“ကျွန်မပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့အသံလေးကြားချင်လှပါပြီ ” ဆိုတဲ့ Hip Hop အဆိုတော်… see more

ဟစ်ဟော့အဆိုတော် G Fatt ဟာ ပရိတ်သတ်အားပေးမှု့ကို တခဲနက်ရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

ဘဝကို သုညကနေစတင်လာပြီး နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့တဲ့ G Fatt ဟာ လူငယ်ပရိသတ်တွအတွက်ကတော့ စံပြပါပဲ။

ဒါကြောင့်လဲ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ဘဝစာမျက်နှာတွေကို သီချင်းတွေထဲမှာ ထည့်ရေးလေ့ရှိတာကို ချစ်တဲ့ပရိသတ်ကြီးလဲ သတိထားမိမယ် ထင်ပါတယ်။

ဒါအပြင် သူ့ရဲ့ ကာရံလှလှလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးကလဲ ပရိသတ်တွေရင်ထဲကိုရောက်ရှိခဲ့ပြီး အတော်လေးနာမည်ကြီးခဲ့ပါတယ်Gfattကတော့ လူထုလှုပ်ရှားမှု့တွေမှာတက်ကြွစွာပါ၀င်ခဲ့တကြောင့် ပုဒ်မ ၅၀၅(က) အရေးယူခံခဲ့ရပါတယ်။

ဒါကြောင့် အနုပညာလှုပ်ရှားမူ့တွေမရှိတော့တဲ့ G Fatt ဟာ ဝင်ငွေမရှိဘဲ မိသားစုရပ်တည်နိုင်အောင် ကြိုးစားနေရပါတယ်။

Gfatt ဟာ ပြည်သူတွေအားလုံးက ချစ်ရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြလာခဲ့ပတယ်။

“ကျွန်မပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့အသံလေးကြားချင်လှပါပြီ …..” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ကဖော်ပြလာတာပဲ ဖြစ်ပါတယ်။

GFatt ကတော့ နိုင်ငံခေါင်းဆောင်ကြီးတွေ ပြည်သူတွေ အရှေ့ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်ချက် ကြီးစွာ စောင့်မျှော်နေတာကို တွေ့ရပါတယ်။

Zawgyi(version)







