား၏ သတင္းေပးပို႔ခ်က္အရ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၄ ဦး ေသဆုံးေၾကာင္း၊ ဂ်က္တိုက္ေလယာဥ္ျဖင့္ ဗုံးလာက်ဲစဥ္ သူ႕တပ္ေပၚ သူျပန္က်ၿပီး ၈ ဦးေသဆုံးေၾကာင္း၊ မြန္းလြဲ ၂ နာရီဝန္းက်င္တြင္ ဘန႔္ေဘြးကုန္း ဆိပ္ကမ္း၌ သံခြန္ေရယာဥ္ငယ္ျဖင့္ အေလာင္းမ်ား သယ္ယူေနၿပီး ေလွေပၚတြင္ ပုံထပ္ေနေၾကာင္း သိရွိရသည္။

“အဲဒီ႐ြာ ဘန႔္ေဘြးကုန္း က ႐ြာေဟာင္းဗ်။ ျပည္သူေတြ က အရင္ကတည္းက အဲဒီမွာ သိပ္မေနဘူး။ မနက္၅ နာရီ ၃၀ မိနစ္မွာ ကိုယ့္ဘက္က စၿပီးလက္နက္ႀကီးနဲ႕ထုတာ။

တိုက္ပြဲ ၾကာခ်ိန္က ၃ နာရီ ၃၀ မိနစ္ၾကတယ္။ သူတို႔လူေတြ ပိတ္မိေနေတာ့ ကသာ ၃၀၉ တပ္ကလည္း ၁၂၀ မမနဲ႕လွမ္းထုတယ္။ သူတို႔ေလယာဥ္နဲ႕မွားပစ္တာက ႐ြာျပင္မွာ PDF ေတြ ျပန္လာမယ္အထင္နဲ႕ ကင္းပုန္းဝပ္ေနတဲ့ သူတို႔လူေတြကို သူတို႔ ဗုံးျပန္က်ဲတယ္။ အဲဒီ စစ္ေၾကာင္းက စုစုေပါင္း ၄၈ ေကာင္ အဲ့႐ြာထဲဝင္သြားတာ။

အခု စက္ေလွေပၚပါသြားတာ အရွင္ ၆ ေကာင္ပဲပါသြားတယ္လို႔ ေျမျပင္ကအတည္ ျပဳတယ္။ ၄၂ ေကာင္ေသတာေပါ့။ ကြၽန္ေတာ္တို႔တပ္ေပါင္းစုကလည္း အေတာ္ဗ်င္းထားတာေကာပါတယ္။ ဒီေန႕ လက္လုပ္ Mytel ေလွ်ာ့ေျပာင္းေတြေကာ ေခြးစာေကြၽးၾကတယ္” ဟု ကသာၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ – ကသာ ပကဖမွ ျပန္ၾကားေရးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။