ကနီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အမျိုးသမီး၇ဦးကို စစ်ကောင်စီတပ်သားများကအုပ်စုလိုက် … see more

ကနီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အမျိုးသမီး ၇ ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုလိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ကနီနယ် ကျေးရွာ နှစ်ရွာမှ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး အပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ကနီဒေသ တော် လှန်ရေး တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။ပထမဖြစ်စဉ်အနေနဲ့ ဩဂုတ် ၁၇ ရက်နေ့က အမျိုး သမီးတစ်ဦး စစ်ကောင်စီတပ်သားရဲ့ အဓ မ္မပြုကျင့်ခံရပြီး ဒုတိယဖြစ်စဉ်အနေနဲ့ ဩဂုတ် ၂၈ ရက်က တခြား တစ်ရွာမှာ အမျိုးသမီး ၆ဦး အဓမ္မပြုကျင့်ခံခဲ့ရတာပါ။

ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်သူတွေက စစ်ကောင်စီတပ်ရဲ့ ဘယ်တပ်မ၊ တပ်ရင်းကဆိုတာ ဒေ သခံတွေ မသိရှိကြပေမယ့် စစ်အင်္ကျီနဲ့ စစ်သားစာ ရင်းပါတဲ့ ကင်းစောင့်တာဝန်ချ စာရွက်အပိုင်း အစကို ဒေသခံတွေ တွေ့ရှိခဲ့ကြပါတယ်။

ဒေသခံတွေအဆိုအရ ပြင်ဦးလွင်တပ်ကလို့ ပြောဆိုကြသလို အဲဒီစစ်ကြောင်းမှာ ဗိုလ်ကြီး သန်းဝင်းအောင်၊ ဒုတပ်ကြပ် နိုင်လင်းဦး၊ သန်းမိုး၊ သာစိန်မောင်၊ တပ်ကြပ် ဇော်လွင်ဦး၊ တပ်သား ကျော်ထွန်းဝင်း၊ ရဲမျိုးလွင်၊ စန်းကို နာမည်ပါတဲ့ ကင်းစောင့် တာဝန်ချစာရွက်တွေ့ခဲ့ကြတာပါ။

“ရွာ မပြောတော့ပါဘူး။ ရွာအမည်ပြောရင် ပြဿနာရှိပါတယ်။ စစ်ရှောင်ပြေးရင်းစစ်ကြောင်းထိပ်တိုက်တွေ့ အဖမ်းခံရပြီး အဓမ္မပြုကျင့်ခံရတာပါ။ အခု သူတို့ ကျန်းမာရေး စောင့်ရှောက်မှုရပါပြီ” လို့ သူက ရှင်းပြပါတယ်။

ကျေးရွာ နှစ်ရွာက အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၃ဝ ကျော်နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုး သမီးတွေဖြစ်တယ်လို့ ကိုပြည့်အောင်နိုင်က ဆက်သွယ်အတည်ပြုပြီး ပြောပါတယ်။

“ဒုတိယတစ်ရွာမှာ Rape ပြုကျင့်ခံရတဲ့အထဲမှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးပါဝင်ပါတယ်။ အုပ်စုဖွဲ့ Rape ပြုကျင့်ခဲ့တာဖြစ်ပါတယ်” လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။ စက်တင်ဘာ ၄ရက် မနက် ၇နာရီခန့်က မင်းကင်းနယ်ဘက်ကနေ ကနီနယ်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီ ရေယာဥ်အုပ်စု(၈)စီး စုန်ဆင်းလာခဲ့ပါတယ်။

ကနီနယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို လက်နက်ကြီးငယ် ပစ်ခတ်မှုရှိခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း နေရာ ၄ ခုမှာ ခုခံခဲ့တယ်လို့ သူက ပြောပါတယ်။ကနီမြို့နယ် မဲဒင်ရွာက နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်လို့ အမိုးတွေ ပျက်စီးခဲ့ပြီး အိုင်တောင်ရွာက အရပ်သား အမျိုးသားတစ်ဦးလည်း လက်နက်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

Zawgyi(version)

ကနီၿမိဳ႕နယ္တြင္ စိတ္က်န္းမာေရးမေကာင္းသူ အပါအဝင္ အမ်ိဳးသမီး ၇ ဦးကို စစ္ေကာင္စီတပ္သားမ်ားက အုပ္စုလိုက္

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္သားေတြက ကနီနယ္ ေက်း႐ြာ ႏွစ္႐ြာမွ စိတ္က်န္းမာေရး မေကာင္းသူ တစ္ဦး အပါအဝင္ ေဒသခံအမ်ိဳးသမီး ၇ ဦးကို အဓမၼျပဳက်င့္ခဲ့တယ္လို႔ ကနီေဒသ ေတာ္ လွန္ေရး တက္ႂကြလႈပ္ရွားသူ ကိုျပည့္ေအာင္နိုင္က ေျပာပါတယ္။ပထမျဖစ္စဥ္အေနနဲ႕ ဩဂုတ္ ၁၇ ရက္ေန႕က အမ်ိဳး သမီးတစ္ဦး စစ္ေကာင္စီတပ္သားရဲ႕ အဓ မၼျပဳက်င့္ခံရၿပီး ဒုတိယျဖစ္စဥ္အေနနဲ႕ ဩဂုတ္ ၂၈ ရက္က တျခား တစ္႐ြာမွာ အမ်ိဳးသမီး ၆ဦး အဓမၼျပဳက်င့္ခံခဲ့ရတာပါ။

ေဒသခံအမ်ိဳးသမီးေတြကို မုဒိမ္းက်င့္သူေတြက စစ္ေကာင္စီတပ္ရဲ႕ ဘယ္တပ္မ၊ တပ္ရင္းကဆိုတာ ေဒ သခံေတြ မသိရွိၾကေပမယ့္ စစ္အကၤ်ီနဲ႕ စစ္သားစာ ရင္းပါတဲ့ ကင္းေစာင့္တာဝန္ခ် စာ႐ြက္အပိုင္း အစကို ေဒသခံေတြ ေတြ႕ရွိခဲ့ၾကပါတယ္။

ေဒသခံေတြအဆိုအရ ျပင္ဦးလြင္တပ္ကလို႔ ေျပာဆိုၾကသလို အဲဒီစစ္ေၾကာင္းမွာ ဗိုလ္ႀကီး သန္းဝင္းေအာင္၊ ဒုတပ္ၾကပ္ နိုင္လင္းဦး၊ သန္းမိုး၊ သာစိန္ေမာင္၊ တပ္ၾကပ္ ေဇာ္လြင္ဦး၊ တပ္သား ေက်ာ္ထြန္းဝင္း၊ ရဲမ်ိဳးလြင္၊ စန္းကို နာမည္ပါတဲ့ ကင္းေစာင့္ တာဝန္ခ်စာ႐ြက္ေတြ႕ခဲ့ၾကတာပါ။

႐ြာ မေျပာေတာ့ပါဘူး။ ႐ြာအမည္ေျပာရင္ ျပႆနာရွိပါတယ္။ စစ္ေရွာင္ေျပးရင္းစစ္ေၾကာင္းထိပ္တိုက္ေတြ႕ အဖမ္းခံရၿပီး အဓမၼျပဳက်င့္ခံရတာပါ။ အခု သူတို႔ က်န္းမာေရး ေစာင့္ေရွာက္မႈရပါၿပီ လို႔ သူက ရွင္းျပပါတယ္။

ေက်း႐ြာ ႏွစ္႐ြာက အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးေတြဟာ အသက္ ၃ဝ ေက်ာ္နဲ႕ အသက္ ၄၀ ေက်ာ္အ႐ြယ္ အမ်ိဳး သမီးေတြျဖစ္တယ္လို႔ ကိုျပည့္ေအာင္နိုင္က ဆက္သြယ္အတည္ျပဳၿပီး ေျပာပါတယ္။

ဒုတိယတစ္႐ြာမွာ Rape ျပဳက်င့္ခံရတဲ့အထဲမွာ စိတ္က်န္းမာေရး မေကာင္းသူတစ္ဦးပါဝင္ပါတယ္။ အုပ္စုဖြဲ႕ Rape ျပဳက်င့္ခဲ့တာျဖစ္ပါတယ္ လို႔ ကိုျပည့္ေအာင္နိုင္က ေျပာပါတယ္။ စက္တင္ဘာ ၄ရက္ မနက္ ၇နာရီခန့်က မင္းကင္းနယ္ဘက္ကေန ကနီနယ္ကို ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စစ္ေကာင္စီ ေရယာဥ္အုပ္စု(၈)စီး စုန္ဆင္းလာခဲ့ပါတယ္။

ကနီနယ္အတြင္း ခ်င္းတြင္းျမစ္ကမ္းေဘး ေက်း႐ြာေတြကို လက္နက္ႀကီးငယ္ ပစ္ခတ္မႈရွိခဲ့ၿပီး ေဒသကာကြယ္ေရးအဖြဲ႕ေတြကလည္း ေနရာ ၄ ခုမွာ ခုခံခဲ့တယ္လို႔ သူက ေျပာပါတယ္။ကနီၿမိဳ႕နယ္ မဲဒင္႐ြာက ေနအိမ္တစ္လုံး လက္နက္ႀကီးထိမွန္လို႔ အမိုးေတြ ပ်က္စီးခဲ့ၿပီး အိုင္ေတာင္႐ြာက အရပ္သား အမ်ိဳးသားတစ္ဦးလည္း လက္နက္ထိမွန္ဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့ပါတယ္။