မင်းလှ PDF စခန်းကို စစ်တပ်က စီးနင်းဖို့ ကြိုးစား၊ နင်းမိုင်းတွေကြောင့် ဆယ်ဦးသေ
မင်းလှမြို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတခုကို စစ်တပ်က စီးနင်းတိုက်ခိုက်ရာမှာ ကာကွယ်ရေးတပ်တွေရဲ့ နင်းမိုင်းတွေကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။
မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတခုကို စီးနင်းတိုက်ခိုက်ဖို့အတွက် ဩဂုတ် (၃၀) ရက်မှာ စစ်ကောင်စီတပ်က အင်အားသုံးရာလောက်နဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ Upper Minhla P.D.F ကထုတ်ပြန်ပါတယ်။
အဲ့ဒီလို ထိုးစစ်ဆင်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အလစ်အငိုက်မိတဲ့ သဘောဖြစ်တဲ့အတွက် အခြေစိုက်စခန်းနဲ့ စခန်းကိုလာတဲ့ လမ်းကြောင်းတွေမှာ နင်းမိုင်း၊ တိုက်မိုင်းတွေနဲ့ စွန့်လွှတ်မိုင်းတွေထောင်ခဲ့ပြီး စခန်းကိုစွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲ့ဒီမိုင်းကွင်းနဲ့ စခန်းပတ်ချာလည်က မိုင်းတွေနင်းမိလို့ ဆယ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာကြောင့် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ Upper Minhla P.D.F ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ခွာစစ်ကို အသုံးပြုခဲ့တာကြောင့် အထိအခိုက်၊ အကျအဆုံး မရှိဘဲ စခန်းကနေ ယာယီဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုင်ကယ် သုံးစီး၊ ဓာတ်ဆီ ငါးပုံး၊ လက်လုပ်မိုင်း သုံးလုံး၊ မီးစက်၊ ကြိုးခွေစတဲ့ ပစ္စည်းတချို့တော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Zawgyi(version)
မင္းလွ PDF စခန္းကို စစ္တပ္က စီးနင္းဖို႔ ႀကိဳးစား၊ နင္းမိုင္းေတြေၾကာင့္ ဆယ္ဦးေသ
မင္းလွၿမိဳ႕က ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ အေျခစိုက္စခန္းတခုကို စစ္တပ္က စီးနင္းတိုက္ခိုက္ရာမွာ ကာကြယ္ေရးတပ္ေတြရဲ႕ နင္းမိုင္းေတြေၾကာင့္ စစ္ေကာင္စီတပ္ဘက္က ဆယ္ဦးေသၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔သိရပါတယ္။
မင္းလွ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕နဲ႕ မဟာမိတ္တပ္ဖြဲ႕ေတြရဲ႕ အေျခစိုက္စခန္းတခုကို စီးနင္းတိုက္ခိုက္ဖို႔အတြက္ ဩဂုတ္ (၃၀) ရက္မွာ စစ္ေကာင္စီတပ္က အင္အားသုံးရာေလာက္နဲ႕ ထိုးစစ္ဆင္ခဲ့တယ္လို႔ Upper Minhla P.D.F ကထုတ္ျပန္ပါတယ္။
အဲ့ဒီလို ထိုးစစ္ဆင္လာခ်ိန္မွာ ကာကြယ္ေရးတပ္ဖြဲ႕ေတြအေနနဲ႕ အလစ္အငိုက္မိတဲ့ သေဘာျဖစ္တဲ့အတြက္ အေျခစိုက္စခန္းနဲ႕ စခန္းကိုလာတဲ့ လမ္းေၾကာင္းေတြမွာ နင္းမိုင္း၊ တိုက္မိုင္းေတြနဲ႕ စြန႔္လႊတ္မိုင္းေတြေထာင္ခဲ့ၿပီး စခန္းကိုစြန႔္ခြာခဲ့ရတယ္လို႔ သိရပါတယ္။
စစ္ေကာင္စီတပ္ေတြဟာ အဲ့ဒီမိုင္းကြင္းနဲ႕ စခန္းပတ္ခ်ာလည္က မိုင္းေတြနင္းမိလို႔ ဆယ္ဦးေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့တာေၾကာင့္ အေလာင္းေတြနဲ႕ ဒဏ္ရာရသူေတြကို သယ္ေဆာင္ၿပီး ျပန္ဆုတ္ခြာသြားတယ္လို႔ Upper Minhla P.D.F ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေဒသကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြကေတာ့ ခြာစစ္ကို အသုံးျပဳခဲ့တာေၾကာင့္ အထိအခိုက္၊ အက်အဆုံး မရွိဘဲ စခန္းကေန ယာယီဆုတ္ခြာနိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီျဖစ္စဥ္အတြင္း စစ္ေကာင္စီတပ္က ရမ္းသမ္းပစ္ခတ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ဆိုင္ကယ္ သုံးစီး၊ ဓာတ္ဆီ ငါးပုံး၊ လက္လုပ္မိုင္း သုံးလုံး၊ မီးစက္၊ ႀကိဳးေခြစတဲ့ ပစၥည္းတခ်ိဳ႕ေတာ့ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။