သွေးအေးသွားတဲ့သူတွေကို လိပ်ပြာမလုံရင် ကြက်သီးဖြန်းဖြန်းထသွားစေမယ့် မေးခွန်းတစ်ခုမေးလိုက်တဲ့ ကိုပေါက်ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။
ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲ အချိန်တိုင်းနှိဆောင် နေသူတစ်ဦးလဲ ဖြစ်ပါတယ်။ကိုပေါက် ဟာ ပြည်သူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။
ကိုပေါက်ဟာ ” စစ်ကိုင်းဘက် အခြေအနေက မြင်ရတဲ့အတိုင်း အရမ်းဆိုးနေပြီ။ တစ်ချို့လူတွေ ဟီးဟီးဟားဟားတွေ လုပ်လို့မဝသေးတာလား?တမင်ရွဲ့ လုပ်နေကြတာလား။ ကျနော်မသိလို့ မေးတာပါ။ ခင်ဗျားတို့ အမှတ်မရှိတာလား? ပျော်ပျော်ကြီး ခေါင်းငုံ့ခံလိုက်ကြတာလား?
ခင်ဗျားတို့အတွက် အေးချမ်းသွားကြပြီလား။ ခင်ဗျားတို့ အပူမဟပ်တော့ အေးနေတယ်ဆိုရင်လည်း အေးပါစေ။ ကျနော်အပြစ် မပြောပါဘူး။တစ်ခုလေးပဲ မှာချင်တာက ခင်ဗျားတို့ တော်တော်အမှတ်သည်းခြေနည်းတာပဲ။ အေးချမ်းတဲ့နေရာ ဝန်းကျင်ကနေ အလုပ်တွေအများကြီး လုပ်ပေးကြဖို့ တောင်းဆိုချင်တာပါ။
ခင်ဗျားတို့ ရုန်းကန်နေကြရတာလည်း ကျနော်နားလည်တယ်။ အပြစ်လည်းမပြောရက်သလို ပြောလည်းမထွက်ဘူး။ခင်ဗျားတို့ ခိုင်းတာလုပ်ပေးဖို့ ကျနော် မြေပြင်မှာရှိနေတယ်လေ။ ခိုင်းစမ်းပါ။ ကျနော့ကို နာနာခိုင်စမ်းပါ။ ခင်ဗျားတို့ သွေးတွေ အေးမသွားအောင် နေပေးပါ။
သွေးမအေးပါဘူးလို့ လူကြားကောင်အောင်လောက်တော့ ပြန်မဖြေပါနဲ့။ ကျနော်အားလုံးကိုချစ်တယ်။ လေးစားတယ်။ခင်ဗျားတို့ပါဝင်ခဲ့တဲ့ ကားဟွန်းသံအရှည်ကြီးတွေ၊ လက်သုံးချောင်းထောင်ပေးခဲ့တာတွေ၊၂ငါးလုံးမှာ လမ်းပေါ်ထွက်ပေးခဲ့တာတွေ၊ကိုဗစ်မှာကူခဲ့တာတွေ၊လှူခဲ့တာတွေ၊ဘွန်းဝယ်ခဲ့တာတွေ၊ကလစ်လုပ်ခဲ့ကြတာတွေ အားလုံး အားလုံးကို ကျနော်ကျေးဇူးတင်နေပါတယ်။
ဘယ်သူ့ကိုမှ အပြစ်မပြောရက်ပေမယ့် အင်အားထပ်ထည့်ပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ကျနော် အဆင်ပြေပါတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ…ဒါရိုက်တာ ကိုပေါက် မေးထားတဲ့ မေးခွန်းလေးကို ဖြေခဲ့အုန်းနော်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi(version)
ေသြးေအးသြားတဲ့သူေတြကို လိပ္ျပာမလုံရင္ ၾကက္သီးျဖန္းျဖန္းထသြားေစမယ့္ ေမးခြန္းတစ္ခုေမးလိုက္တဲ့ ကိုေပါက္ဒါရိုက္တာ ကိုေပါက္ ဟာ ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႕ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။
လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။
ျပည္သူေတြေသြးမေအးသြားေစဖို႔အတြက္လဲ အခ်ိန္တိုင္းႏွိေဆာင္ ေနသူတစ္ဦးလဲ ျဖစ္ပါတယ္။ကိုေပါက္ ဟာ ျပည္သူေတြကို ေမးခြန္းထုတ္လိုက္ပါတယ္။
ကိုေပါက္ဟာ စစ္ကိုင္းဘက္ အေျခအေနက ျမင္ရတဲ့အတိုင္း အရမ္းဆိုးေနၿပီ။ တစ္ခ်ိဳ႕လူေတြ ဟီးဟီးဟားဟားေတြ လုပ္လို႔မဝေသးတာလား?တမင္႐ြဲ႕ လုပ္ေနၾကတာလား။ က်ေနာ္မသိလို႔ ေမးတာပါ။ ခင္ဗ်ားတို႔ အမွတ္မရွိတာလား? ေပ်ာ္ေပ်ာ္ႀကီး ေခါင္းငုံ႕ခံလိုက္ၾကတာလား?
ခင္ဗ်ားတို႔အတြက္ ေအးခ်မ္းသြားၾကၿပီလား။ ခင္ဗ်ားတို႔ အပူမဟပ္ေတာ့ ေအးေနတယ္ဆိုရင္လည္း ေအးပါေစ။ က်ေနာ္အျပစ္ မေျပာပါဘူး။တစ္ခုေလးပဲ မွာခ်င္တာက ခင္ဗ်ားတို႔ ေတာ္ေတာ္အမွတ္သည္းေျခနည္းတာပဲ။ ေအးခ်မ္းတဲ့ေနရာ ဝန္းက်င္ကေန အလုပ္ေတြအမ်ားႀကီး လုပ္ေပးၾကဖို႔ ေတာင္းဆိုခ်င္တာပါ။
ခင္ဗ်ားတို႔ ႐ုန္းကန္ေနၾကရတာလည္း က်ေနာ္နားလည္တယ္။ အျပစ္လည္းမေျပာရက္သလို ေျပာလည္းမထြက္ဘူး။ခင္ဗ်ားတို႔ ခိုင္းတာလုပ္ေပးဖို႔ က်ေနာ္ ေျမျပင္မွာရွိေနတယ္ေလ။ ခိုင္းစမ္းပါ။ က်ေနာ့ကို နာနာခိုင္စမ္းပါ။ ခင္ဗ်ားတို႔ ေသြးေတြ ေအးမသြားေအာင္ ေနေပးပါ။
ေသြးမေအးပါဘူးလို႔ လူၾကားေကာင္ေအာင္ေလာက္ေတာ့ ျပန္မေျဖပါနဲ႕။ က်ေနာ္အားလုံးကိုခ်စ္တယ္။ ေလးစားတယ္။ခင္ဗ်ားတို႔ပါဝင္ခဲ့တဲ့ ကားဟြန္းသံအရွည္ႀကီးေတြ၊ လက္သုံးေခ်ာင္းေထာင္ေပးခဲ့တာေတြ၊၂ငါးလုံးမွာ လမ္းေပၚထြက္ေပးခဲ့တာေတြ၊ကိုဗစ္မွာကူခဲ့တာေတြ၊လႉခဲ့တာေတြ၊ဘြန္းဝယ္ခဲ့တာေတြ၊ကလစ္လုပ္ခဲ့ၾကတာေတြ အားလုံး အားလုံးကို က်ေနာ္ေက်းဇူးတင္ေနပါတယ္။
ဘယ္သူ႕ကိုမွ အျပစ္မေျပာရက္ေပမယ့္ အင္အားထပ္ထည့္ေပးၾကဖို႔ က်ေနာ္ ေတာင္းဆိုပါတယ္။က်ေနာ္ အဆင္ေျပပါတယ္။ ခင္ဗ်ားတို႔ အဆင္မေျပမွာပဲ စိုးတာ လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။
ကဲဒါရိုက္တာ ကိုေပါက္ ေမးထားတဲ့ ေမးခြန္းေလးကို ေျဖခဲ့အုန္းေနာ္။ ျမန္မာျပည္ႀကီး အျမန္ဆုံးၿငိမ္းခ်မ္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။